top of page


မင်းတပ်ကို ရက်ပေါင်း ၇၀ ကျော်အတွင်းမှာ အကြမ်းဖက်စစ်တပ်က အကြိမ်ပေါင်း ၄၄၀ ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့
VOC/ June 22, 2026 ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့ကို အကြမ်းဖက်စစ်တပ်က ရက်ပေါင်း ၇၀ ကျော်အတွင်းမှာ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ၄၄၀ ကြိမ်ပြုလုပ်ခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ကထုတ်ပြန်ပါတယ်။ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ ကောက်ယူထားတဲ့မှတ်တမ်းအရ ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်ကနေ ဇွန်လ ၂၂ ရက်နေ့ အထိ ရက်ပေါင်း ၇၃ ရက်အတွင်းမှာ အကြမ်းဖက်စစ်တပ်က မင်းတပ်မြို့ကို ၄၄၀ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။ လေကြောင်းပျံသန်းမှု ၁၆၈ ကြိမ်ခန့်ရှိခဲ့ပြီး ဇွန်လ ၂၁ တရက
Jun 25


ခါမ်းပါတ်မြို့နဲ့ ကနန်ရွာကို အကြမ်းဖက်စစ်တပ်က ၂ ရက်ဆက်တိုက်ဗုံးကြဲ၊ ပြည်သူတစ်ဦးသေဆုံး၊ တစ်ဦးသတ်ဖြတ်ခံရ
VOC/ June 22, 2026 ကလေး-တမူးကားလမ်းမပေါ်မှာတည်ရှိတဲ့ ခါမ်းပါတ်မြို့ နဲ့ ကနန်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ၁၀ ကြိမ်ထက်မနည်း ၂ ရက်ဆက်တိုက်ဗုံးကြဲခဲ့ပြီး ကနန်ကျေးရွာက အရပ်သားပြည်သူတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါ တယ်။ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာတည်ရှိပြီး စစ်ရေး နဲ့ စီပွားရေးအရ အချက်အချက်ကျတဲ့ ခါမ်းပါတ်မြို့ကို အကြမ်းဖက်စစ်တပ်က ဇွန်လ ၇ ရက်နေ့ကစပြီး ကလေးမြို့ နဲ့ တမူးမြို့ဘက်ကနေ စစ်အင်အားအလုံး အရင်းဖြင့် ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ ဇွန်လ ၂၀ ရက်နေ့မှာတော
Jun 25


အမေရိကန်-အီရန် ဆွေးနွေးပွဲတွင် တိုးတက်မှုရရှိပြီး IAEA နျူလက်နက်စစ်ဆေးသူများ ဝင်ရောက်စစ်ဆေးမည်ဖြစ်ကြောင်း အမေရိကန်ဒုသမ္မတကြေညာ
VOC/ June 22, 2026 ဆွစ်ဇာလန်နိုင်ငံ Bürgenstock မှာ ကျင်းပနေတဲ့ အမေရိကန်-အီရန် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ အရေးပါတဲ့တိုးတက်မှုတွေ ရရှိလာတယ်လို့ အမေရိကန် ဒုသမ္မတ JD Vance က ပြောကြားလိုက်ပြီး ကုလသမဂ္ဂ လက်အောက်ခံ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ (IAEA) စစ်ဆေးရေးမှူးတွေက အီရန်နိုင်ငံတွင်း ပြန်လည်ဝင်ရောက်စစ်ဆေးမယ်လို့ အတည်ပြုပြောဆိုပါတယ်။ အီရန်ဘက်က ညှိနှိုင်းရေးအဖွဲ့ဝင်တွေဟာ ၁၈ နာရီကြာ အပြင်းအထန် ဆွေးနွေးမှုများအပြီး ဆွစ်ဇာလန်က အီရန်ကို ပြန်လည်ထွက်ခွာသွားပေမယ့် နှစ်နိုင်ငံကြားက I
Jun 25


အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌဟောင်း Alan Greenspan အသက် ၁၀၀ အရွယ်မှာ ကွယ်လွန်
VOC/ June 22, 2026 အမေရိကန် ဗဟိုဘဏ် (Federal Reserve) ဥက္ကဋ္ဌဟောင်း Alan Greenspan ဟာ ပါကင်ဆန်ရောဂါ ရဲ့ နောက်ဆက်တွဲ ဝေဒနာများကြောင့် ဇွန်လ ၂၂ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တယ်လို့ သူ့ရဲ့ ဇနီးဖြစ်သူ Andrea Mitchell က ပြောဆိုပါတယ်။ ကွယ်လွန်ချိန်မှာ သူဟာ အသက် (၁၀၀) ရှိပြီ ဖြစ်ပါတယ်။ Andrea Mitchell က “ကျွန်မအတွက်တော့ သူဟာ ၁၉၈၄ ခုနှစ် ကျွန်မတို့ ပထမဆုံး ချိန်းတွေ့ခဲ့တဲ့နေ့ကစလို့ ကျွန်မရဲ့ ဘဝကို ပုံဖော်ပေးခဲ့တဲ့ ခင်ပွန်းသည်တစ်ဦးပါ။ သူဟာ ဘေ့စ်ဘော၊ ဝါရှင်တန် ကွန်မန်ဒါးစ် (Washington Comm
Jun 25


နော်ဝေးပရိသတ်များ Times Square မှာ “Viking Row” ဖြင့် အသင်းကို အားပေး
VOC/ Sports/ June 22, 2026 ၂၀၂၆ ကမ္ဘာ့ဖလား Group I ပွဲစဉ်တွင် ဆီနီဂေါအသင်းနှင့် ရင်ဆိုင်မည့် နော်ဝေးအသင်းကို အားပေးရန် နော်ဝေးပရိသတ်ရာပေါင်းများစွာက နယူးယောက်မြို့ Times Square တွင် စုဝေးခဲ့ကြပြီး နာမည်ကျော် “Viking Row” အားပေးပုံစံဖြင့် မြို့လယ်ကို စည်ကားစေခဲ့ကြပါတယ်။ နော်ဝေးအသင်းဟာ အဖွင့်ပွဲစဉ်တွင် အီရတ်အသင်းကို ဂိုးပြတ်အနိုင်ရထားပြီး Group I အုပ်စုထိပ်ဆုံးတွင် ရပ်တည်နေပါတယ်။ ပွဲမတိုင်မီ နယူးယောက်မြို့လယ်၌ ပရိသတ်များ၏ အားပေးမှုကလည်း ကမ္ဘာ့ဖလားပွဲတော်အငွေ့အသက်ကို ပိုမိုမြင့်
Jun 25


NUG လက်အောက်ခံတပ်ဖွဲ့က PLA စခန်းကိုဝင်စီး၊ ဖမ်းဆီးထားတဲ့ ဒလန်လွှဲပြောင်းရန် နဲ့ မြင်းခြံခရိုင်ကနေ PLA တပ်တွေထွက်ခွါခိုင်း
VOC/ June 22, 2026 အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက် မြင်းခြံခရိုင်ကွက်ကဲရေးအဖွဲ့က ပြည်သူ့လွတ်မြောက်ရေးတပ် မတော် PLA အထိုင်စခန်းကို ဒီကနေ့ဇွန်လ ၂၂ ရက်နေ့မှာဝင်ရောက်စီးနင်းမှုပြုလုပ်ခဲ့တယ်လို့ PLA က သတင်းထုတ် ပြန်ပါတယ်။ မြင်းခြံခရိုင်အတွင်း ကျေးရွာ ၂ ရွာက PLA အထိုင်စခန်းကို မြင်းခြံခရိုင်ကွက်ကဲရေးအဖွဲ့က ဦးဆောင်ကာ Faw ကား ၂ စီး၊ Probox ကားတစ်စီးနဲ့ ခန့်မှန်းအင်အား ၈၀ ဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး PLA ကို ကူညီထောက်ပံ့နေတဲ့ ပြည်သူ့ နေအိမ် တွေကို ဝင်ရောက်ရှာဖွေတာ၊ အရပ်သားပြည်သူ
Jun 25


လာမင်း ယာမားလ် ပထမဆုံး ကမ္ဘာ့ဖလားပွဲထွက်မှာ ဂိုးသွင်း၊ စပိန်က ဆော်ဒီအာရေဗျကို ၄-၀ ဖြင့် ဂိုးပြတ်အနိုင်ရ
VOC/ Sports/ June 22, 2026 စပိန်လူငယ်ကြယ်ပွင့် လာမင်း ယာမား (Lamine Yamal) ဟာ ပထမဆုံး ပွဲထွက်ကစားခွင့်ရတဲ့ ကမ္ဘာ့ဖလား ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး စပိန် က ဆော်ဒီအာရေဗျ ကို ၄-၀ ဂိုးဖြင့် အပြတ်အသတ် အနိုင်ရကာ ယခင် Cape Verde နဲ့ ဂိုးမရှိသရေကျခဲ့မှုအပေါ် ထွက်ပေါ်ခဲ့တဲ့ ဝေဖန်မှုတွေကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပါတယ်။ ပရိသတ် ၆၈,၂၃၉ ကျော် တက်ရောက်အားပေးခဲ့တဲ့ Atlanta မြို့ရှိ Mercedes-Benz Stadium မှာ ယာမားလ် ဟာ ပွဲစပြီး ၁၁ မိနစ်မှာ အိုယာဇာဘယ်ရဲ့ ဖြတ်တင်ဘောကို အနီးကပ် ပိတ်သွင
Jun 25


ဗြိတိန်ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာ
*၇ နှစ်အတွင်း ၅ ယောက်မြောက်ရာထူးစွန့်လွှတ်ရသည့် ဝန်ကြီးချုပ်ဖြစ်လာ VOC/ June 22, 2026 ဗြိတိန်ဝန်ကြီးချုပ် Keir Starmer ဟာ ရာထူးမှ နုတ်ထွက်တော့မယ်လို့ ဇွန်လ ၂၂ ရက် မနက်ပိုင်းက တရားဝင်ကြေညာချက်ထုတ်ပြန်လိုက်ပြီး သူဟာ (၇) နှစ်အတွင်း ရာထူးကို စွန့်လွှတ်တဲ့ (၅)ယောက်မြောက် ဗြိတိန်ဝန်ကြီးချုပ်ဖြစ်ပါတယ်။ Starmer က မိန့်ခွန်းအဆုံးသတ်ပိုင်းမှာ ဝန်ကြီးချုပ်ကတော်ဖြစ်တဲ့ Lady Victoria Starmer ကို "အကောင်း၊ အဆိုး အခြေအနေအားလုံးမှာ ကျွန်တော့်အနားမှာ ကျောက်ဆောင်တစ်ချပ်လို အမြဲရှိနေပေးခဲ့လို့
Jun 25


နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)ရဲ့ အမည်ပျက်စာရင်းထဲ မြန်မာဆက်ရှိနေ
VOC/ June 22, 2026 နိုင်ငံတကာငွေ ကြေး ခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)က မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာအမည်ပျက်နိုင်ငံ (Black Lists ) စာရင်းထဲ ဆက်လက်ထားရှိကြောင်းသိရပါတယ်။ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ဇွန်လ ၁၉ ရက်က ကျင်းပတဲ့ FATF ရဲ့ အစည်းအဝေးမှာ ခုလိုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မြန်မာမှာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနဲ့ အကြမ်းဖက်မှုဖြစ်စေတဲ့ထောက်ပံ့မှုတွေကို တိုက်ဖျက်ရာမှာ တိုးတက်မှု အရိပ်အယောင်မြင်ရပေမဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ ဆိုက်ဘာရာဇဝတ်မှုအန္တရာယ်တွေဆက်လက်မြင့်မားနေတာကြေ
Jun 25


ဆန်ဒီယေဂို ခရိုင်က ချင်းနှင့် မြန်မာရွှေ့ပြောင်းအခြေချများ အများအပြား လုပ်ကိုင်နေသည့် Sushi Franchise ကုမ္ပဏီများကို အလုပ်သမားအမြတ်ထုတ်မှုဖြင့် တရားစွဲ
* တရားစွဲခံရသည့် ကုမ္ပဏီများတွင် Ace Sushi Franchise Corp.၊ Asiana Management Group၊ Advanced Fresh Concepts Franchise Corp.၊ Fujisan Franchising နှင့် Fuji Food Products တို့ ပါဝင် VOC/ International/ June 21, 2026 အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆန်ဒီယေဂို ခရိုင်အလုပ်သမားစံနှုန်းနှင့် ဥပဒေလိုက်နာမှုရုံး (OLSE) က ကုန်စုံဆိုင်များအတွင်း Sushi ကောင်တာများ ဖွင့်လှစ်လုပ်ကိုင်နေသော franchise ကုမ္ပဏီအချို့ကို အလုပ်သမားများအား အမြတ်ထုတ်ခဲ့သည်ဟု စွပ်စွဲကာ တရားစွဲဆိုလိုက်ပါ
Jun 25


အကြမ်းဖက်စစ်တပ်က အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခဲ့တဲ့ တပ်သား (၁၆)ဦး ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့(KNDO) ထံအလင်း၀င်
VOC/ June 21, 2026 အကြမ်းဖက်စစ်တပ်က အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခဲ့တဲ့ တပ်သား ၁၆ ဦးဟာ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO တပ်ရင်း ၃ ထံ အလင်းဝင်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ကော့သောင်း ခလရ-၅၉၅ တပ်ရင်းမှ တပ်သား ၅ ဦးဖြစ်တဲ့ မောင်ဝေယံ (၁၈) နှစ်၊ စအိုင်ခန့် (၂၁) နှစ်၊မောင်နေလင်းထွန်း (၃၀) နှစ် ၊ မောင်ကောင်းမင်းသန့် (၂၃) နှစ် နဲ့ မောင်သိန်းဇော် (၁၈) နှစ်တို့ဟာ KNDO တပ်ရင်း ၃ ထံ အလင်းဝင်ရောက်ခဲ့ကြတာလို့ KNU ဗဟိုကထုတ်ပြန်ပါတယ်။ အလားတူ ဇွန်လ ၁၅ ရက်နေ့မှာလည်း ပေါက
Jun 25


မင်းတပ် နဲ့ ကန်ပက်လက်ကို အကြမ်းဖက်စစ်တပ်က တစ်ရက်တည်းဗုံးအလုံး ၇၀ ကျော်ကြဲချပြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်
VOC/ June 21, 2026 ချင်းပြည် မင်းတပ် နဲ့ ကန်ပက်လက်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်ပြီး ဒီကနေ့ တစ်ရက်တည်းမှာပင် ဗုံးအလုံး ၇၀ ကျော်ကြဲချခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ဇွန်လ ၂၁ ရက် တနင်္ဂနွေ မနက် ၁၁ နာရီ ၄၆ မိနစ်မှ နေ့လယ် ၁၂ နာရီ ၅၄ မိနစ်အကြားမှာ မင်းတပ်မြို့အနီး တဝိုက်ကို တံတားဦးလေတပ်ကနေတက်လာတဲ့ Y12 လေယာဉ်ဖြင့် ၅ လုံးတွဲဗုံး ၁၇ ကြိမ်၊ ဗုံးအလုံးရေ ၆၀ ကျော် ကြဲချခဲ့တယ်လို့ မင်းတပ်ဒေသခံကပြောပါတယ်။ အဲဒီနောက် ညနေပိုင်း ၆ နာရီ ၂၀ မိနစ်ကနေ ၆ နာရီ ၄၈ မိနစ်အကြားမှာ
Jun 25


အမေရိကန်-အီရန် MoU အကောင်အထည်ဖော်ရေး ဆွေးနွေးပွဲ ဆွစ်ဇာလန်တွင် စတင်၊ ဗန့်စ်က “အရှေ့အလယ်ပိုင်းကို ပြောင်းလဲမည်” ဟု ပြော
VOC/ International/ June 21, 2026 အမေရိကန်နှင့် အီရန်တို့ကြား လက်မှတ်ရေးထိုးခဲ့သော ၁၄ ချက်ပါ နားလည်မှုစာချွန်လွှာ (MoU) ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ဆွစ်ဇာလန်နိုင်ငံ ဘာဂန်စတော့ခ် (Bürgenstock) တွင် အဆင့်မြင့် ဆွေးနွေးပွဲများကို ဇွန်လ ၂၁ ရက်က စတင်ကျင်းပနေပါတယ်။ အမေရိကန် ဒုသမ္မတ JD Vance ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တွင် Steve Witkoff နှင့် Jared Kushner တို့ ပါဝင်နေပြီး အီရန်ဘက်မှ လွှတ်တော်ဥက္ကဋ္ဌ Mohammad Bagher Ghalibaf နှင့် နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi တို့က...
Jun 25


ဆာမူရိုင်းက တူနီးရှားကို ၄ ဂိုးပြတ်အနိုင်ယူ၊ ကာမာဒါရဲ့ ၄ မိနစ်ဂိုးက ဂျပန်အသင်းရဲ့ကမ္ဘာ့ဖလားအမြန်ဆုံးဂိုးအဖြစ် မှတ်တမ်းဝင်
(Japan 4-0 Tunisia) VOC/ Sports/ June 21, 2026 ၂၀၂၆ ကမ္ဘာ့ဖလား Group F ပွဲစဉ်မှာ ဂျပန်အသင်းက တူနီးရှားအသင်းကို ၄-၀ ဂိုးဖြင့် အပြတ်အသတ် အနိုင်ယူခဲ့ပါတယ်။ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ၁,၀၀၀ မြောက်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဒီပွဲမှာ ဂျပန်အသင်းက အစကတည်းက အသာစီးယူကစားခဲ့ပြီး ဒိုင်ချီ ကာမာဒါက ၄ မိနစ်မှာ သွင်းယူခဲ့တဲ့ဂိုးဟာ ဂျပန်အသင်းရဲ့ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အမြန်ဆုံးဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အယာဆဲ အူအဲဒါက နှစ်ဂိုးသွင်းယူခဲ့ပြီး ဂျွန်ယာ အီတိုကလည်း တစ်ဂိုးထပ်မံသွင်းယူကာ ဂျ
Jun 25


ဂိုး၁၅ ကြိမ်ကာကွယ် နိုင်ခဲ့တဲ့ ဂိုးသမား Eloy Room လက်စွမ်းကြောင့် ကူရာဆာအို ပထမဆုံး ကမ္ဘာ့ဖလားအမှတ်ကို ရယူ
(Curaçao 0-0 Ecuador) VOC/ Sports/ June 21, 2026 ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ဂျာမနီကို ၇-၁ ဂိုးနဲ့အပြတ်အသတ်ရှုံးနိမ့်ခဲ့တဲ့ ကူရာဆာအိုအသင်းဟာ တစ်ပတ်အကြာမှာတော့ အီကွေဒေါအသင်းကို ၀-၀ ဂိုး သရေကစားပြီး နိုင်ငံသမိုင်းတစ်လျှောက် ပထမဆုံး ကမ္ဘာ့ဖလားအမှတ်ကို ရယူနိုင်ခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် ဂိုးသမား အယ်လိုင်း ရုမ်း ဟာ အီကွေဒေါရဲ့ ဂိုးပေါက်တည့် ကန်ချက် ၁၅ ကြိမ်ကို ကာကွယ်နိုင်ခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလားတွင် အမေရိကန်ဂိုးသမား တင်မ် ဟောင်းဝပ် (Tim Howard) စိုက်ထူခဲ့သည့် Save ၁၆ ကြိမ် စံချိန်နောက
Jun 25


ဒုသမ္မတ JD Vance ဆွစ်ဇာလန်သို့ ထွက်ခွာ၊ အမေရိကန်-အီရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် နျူကလီးယားအရေးနှင့် လက်ဘနွန်အပစ်ရပ်ရေး အဓိကဆွေးနွေးမည်
VOC/ International/ June 20, 2026 အမေရိကန် ဒုသမ္မတ JD Vance ဟာ ဇွန်လ ၂၀ ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ Bürgenstock Resort သို့ ထွက်ခွာသွားခဲ့ပြီး အမေရိကန်နဲ့ အီရန်ကြား ရေရှည်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ Vance က သတင်းထောက်တွေကို ပြောကြားရာမှာ အဓိက ဦးစားပေးဆွေးနွေးမယ့် အကြောင်းအရာနှစ်ခုက အီရန်နျူကလီးယားအစီအစဉ်နဲ့ လက်ဘနွန် အပစ်အခတ်ရပ်စဲရေး ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ “နျူကလီးယားကိစ္စနဲ့ လက်ဘနွန်အပစ်ရပ်ရေးမှာ တိုးတက်မှုရဖို့ မျှော်လင့်ထားတယ်” လို့
Jun 25


ခါမ်းပါတ်မြို့ကို အကြမ်းဖက်စစ်တပ်က ပြန်လည်ထိန်းချုပ်
VOC/ June 20, 2026 အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပါတ်မြို့ကို အကြမ်းဖက်စစ်တပ်က ဒီကနေ့ ဇွန်လ ၂၀ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ အကြမ်းဖက်စစ်တပ်ကထုတ်ပြန်ပါတယ်။ ကလေး-တမူး ကားလမ်းပေါ်မှာတည်ရှိပြီး အချက်အချာကျတဲ့ ခါမ်းပါတ်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့က သိမ်းပိုက်ပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။ သို့သော်လည်း အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မေလကုန်ပိုင်းက အိန္ဒိယနိုင်ငံကိုသွားရေ
Jun 20


ထန်တလန်မြို့ထဲမှာ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတယ်လို့ CDF-Thantlang က အသိပေးထုတ်ပြန်
VOC/ June 20, 2026 ချင်းပြည် ထန်တလန်မြို့မှာ ဇွန်လ ၁၀ ရက်ကနေ ၁၉ ရက်နေ့အထိ နေ့စဉ်ရက်ဆက်တိုက်ပွဲများဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်ဘက်က ဒဏ်ရာရ သေဆုံးမှုအများအပြားရှိခဲ့တယ်လို့ CDF-Thantlang က ပြောပါတယ်။ ထန်တလန်မြို့တွင်း တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး CDF-Thantlang က မနေ့ဇွန်လ ၁၉ ရက်ညက အသိပေးထုတ်ပြန်လာတာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ အင်အား ၄၀၀ ဝန်းကျင်ဖြင့် ဇွန်လ ၄ ရက်နေ့က ဟားခါးမြို့ကနေ ထန်တလန်ဘက်ကို ကား ၄ စီးဖြင့် ထွက်လာခဲ့ပြီး ဟားခါး နဲ့ ထန်တလန်ကြားမှာ တစ်ပတ်ကြာ ကြားဖြတ်ပိတ်ဆို
Jun 20


ကျင်ဒွေးမြို့ကို အကြမ်းဖက်စစ်တပ်က ညသန်းခေါင်ယံမှာလေကြောင်းဖြင့် ဗုံးကြဲ၊ အရပ်သား ၆ ဦးသေဆုံး၊ ၁၁ ဦးပြင်ထန်ဒဏ်ရာရ
VOC/ June 20, 2026 ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အကြမ်းဖက်စစ်တပ်က မနေ့ညသန်းခေါင်ယံမှာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာမှာ အရပ်သားပြည်သူ ၆ ဦးသေဆုံးပြီး ၁၁ ဦးမှာပြင်းထန်ဒဏ်ရာရရှိခဲ့တယ် လို့ သိရပါတယ်။ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျင်ဒွေးမြို့ကို မနေ့ဇွန်လ ၁၉ ရက် ည ၁၁ နာရီခွဲဝန်းကျင်မှာ မြေပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ယခုညနေပိုင်းမှာသတင
Jun 20


Donny ဘဲလေးလည်း မကယ်နိုင်၊ ကမ္ဘာ့ဖလားရဲ့ အမြန်ဆုံးဂိုးနဲ့ မော်ရိုကိုက စကော့တလန်ကို ၁-၀ နှင့် အနိုင်ရ
VOC/ June 19 2026 စကော့တလန်ပရိသတ်တွေရဲ့ အသည်းစွဲအဆောင်အယောင်ဖြစ်တဲ့ "Donny" (Dawn the Duck) ဘဲလေးကတော့ ဒီတစ်ကြိမ်မှာတော့ အသင်းအတွက် ကံကောင်းခြင်းတွေ သယ်ဆောင်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ ဘော်စတွန်မှာ ကျင်းပခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (C) ပွဲစဉ်မှာ စကော့တလန်အသင်းဟာ မော်ရိုကိုအသင်းကို ၁-၀ ဂိုးနဲ့ ရှူံးနိမ့်သွားခဲ့ရပါတယ်။ ပွဲအစပြုပြီး စက္ကန့် ၇၀ အကြာမှာပဲ မော်ရိုကိုကစားသမား Ismael Saibari က အဖွင့်ဂိုးကို အမိအရ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ လက်ရှိ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ရပ
Jun 20
bottom of page