top of page

မင်းတပ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်သားအမိသေဆုံး

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 25
  • 1 min read

VOC/ June 23, 2026


ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့နယ်ထဲမှာ အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ယာထဲ စစ်ဘေးရှောင်နေတဲ့ သားအမိသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေတဲ့အကြမ်းဖက်စစ်တပ်ဟာ ဇွန်လ ၂၁ ရက်ည ၁၁ နာရီခွဲဝန်းကျင်မှာ မင်းတပ်-ကန်ပက်လက်အစပ် ကျောက်တောင်ရွာအနီးမှာ စစ်ဘေးရှောင်နေကြတဲ့အရပ်သားပြည်သူတွေနေထိုင်တဲ့ တောင်ယာတဲကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂ နှစ်အရွယ်ကလေးငယ်တစ်ဦး နဲ့ မိခင်ဖြစ်သူတစ်ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မင်းတပ် နဲ့ ကန်ပက်လက်မြို့ကို စစ်အင်အားထောင်ချီနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လေကြောင်းကနေလည်း အပြင်းအထန်ဗုံးကြဲနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၁၉ ရက်နေ့ကလည်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ပါတယ်။



 
 
 

Comments


bottom of page