top of page


ဗင်နီဇွဲလားမှာ အင်အားပြင်းထန်တဲ့ ပြင်းအား ၇.၂ နှင့် ၇.၅ ငလျင်နှစ်ကြိမ်ဆက်တိုက်လှုပ်ခတ်
VOC/ June 25, 2026 ဗင်နီဇွဲလားနိုင်ငံမှာ ဇွန်လ ၂၄ ရက် ညနေပိုင်းက အင်အားပြင်းထန်တဲ့ ငလျင်နှစ်ကြိမ် ဆက်တိုက်လှုပ်ခတ်ခဲ့ပြီး မြို့တော် ကာရာကတ်စ်က အဆောက်အအုံတချို့ ပြိုကျပျက်စီးခဲ့ပါတယ်။ အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS) ရဲ့ ထုတ်ပြန်ချက်အရ ပထမတကြိမ်ငလျင်က ပြင်းအား ရစ်ခ်တာစကေး ၇.၂ ရှိပြီး ငလျင်ဗဟိုချက်မှာ ကာရစ်ဘီယံကမ်းရိုးတန်းတစ်လျှောက်က မိုရွန်မြို့ အနောက်ဘက်၊ မြို့တော်ကာရာကတ်စ်ရဲ့ အနောက်ဘက် ၁၆၈ ကီလိုမီတာ (၁၀၄ မိုင်) ခန့်အကွာမှာ တည်ရှိပါတယ်။ အဆိုပါငလျင်ဟာ မြေအောက်အနက် ၁၃ ကီလိ
Jun 25


ထရမ့်၏ အီရန်စစ်ပွဲကို ကန့်သတ်မည့် ‘စစ်ပွဲအာဏာဆုံးဖြတ်ချက်’ ကို ကန်အထက်လွှတ်တော် အတည်ပြု
VOC/ International/ June 24, 2026 အမေရိကန်အထက်လွှတ်တော်က သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်အပေါ် စစ်ရေးဆောင်ရွက်မှုများကို ကန့်သတ်ရန် ရည်ရွယ်သည့် War Powers Resolution ကို ဇွန်လ ၂၃ ရက်နေ့တွင် မဲ ၅၀-၄၈ ဖြင့် အတည်ပြုလိုက်ပြီး ထရမ့်အစိုးရအတွက် နိုင်ငံရေးအရ ထိုးနှက်ချက်အသစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်အရ ကွန်ဂရက်၏ ခွင့်ပြုချက်မရှိဘဲ အီရန်အပေါ် နောက်ထပ် စစ်ရေးတိုက်ခိုက်မှုများ မပြုလုပ်သင့်ကြောင်း ဖော်ပြထားပြီး ရီပတ်ဘလီကန် အမတ် ၄ ဦးဖြစ်တဲ့ Bill Cassidy, Susan Collins, Lisa Murkowski
Jun 25


အင်္ဂလန်ကို ဂိုးမရှိသရေကစားနိုင်ခဲ့တဲ့ ဂါနာ၊ နည်းပြ ကွဲရော့ဇ်က VAR ကို လှောင်ပြောင်
VOC/ Sports/ June 24, 2026 ၂၀၂၆ ကမ္ဘာ့ဖလား Group L ဒုတိယပွဲစဉ်မှာ အင်္ဂလန်အသင်းနဲ့ ဂါနာအသင်းတို့ ၀-၀ ဂိုးမရှိ သရေကျခဲ့ပြီး အင်္ဂလန်အသင်းရဲ့ ချန်ပီယံဆုစိန်ခေါ်နိုင်စွမ်းအပေါ် စိုးရိမ်မှုတွေ ထပ်မံမြင့်တက်လာခဲ့ပါတယ်။ Foxborough မြို့ရှိ Gillette Stadium မှာ ကစားခဲ့တဲ့ပွဲမှာ အင်္ဂလန်က ဘောလုံးပိုင်ဆိုင်မှု ၇၉ ရာခိုင်နှုန်းအထိ အသာစီးရခဲ့ပေမယ့် ဂါနာရဲ့ စနစ်တကျ ခံစစ်ကစားပုံကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ အင်္ဂလန်ဟာ ပွဲချိန် ၅၇ မိနစ်ရောက်မှ ပထမဆုံး ဂိုးပေါက်တည့်တဲ့ ကန်ချက် ရရှိခဲ့ပြီး အဆ
Jun 25


မြန်မာမှာ အမျိုးသမီး ၁၀ ဦးမှာ ၄ ဦးက ဝင်ငွေလုံးဝမရှိကြဟု ကုလသမဂ္ဂပြော
VOC/ June 24, 2026 မြန်မာနိုင်ငံရဲ့ ပဋိပက္ခဒဏ်ခံ စီးပွားရေးအခြေအနေကြောင့် မညီမျှမှုတွေ ပိုမိုနက်ရှိုင်းလာပြီး အမျိုး သမီး ၁၀ ဦးမှာ ၄ ဦးက ဝင်ငွေလုံးဝမရှိကြဘူးလို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီစဉ် UNDP နဲ့ UN Women တို့က မနေ့က ပူးတွဲ အစီရင်ခံ ထုတ်ပြန်ပါတယ်။ "မြန်မာ့စီးပွားရေး အကျပ်အတည်းများကြားမှ အမျိုးသမီးများ၏ လူနေမှုဘဝ” အမည်ရှိ အစီရင်ခံစာကို UNDP နဲ့ UN Women အဖွဲ့တို့က ဇွန်လ ၂၃ ရက်နေ့က ပူးတွဲထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ အစုလိုက်အပြုံလိုက်...
Jun 25


အမေရိကန်နှင့် နောက်ဆုံးသဘောတူညီချက်ရပြီးမှသာ IAEA စစ်ဆေးရေးမှူးများကို ခွင့်ပြုမည်ဟု အီရန်ပြော
VOC/ International/ June 24, 2026 အီရန်နိုင်ငံက ကုလသမဂ္ဂ လက်အောက်ခံ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ နျူကလီးယားစစ်ဆေးရေးမှူးများကို အမေရိကန်နှင့် နောက်ဆုံးသဘောတူညီချက် ရရှိပြီးမှသာ နိုင်ငံအတွင်း ဝင်ရောက်စစ်ဆေးခွင့်ပြုမည်ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmaeil Baqaei က IAEA စစ်ဆေးမှုများသည် အမေရိကန်နှင့် လက်ရှိဆွေးနွေးနေသည့် နောက်ဆုံးနျူကလီးယားသဘောတူညီချက်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သဘောတူညီချက် အပြီးသတ်မရမချင်
Jun 25


မြန်မာနိုင်ငံမှာအခြေခံပညာ သင်ယူခွင့် ဆုံးရှုံးနေသူ ၆ ဒသမ ၃ သန်းကျော်ရှိ
VOC/ June 24, 2026 မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအလွန် စစ်ရေးပဋိပက္ခတွေကြောင့် ကျောင်းပရဝဏ်ကိုစွန့်ခွါပြီး အခြေခံပညာသင်ယူခွင့် ဆုံးရှုံးနေသူ ၆ ဒသမ ၃ သန်းကျော်ထိ ရှိနေတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ဇွန် ၂၃ ရက်နေ့ကထုတ်ပြန်ပါတယ်။ စစ်တပ်အာဏာသိမ်းချိန်ကနေ မြန်မာ့ပဋိပက္ခအကြား ကျောင်းနေအရွယ် ကလေးတွေရဲ့ အခြေခံပညာသင်ကြားခွင့်မှာ အကျပ်အတည်းတွေနဲ ရင်ဆိုင်နေကြရဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ အခြေခံပညာကျောင်းအပ်နှံသူဦးရေ ၆ ဒသမ ၇ သန်းရ
Jun 25


မိုင်းခွဲခံရတဲ့ မဏိပူရမြစ်ကူး(မံဆောင်းတံတား)ရဲ့ အောက်ခြေတိုင်တွေ အင်္ဂတေတွေနဲ့ ပြန်လည်ပြုပြင်
VOC/ June 24, 2026 ချင်းပြည်၊ တီးတိန်မြို့နယ်ထဲက အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကသွေးကြောတစ်ခုဖြစ်တဲ့ မဏိပူရမြစ်ကူး မံဆောင်းတံတား ဖျက်ဆီးခံရမှုကြောင့် လူမှုဘဝနဲ့ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်လုနီးပါးဖြစ်ခဲ့ရပါတယ်။ ချင်းပြည်မြောက်ပိုင်း တီးတိန်မြို့နဲ့ ဟွာလ်းငိုးရမ်းဒေသ ရိခေါဒါရ်မြို့ကိုဆက်သွယ်ထားတဲ့ ဒီမံဆောင်းတံတားရဲ့ အောက်ခြေတိုင်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက ပြီးခဲ့တဲ့ဇွန်လ ၇ ရက်နေ့တုန်းက လျှပ်စစ်ရှော့တိုက်မိုင်း တွေ နဲ့ ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။ အဆိုပါ မိုင်းခွဲခံရမှ
Jun 25


ရော်နယ်ဒို သမိုင်းဝင်နှစ်ဂိုးသွင်း၊ ပေါ်တူဂီက ဥဇဘက်ကစ္စတန်ကို ၅-၀ ဂိုးဖြင့် အပြတ်အသတ်အနိုင်ရ
VOC/ Sports/ June 23, 2026 ပေါ်တူဂီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား Group K ပွဲစဉ်မှာ ဥဇဘက်ကစ္စတန်အသင်းကို ၅-၀ ဂိုးဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး အုပ်စုထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့ပါတယ်။ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒိုက နှစ်ဂိုးသွင်းယူခဲ့ပြီး ပွဲအစ ၆ မိနစ်မှာ João Cancelo ရဲ့ ဖြတ်တင်ဘောကနေ အဖွင့်ဂိုးသွင်းယူခဲ့သလို ၃၉ မိနစ်မှာ Bruno Fernandes ရဲ့ ဖန်တီးပေးမှုကနေ ဒုတိယဂိုး ထပ်မံရယူခဲ့ပါတယ်။ Nuno Mendes က ၁၇ မိနစ်မှာ Free Kick ကနေ လှပတဲ့ဂိုးတစ်ဂိုး သွင်းယူခဲ့ပြီး ဒုတိယပိုင်းမ
Jun 25


“I AM BACK” — ရော်နယ်ဒို ကမ္ဘာ့ဖလား ၆ ကြိမ်ဆက်တိုက် ဂိုးသွင်းပြီး ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းသစ်ကို ရေးထိုး
VOC/ Sports/ June 23, 2026 “အသက်ကြီးလို့ ဂိုးမသွင်းနိုင်တော့ဘူး” ဆိုတဲ့ ဝေဖန်သံတွေကို ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ၂၀၂၆ ကမ္ဘာ့ဖလား Group K ပွဲစဉ်တွင် နှစ်ဂိုးသွင်းယူပြီး “I AM BACK” ဟု ကြွေးကြော်ကာ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ၆ ကြိမ်ဆက်တိုက် ပြိုင်ပွဲများတွင် ဂိုးသွင်းနိုင်သည့် ပထမဆုံး ကစားသမား အဖြစ် စံချိန်သစ် ရေးထိုးခဲ့ပါတယ်။ အသက် ၄၁ နှစ်အရွယ် ရော်နယ်ဒိုဟာ ၂၀၂၆ ကမ္ဘာ့ဖလား Group K ပွဲစဉ်မှာ ပွဲချိန် ၆ မိနစ်မပြည့်ခင် ဂိုးသွင်းယူနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ၆ ကြိမ်
Jun 25


ပြင်သစ်ဒေသအချို့တွင် ဆာဟာရသဲကန္တာရထက်ပင် ပိုပူပြီး၊ တစ်ပတ်အတွင်း ရေနစ်သေဆုံးသူ ၄၀ ဦးရှိ
VOC/ International/ June 23, 2026 ဥရောပနိုင်ငံအများအပြားမှာ အစောပိုင်း နွေရာသီအပူလှိုင်း ပြင်းထန်စွာ ကျရောက်နေပြီး လူသန်းပေါင်းများစွာ အပူဒဏ်ကို ခံစားနေရပါတယ်။ ပြင်သစ်နိုင်ငံမှာတော့ အဲကွန်းအသုံးပြုမှု ကျယ်ကျယ်ပြန့်ပြန့် မရှိခြင်းကြောင့် ပြည်သူများ အပူဒဏ်ကို ပိုမိုခံစားနေရပါတယ်။ အင်္ဂါနေ့က ဥရောပနိုင်ငံအများအပြားတွင် အပူချိန်များ အလွန်အမင်း မြင့်တက်ခဲ့ပြီး ပြင်သစ်နိုင်ငံရှိ မြို့အများအပြားမှာ နေ့ဘက်အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်၊ ၁၀၄ ဒီဂရီဖာရင်ဟိုက် ကျော်အထိ ရောက်ရှိခဲ့ပါတယ်။ အပူရ
Jun 25


စစ်တပ်ရဲ့ Mi-17 ရဟတ်ယာဉ်ကို တော်လှန်ရေးပူးပေါင်းတပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်တဲ့ ရုပ်သံ
VOC/ June 23, 2026 အကြမ်းဖက်စစ်တပ်ရဲ့ Mi-17 စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် (၁) စီး ကို ဒီကနေ့ ဇွန် ၂၃ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အသေခံဒရုန်းဖြင့် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပခုက္ကူခရိုင်ပကဖ၊ ပေါက်ပကဖ၊ မြိုင်ပကဖ၊ မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းသင်တန်းသားတွေနဲ့ MGY-PDF၊ အညာဖိုက်တာ Localတပ်ဖွဲ့၊ စကားပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ပကဖ အသံ က ရုပ်သံနဲ့တကွ ထုတ်ပြ
Jun 25


မင်းတပ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်သားအမိသေဆုံး
VOC/ June 23, 2026 ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့နယ်ထဲမှာ အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ယာထဲ စစ်ဘေးရှောင်နေတဲ့ သားအမိသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ မင်းတပ်မြို့ကို ထိုးစစ်ဆင်နေတဲ့အကြမ်းဖက်စစ်တပ်ဟာ ဇွန်လ ၂၁ ရက်ည ၁၁ နာရီခွဲဝန်းကျင်မှာ မင်းတပ်-ကန်ပက်လက်အစပ် ကျောက်တောင်ရွာအနီးမှာ စစ်ဘေးရှောင်နေကြတဲ့အရပ်သားပြည်သူတွေနေထိုင်တဲ့ တောင်ယာတဲကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂ နှစ်အရွယ်ကလေးငယ်တစ်ဦ
Jun 25


#BreakingNews || မြိုင်ဘက်မှာ စစ်တပ်ရဲ့ Mi 17 ရဟတ်ယာဉ်တစ်စီးကို တော်လှန်းရေးတပ်ဖွဲ့က ပစ်ချ
VOC/ June 23, 2026 မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် တနေရာမှာ အကြမ်းဖက်စစ်တပ်ရဲ့ Mi 17 ရဟတ်ယာဉ်တစ်စီးကို ဒီကနေ့ ဇွန်လ ၂၃ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့မဟာမိတ်အင်အားစုတွေက ပစ်ချနိုင်ခဲ့တယ်လို့ Magway PDF က သတင်း ထုတ်ပြန်ပါတယ်။ ဖြစ်စဉ်အသေးစိတ်အခြေအနေများကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ Magway PDF က ထုတ်ပြန်ပါတယ်။
Jun 25


မင်းတပ်တိုက်ပွဲမှာ CDF-Matupi ရဲဘော်တစ်ဦးကျဆုံး
VOC/ June 23, 2026 ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့နယ်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ ချင်းပြည်သူ့အစည်းအရုံး CPU/CPA အဖွဲ့ဝင် CDF-Matupi ရဲဘော်တစ်ဦး မနေ့က ကျဆုံးသွားတယ်လို့ သိရပါတယ်။ CDF-Matupi တပ်ဖွဲ့က ရဲဘော် ဆလိုင်းဆန်အုပ်လျန်ဟာ မနေ့ဇွန်လ ၂၂ ရက်နေ့က မင်းတပ်မြို့နယ်အတွင်းဖြစ်ပွားတဲ့ တိုက်ပွဲမှာ ကျဆုံးခဲ့ရတာလို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ CDF-Mindat တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့ကို ပြန်လည်သိမ်းပိုက်ဖို့ စစ်အင်အား ထောင်ချီအသုံးပြုပြီး စစ်ကြောင်းထိ
Jun 25


မြိုင်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က စိတ်ရောဂါသည် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦးကို သတ်ဖြတ်
VOC/ June 23, 2026 မကွေးဒေသ၊ မြိုင်မြို့နယ် တောင်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က စိတ်ရောဂါသည်တစ်ဦးအပါ အဝင် ဒေသခံ ပြည်သူ ၅ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ We Love Myaing အဖွဲ့ထံမှသိရပါတယ်။ မိတ္ထိလာအခြေစိုက် တပ်မ ၉၉ နဲ့ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ပူးပေါင်းစစ်ကြောင်းဟာ ဇွန်လ ၁၅ ရက်မှာ ကမ္မဒေသကနေ မြိုင်နယ်တောင်ပိုင်း တွင်းမ ပျူစောထီးရွာကို ဝင်ရောက် အခြေပြုပြီးနောက် တောင်ပိုင်း ကျေးရွာတွေကို စစ်ကြောင်းထိုးဝင် ရောက်လာခဲ့တာလို့ဆိုပါတယ်။ စစ်ကြောင်းထိုးဝင်ရောက်ရာ လမ်းတစ်လျှောက်
Jun 25


Phyu Phyu Kyaw Thein
ပြည်သူချစ်တဲ့ နိုင်ငံကျော်အဆိုတော် ဖြူဖြူကျော်သိန်းက မြန်မာနိုင်ငံအတွင်း မွေးရာပါ အခြေခံအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များ၊ ဘာသာရေးလွတ်လပ်ခွင့်၊ တရားမျှတမှုနှင့် လူသားဂုဏ်သိက္ခာတို့အတွက် အလေးအနက်ထား တိုက်တွန်းထားသည့် ဗီဒီယိုမက်ဆေ့ချ်တစ်ခုကို CHRO တွင် မျှဝေခဲ့ပါတယ်။ “စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ တရားမျှတမှု၊ အပြန်အလှန်လေးစားမှုနဲ့ လူသားချင်းစာနာမှုကနေသာ ဖြစ်ပေါ်လာနိုင်ပါတယ်” ဟု သူမက ပြောကြားထားပြီး အကြမ်းဖက်မှုများ၊ နေရပ်စွန့်ခွာထွက်ပြေးရမှုများနှင့် ဖိနှိပ်မှုများကြား ရင
Jun 25


အကြမ်းဖက်စစ်တပ်က ခြောက်လအတွင်း အရပ်သား ၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့ဟု ကုလသမဂ္ဂ ထုတ်ပြန်
VOC/ June 23, 2026 အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ခြောက်လတာကာလအတွင်းမှာ အရပ် သား ၇၀၀ ကျော် သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် သြဂုတ်လကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ လွှမ်းခြုံတဲ့အစီရင်ခံစာအသစ်တစ်ခုကို ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ဇွန်လ ၂၂ ရက်က ထုတ်ပြန်ခဲ့ရာမှာ အဲဒီကာလအတွင်းမှာ အမျိုးသမီး ၂၂၄ ဦးနဲ့ ကလေးငယ် ၁၅၃ ဦး အပါအဝင် အနည်းဆုံး လူပေါင်း ၇၀၂ ဦး သေဆုံးခဲ့ရတယ်လို့ ခိုင်လုံသော သတင်းရင်း မြစ်တွေက အတည်ပြုထားတယ်လို့ဖော်ပြပါတယ်။ ဒီအစီရင်
Jun 25


ဟာလန်း ၂ ဂိုးသွင်းပြီး နော်ဝေးက ဆီနီဂေါကို ၃-၂ ဖြင့် အနိုင်ရ၊ ၃၂ သင်းရှုံးထွက်အဆင့်ကို နော်ဝေ တက်ရောက်
(Norway 3-2 Senegal) VOC/ Sports/ June 23, 2026 ပွဲပြီးဆုံးတဲ့ခရာမှုတ်သံကြားတဲ့အခါမှာ ဆီနီဂေါအသင်းကို (၃-၂) ဂိုးနဲ့ အနိင်ရခဲ့တဲ့ နော်ဝေကစားသမားတွေဟာ မိုးရေစိုရွှဲနေတဲ့ မြက်ခင်းပြင်ပေါ်မှာ စိတ်အားထက်သန်စွာ လူးလှိမ့်အောင်ပွဲခံခဲ့ပါတယ်။ အဲဒီနောက် သူတို့ရဲ့ ပရိသတ်တွေရှေ့မှာ လူစုထိုင်ပြီး မာတင် အိုဒီဂတ်က ဒီပွဲအတွက် ပြင်ဆင်လာတဲ့ ဗုံကို စတင်တီးခတ်လိုက်ပါတယ်။ ကစားသမားတွေနဲ့ အဖွဲ့သားတွေဟာ ပရိသတ်တွေနဲ့အတူ Viking-rowing-boat လှေလှော်ဟန် နဲ့ လှေလှော်ရာမှာ အားပေးကြုံးဝါးသံ hu-cheer ကို ညီ
Jun 25


အမ်ဘာပေ ၂ ဂိုးသွင်းပြီး ကမ္ဘာ့ဖလားသမိုင်း ဒုတိယဂိုးသွင်းအများဆုံးအဖြစ် တက်လှမ်း၊ ပြင်သစ်က အီရတ်ကို ၃-၀ ဖြင့် အနိုင်ရ
VOC/ Sports/ June 22, 2026 ဒီကနေ့ ဇွန်၂၂ ရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (I) ဒုတိယပွဲစဉ်မှာ ပြင်သစ်အသင်းက အီရတ်အသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ရှုံးထွက် ၃၂ သင်းအဆင့်သို့ တက်ရောက်သွားခဲ့ပါတယ်။ ဒီပွဲမှာ အသင်းခေါင်းဆောင် ပြင်သစ်ကြယ်ပွင့် Kylian Mbappé က ပွဲချိန် ၁၄ မိနစ်နဲ့ ၅၄ မိနစ်တို့မှာ နှစ်ဂိုးသွင်းယူခဲ့ပြီး Ballon d’Or ဆုရှင် Ousmane Dembélé က ပွဲချိန် ၆၆ မိနစ်မှာ တတိယမြောက်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။ Philadelphia မြို့ရှိ Lincoln Financial Fie
Jun 25


မက်ဆီ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး စံချိန်ရှင် ဖြစ်လာ၊ အာဂျင်တီးနား သြစတြီးယားကို ၂-၀ ဖြင့် အနိုင်ရ
(Argentina 2-0 Austria) VOC/ Sports/ June 22, 2026 အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလား Group J ပွဲစဉ်မှာ သြစတြီးယားအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ နှစ်ဂိုးသွင်းယူပြီး ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ သွင်းယူခဲ့တဲ့ နှစ်ဂိုးကြောင့် မက်ဆီရဲ့ ကမ္ဘာ့ဖလားသွင်းဂိုးစုစုပေါင်း ၁၈ ဂိုးအထိ ရောက်ရှိသွားခဲ့ပြီး ဂိုးသွင်းစံချိန်ကို တစ်ဦးတည်း ပိုင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ ပွဲအစ ၉ မိနစ်မှာ အ
Jun 25
bottom of page