top of page


မြင်းခြံခရိုင်ထဲစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ရာမှာ ၂ ဦးသေဆုံး၊ ၁၀ ဦးလက်နက်ချအညံ့ခံ
VOC/ July 3, 2026 မန္တလေးတိုင်း မြင်းခြုံခရိုင်၊ မလှိုင်မြို့နယ်၊ အိမ်ကြီးတောရွာကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ကျော်ပါ အကြမ်း ဖက် စစ်အုပ်စုစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မနေ့က တိုက်ခိုက်ရာမှာ ၂ ဦးသေဆုံးပြီး ၁၀ ဦး လက်နက် ချအညံ့ခံဖမ်းဆီးထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ မြင်းခြံခရိုင်၊ မလှိုင်မြို့နယ်၊ အိမ်ကြီးတောရွာကို စစ်ကြောင်း ထိုးလာတဲ့ ရဲတပ်ရင်း (၈) တပ်ခွဲ (၁) ဒုတိယ ရဲမှူးကြီး ဇော်ဝင်းထိန် ဦးစီးအင်အား(၁၁၀)ပါစစ
Jul 3


မင်းတပ်မြို့ကို ၃ ရက်အတွင်းမှာ ဗုံးအလုံး ၈၀ ကျော်ြဖင့်ဆက်လက်တိုက်ခိုက်
VOC/ July 3, 2026 ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေဆက်လုပ်နေ ပြီး ၃ ရက်အတွင်းမှာ ဗုံးအလုံး ၈၀ ကျော်ကြဲချခဲ့တယ်လို့သိရပါတယ်။ မြေပြင်တိုက်ပွဲမှာအထိနာနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ မင်းတပ်မြို့နဲ့အနီးတဝိုက်ကို လေကြောင်းဖြင့်ပြင်းပြင်းထန် ထန်တိုက်ခိုက်နေပြီး ဇူလိုင် ၁ ရက်ကနေ ဒီကနေ့အထိ ၃ ရက်အတွင်းမှာ Cluster Bomb လို့ခေါ်တဲ့ နိုင်ငံတကာက တားမြစ်ထားတဲ့ ထပ်ဆင့်ပေါက်ကွဲအားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးပေါင်း ၈၀ ကျော်ဖြင့် တိုက်ခိုက်ခဲ
Jul 3


မီးခိုးတွေနဲ့ ဗုံးမိုးကြားက မွေးဖွားလာခဲ့တဲ့ အမေရိကန်နိုင်ငံတော်သီချင်း “The Star-Spangled Banner (ကြယ်တာရာစီခြယ်ထားတဲ့ အလံတော် လွင့်ပျံနေဆဲ)
အမေရိကန်နိုင်ငံတော်သီချင်း The Star-Spangled Banner (ကြယ်တာရာစီခြယ်ထားတဲ့ အလံတော်)ဟာ စစ်မီးတောက်တွေအလယ်၊ ဗုံးမိုးရွာသွန်းနေတဲ့ ညတစ်ညရဲ့ နောက်ဆုံးမှာ အလံတော် မကျဆင်းဘဲ လွင့်ပျံနေခဲ့တဲ့မြင်ကွင်းကနေ မွေးဖွားလာခဲ့တာ ဖြစ်ပါတယ်။ စစ်ပွဲကြားက ပေါ်ထွက်လာတဲ့ သီချင်း ၁၈၁၄ ခုနှစ် အင်္ဂလိပ်–အမေရိကန်စစ်ပွဲအတွင်း မေရီလန်းပြည်နယ်၊ ဘာလ်တီမိုးမြို့ရှိ Fort McHenry ခံတပ်ကို ဗြိတိသျှရေတပ်က ၂၅ နာရီကြာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အသက် ၃၅နှစ်အရွယ် အမေရိကန်ရှေ့နေနဲ့ ကဗျာဆရာ Francis Scot
Jul 3


အကြမ်းဖက်စစ်တပ်ကြောင့် ဇွန်လအတွင်း ပြည်သူ ၇၀ ဦးသေဆုံးဟု AAPP ပြော
VOC/ July 3, 2026 အကြမ်းဖက်စစ်တပ်ကြောင့် ဇွန်လ တစ်လတာအတွင်းမှာ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၇၀ ဦး သေဆုံးခဲ့ရပြီး နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံရသူ ၁၁ ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက် ရေးအသင်း-AAPP ကပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက် ရေးအသင်း-AAPP က ဒီကနေ့ ဇူလိုင် ၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင် ခံစာထဲမှာ သေဆုံးသူ ၇၀ ဦးအနက် ဖမ်းဆီးခံရပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရသူ ၉ ဦးပါဝင်တယ် လို့ ဖော်ပြပါတယ။...
Jul 3


ယူကရိန်းက ရုရှားမော်စကို၊ ဘဲလ်ဂိုရော့ဒ်နဲ့ နီရှ်နီ နော့ဗ်ဂိုရော့ဒ်ဒေသရှိ ဂြိုဟ်တုဆက်သွယ်ရေးစင်တာ၊ ရေနံချက်စက်ရုံနှင့် စွမ်းအင်အခြေခံအဆောက်အအုံများကို ဆက်တိုက်တိုက်ခိုက်
VOC / International / July 3, 2026 ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားနိုင်ငံအတွင်းရှိ စစ်ရေးနဲ့ စွမ်းအင်ဆိုင်ရာ အရေးပါတဲ့ ပစ်မှတ်တွေကို ဆက်တိုက်တိုက်ခိုက်ခဲ့ပြီး မော်စကိုအနီးရှိ ရုရှားစစ်တပ် အသုံးပြုတဲ့ ဂြိုဟ်တုဆက်သွယ်ရေးစင်တာ၊ ဘဲလ်ဂိုရော့ဒ် (Belgorod) မြို့ရှိ စွမ်းအင်အခြေခံအဆောက်အအုံတွေအပြင် Ufa ရေနံချက်စက်ရုံကိုလည်း တစ်ပတ်အတွင်း ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီးက ပြောပါတယ်။ ဇလန်စကီးရဲ့ အဆိုအရ Penza ဒေသရှိ ဒုံးကျည်အစိတ်အပိုင်း ထုတ်လုပ်ရေးစက်
Jul 3


မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံချက်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၁၀၀၀ ကျော်ကျူးလွန်၊ အစုလိုက်အပြုံလိုက်သတ်မှု၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄၀၀ ကျော်သေဆုံး
VOC/ June 3, 2026 အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံချက်အတွင်းမှာ လူ့အခွင့်အရေးချိုး ဖောက်မှုဖြစ်စဉ်ပေါင်း ၁၀၀၀ ကျော်အထိ ကျူးလွန်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG အစိုးရ လူ့အခွင့် အရေးဝန်ကြီးဌာနက မနေ့ကထုတ်ပြန်ပါတယ်။ အရပ်သားအစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲအတုကျင်းပပြီး နောက် မိမိကိုယ်ကိုသမ္မတအဖြစ်ရွေးကောက်တင်မြောက်ကာ နိုင်ငံတကာကို လှည့်စားဖို့ ရက် ၁၀၀ စီမံချက်ကို အပူတပြင်း အကောင်အထည်ဖော်ဆောင
Jul 3


ဖားကန့်မှာ မြေစာပုံပြိုကျလို့ လူ ၅ ဦးထက်မနည်းသေဆုံး
VOC/ July 3, 2026 ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက ကျောက်စိမ်းလုပ်ကွက်ဒေသတစ်ခုမှာ ဒီကနေ့မနက်ပိုင်းက မြေစာပုံပြိုကျလို့ လူ ၅ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်နဲ့ ကောင်စံရွာကြားမှာရှိတဲ့ စိန်လုံတောင်ကြောက ကုမ္ပဏီလုပ်ကွက်တခုမှာ ဒီနေ့ ဇူလိုင်လ ၃ ရက်နေ့ မနက်ပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့တာဖြစ်ပြီး အနည်းဆုံး လူ ၅ ဦး သေဆုံးသွားတယ်လို့ ကချင် သတင်းဌာန မြစ်ကြီးနာဂျာနယ်ကဖော်ပြပါတယ်။ မြေစာပုံပြိုကျမှုမှာ အနည်းဆုံး လူပေါင်း ၇ ဦးခန့်ပါသွားတယ်
Jul 3


မောင်တောမှာ စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရ၊ စစ်သုံ့ပန်း ဗိုလ်ကြီး ၁ ဦးအပါဝင် ၄ ဦး သေဆုံး
VOC/ July 3, 2026 ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာက စစ်သုံ့ပန်းတွေထားရှိတဲ့ အကျဉ်းစခန်းကို အကြမ်းဖက် စစ်တပ် က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာမှာ စစ်သုံ့ပန်းဗိုလ်ကြီး ၁ ဦးအပါအဝင် အကျဉ်းသား ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ မနေ့ဇူလိုင် ၂ ရက် ညနေ ၃ နာရီဝန်းကျင်မှာ ကြိမ်ချောင်းကျေးရွာ အကျဉ်းစာခန်းကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံး ၆ လုံး၊ Y-12 လေယာဉ် ၁ စီးဖြင့် ဗုံး ၂၇ လုံး စုစုပေါင်း ဗုံး ၃၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ရခိုင်ဘက်ကလာတဲ့ သတင်းတွေကဖော်ပြပါတ
Jul 3


အကြမ်းဖက်စစ်တပ်ရဲ့ ဖွံ့ဖြိုးရေးအကူအညီ တောင်းခံမှုကို ဂျပန် ပယ်ချသင့်ဟု HRW ပြော
VOC/ July 3, 2026 ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကိုပေးအပ်မယ့် ဖွံ့ဖြိုးရေးအကူအညီတွေ ပြန်လည်စတင်ဖို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးရဲ့ တောင်းဆိုမှုကို ဂျပန်အစိုးရအနေနဲ့ ပယ်ချသင့်တယ်လို့ Human Rights Watch (HRW) က ယနေ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ဇွန်လ ၃၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်ခိုင်ခိုင်စိုးက ဂျပန်နိုင်ငံအနေနဲ့ အကူအညီသစ်တွေပေးအပ်ဖို့ ဆက်လက်ဆိုင်းငံ့ထားရင် ပြည်သူတွေထိခိုက်နစ်နာနိုင်ပြ
Jul 3


မျက်ရည်တွေနဲ့ အဆုံးသတ်ခဲ့တဲ့ ဂန္တဝင် လူကာ မိုဒရစ် ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား — FIFA ဒိုင်ဆုံးဖြတ်ချက်တွေအပေါ် မျှတမှုမေးခွန်းများ ထပ်မံထွက်ပေါ်
VOC / Sports / July 2, 2026 ခရိုအေးရှား ဂန္တဝင်ကွင်းလယ်ကစားသမား လူကာ မိုဒရစ် (Luka Modrić) ရဲ့ ကမ္ဘာ့ဖလားခရီးစဉ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ရှုံးထွက် ၃၂ သင်းအဆင့်မှာ ပေါ်တူဂီအသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး အဆုံးသတ်သွားခဲ့ပါတယ်။ ဒီပွဲဟာ အသက် ၄၀ အရွယ် Modrić အတွက် နောက်ဆုံး ကမ္ဘာ့ဖလားပွဲလည်း ဖြစ်လာခဲ့ပါတယ်။ တိုရွန်တိုမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ခရိုအေးရှားအသင်းဟာ နာကျင်ချိန်အတွင်း Gonçalo Ramos ရဲ့ အနိုင်ဂိုးကို ခွင့်ပြုခဲ့ရသလို၊ ပွဲပြီးခါနီး သွင်းယူခဲ့တဲ့ ချေပဂိုးတစ်ဂိုးကိုလည်း လူကျွံဘ
Jul 3


ကျိုင်းတုံမြို့မှာ နေ့ခင်းကြောင်တောင် အမျိုးသမီးတစ်ဦးပြန်ပေးဆွဲခံရ (ရုပ်သံ)
VOC/ July 3, 2026 ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၄ ဦးက ပရိဘောဂဆိုင်က အမျိုး သမီးတစ်ဦးကို ပြန်ပေးဆွဲသွားတဲ့ဖြစ်စဉ် မနေ့ကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဇူလိုင် ၂ ရက် နေ့လယ် ၃ နာရီ ဝန်းကျင်မှာ ကျိုင်းတုံမြို့ အမှတ် ၄ ရပ်ကွက်၊ နွဲနော်ရပ်က ကိုစိုင်းလွတ် ပရိဘောက ဆိုင်ရှေ့မှာ အိမ်စီးကားအဖြူ စီးလာတဲ့ အမျိုးသား ၄ ဦးက သေနတ်(အရှည်) တွေ ကိုင်ဆောင်ပြီး ဆိုင်ထဲက အမျိုးသမီးကို ကားပေါ်သို့ ဆွဲခေါ်သွားခဲ့တာကို CCTV ရုပ်သံမှတ်တမ်းကနေတွေ့ရပါတယ်။ ပြန
Jul 3


ရုရှားရဲ့ ယခုနှစ်အတွင်း အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှုကြောင့် ယူကရိန်းမြို့တော်မှာ အနည်းဆုံး အရပ်သား ၂၇ ဦး သေဆုံးခဲ့
VOC / International / July 2, 2026 ရုရှားက ယူကရိန်းမြို့တော် ကိယက်ဗ်ကို ဇူလိုင် ၂ ရက် ညပိုင်းကနေ မနက်အစောပိုင်းအထိ ဒရုန်းတွေနဲ့ ဒုံးကျည်တွေ အသုံးပြုပြီး အကြီးအကျယ် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၂၇ ဦး သေဆုံးပြီး ၈၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။ ကိယက်ဗ်မြို့တော်ဝန် ဗီတာလီ ကလစ်ရှ်ကိုက ဒီတိုက်ခိုက်မှုဟာ ရုရှားက ၂၀၂၂ ခုနှစ်မှာ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ကိယက်ဗ်အပေါ် အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်သလို၊ ဒီနှစ်အတွင်း လူသေဆုံးမှုအများဆုံး...
Jul 3


ရော်နယ်ဒိုရဲ့ ပထမဆုံး ကမ္ဘာ့ဖလား ရှုံးထွက် အဆင့်သွင်းဂိုးနဲ့ ခရိုအေးရှားအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိ
VOC/ Sports/ July 2, 2026 ၂၀၂၆ ကမ္ဘာ့ဖလား ရှုံးထွက် ၃၂ သင်းအဆင့်မှာ ပေါ်တူဂီအသင်းက နာကျင်အချိန်အထိ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး ခရိုအေးရှားအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိကာ ၁၆ သင်းအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ ကျင်းပခဲ့တဲ့ ဒီပွဲမှာ ပထမပိုင်းအတွင်း နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ဘဲ ဒုတိယပိုင်း ပွဲချိန် ၅၃ မိနစ်မှာ ခရိုအေးရှားအသင်းက ပါရီရှစ်ရဲ့ သွင်းဂိုးနဲ့ အရင်ဦးဆောင်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပေါ်တူဂီအသင်းက တိုက်စစ်အင်အား မြှင့
Jul 3


အမေရိကန်သမ္မတကို ရာထူးမှဖယ်ရှားဖို့ တောင်းဆိုဆန္ဒပြခဲ့တဲ့အမေရိကန်လေတပ်ဗိုလ်မှူးကို ဖမ်းဆီး
VOC/ July 2, 2026 အမေရိကန်သမ္မတ ထရမ့်ကို ရာထူးမှ ဖြုတ်ချပေးဖို့ တောင်းဆိုဆန္ဒပြခဲ့တဲ့ အမေရိကန်လေတပ်ဗိုလ်မှူးဂျေဆန်ဝပ်ဆန်ကို ရဲများက ဝါရှင်တန်ဒီစီက အမျိုးသားလွှတ်တော်အဆောက်အအုံလှေကားထစ်မှာ အမိန့်မနာခံမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဇူလိုင်လ ၁ ရက်နေ့က လေတပ်ဗိုလ်မှူးJason Watson ဟာ သမ္မတကို ရာထူးမှ ဖယ်ရှားပေးဖို့ ဆန္ဒပြနေတုန်း ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ ဆန္ဒပြသူတစ်ဦးဟာ ကွန်ဂရက်လွှတ်တော်အမတ်တစ်ဦးနဲ့ အတူရှိမနေပါက ဥပဒေနဲ့ဆန့်ကျင်ရာရောက်ပါတယ်။ Watson ဟာ Removal Coalition အဖွဲ့က ဦးဆော
Jul 3


သီအိုဒို ရုစဗဲ့ရဲ့ ခြေရာကို လိုက်ခဲ့တဲ့ ထရမ့် — Freedom250 အထူးရထား၊ Rough Riders မြင်းစီးအဖွဲ့နဲ့ အမေရိကန် နှစ် ၂၅၀ ပြည့်အကြို သမိုင်းဝင်ခရီးစဉ်
VOC / International / July 2, 2026 အမေရိကန်နိုင်ငံ တည်ထောင်ခြင်း နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အကြိုအဖြစ် ဇူလိုင် ၁ ရက်နေ့မှာ သမ္မတ ဒေါ်နယ်ထရမ့်ဟာ မြောက်ဒါကိုတာပြည်နယ်၊ မီဒိုရာမြို့ရှိ သီအိုဒို ရုစဗဲ့ သမ္မတစာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်ရဲ့ ထူးခြားချက်တစ်ခုကတော့ ထရမ့်ဟာ ကာတာတော်ဝင်မိသားစုက လှူဒါန်းထားတဲ့ တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့်ရှိတဲ့ Air Force One သမ္မတလေယာဉ်သစ်နဲ့ ပထမဆုံးအကြိမ် ခရီးထွက်ခဲ့တာ ဖြစ်ပါတယ်။ မြောက်ဒါကိုတာကို ရောက်ရှိပြီးနောက်
Jul 3


မင်းဘူးမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်
VOC/ July 2, 2026 မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဥယျာဉ်တံတားစစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စီးနင်းတိုက် ခိုက်ရာသိမ်းပိုက်ခဲ့ပြီးနောက် စခန်းကိုမီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။ ဥယျာဉ်တံတားထိပ်မှာရှိတဲ့ တပ်စခန်းကို ဇွန်လ ၂၈ ရက်မနက်အစောပိုင်း ၁၂ နာရီ ၂၀ မိနစ်မှာ မင်းဘူး(စကု )မြို့နယ် ပကဖ နဲ့ ချင်းကာကွယ်ရေးတပ်(အရှို)-CDF (Asho)၊လူဘောင်သစ်တပ်တော်(NSA)တို့က စီးနင်းတိုက်ခိုက်ခဲ့ တာဖြစ် ပါတယ်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားတွေက ဒဏ်
Jul 2


ထိုင်းနိုင်ငံမှာ ၁၁ နှစ်အရွယ်မောင်းလာတဲ့ကားက လမ်းဘေးကြွချီနေတဲ့ သံဃာတော်တွေတိုက်လို့ ၈ ပါး ပျံလွန်တော်မူ
VOC/ July 2, 2026 ထိုင်းနိုင်ငံ မု(ခ်)ဒါဟန်ခရိုင်မှာ ယနေ့နေ့လည်ပိုင်း ၁၁ နာရီဝန်းကျင်မှာ အသက် ၁၁ နှစ်အရွယ်မောင်းလာတဲ့ ကားတစ်စီး က လမ်းဘေးမှာဆွမ်းခံပြီး ပြန်လာတဲ့ သံဃာတော်တွေကို အရှိန်ပြင်းစွာ ဝင်တိုက်ရာမှာ ၈ ပါး ပျံလွန်တော်မူပြီး ၁၃ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖော်ြပပါတယ်။ ယာဉ်မောင်းသူမှာ ဥာဏ်ရည်ဖွံ့ဖြိုးမှုလိုအပ်ချက်ရှိသော အသက် ၁၁ နှစ်အရွယ် ကလေးတဦးဖြစ်ပြီး မိဘတွေရဲ့ ကားကို ခိုးယူမောင်းနှင်ရာကနေ ယခုလို မတော်တဆမှု ဖြစ်ပွားခဲ့တာလို့ ထိုင်းသတင်းတွေမှာဖော်ပြပါ
Jul 2


ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေး လူ့အခွင့်အရေးဆိုင်ရာစွမ်းဆောင်ရည်ဆုရရှိ
VOC/ July 2, 2026 အပြည်ပြည်ဆိုင်ရာရှေ့နေများအသင်း (International Bar Association – IBA) က ၂၀၂၆ ခုနှစ်အတွက် ချီးမြင့်မယ့် လူ့အခွင့်အရေးဆိုင်ရာစွမ်းဆောင်ရည်ဆုကို မြန်မာနိုင်ငံက ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက ရရှိသွားတယ်လို့သိရပါတယ်။ ကမ္ဘာ့အကြီးဆုံးနှင့် ဩဇာအရှိဆုံး နိုင်ငံတကာဥပဒေပညာရှင်များအဖွဲ့အစည်းဖြစ်တဲ့ International Bar Association- IBA က ၂၀၂၆ ခုနှစ်အတွက် "Outstanding Contribution by a Legal Practitioner to Human Rights Award" လို့ခေါ်တဲ့ ရှေ့နေတစ်ဦးရဲ့
Jul 2


မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ကလေး ၁,၀၀၀ ကျော် သေဆုံးဟု AAPP ပြော
VOC/ July 2, 2026 မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အပြစ်မဲ့ကလေးသူငယ် စုစုပေါင်း ၁၀၀၀ ကျော်သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၆ ခုနှစ် ဇွန်လကုန်အထိ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုကြောင့် ကလေးသူငယ် ၁၀၈၃ ဦးအထိ အသက်ဆုံးရှုံးခဲ့ရတယ်လို့ AAPP က မနေ့ဇူလိုင် ၁ ရက်နေ့က အစီရင်ခံစာထုတ်ပြန်ပါတယ်။ သေဆုံးသူတွေဟာ မွေးကင်းစကနေ ၁၃ နှစ်အရွယ်ကြားကလေးငယ် ၆၃၂ ဦး နဲ့ ၁၃ နှစ်ထက်အရွယ်
Jul 2


မင်းတပ် နဲ့ ကန်ပက်လက်မြို့အနီးတိုက်ပွဲမှာ အကြမ်းဖက်စစ်သားရာနဲ့ချီသေဆုံး၊ စစ်သုံ့ပန်း နဲ့ လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရမိ
VOC/ July 2, 2026 ချင်းပြည်တောင်ပိုင်း၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တစ်လကျော်ကြာတိုက်ခိုက်ရာမှာ အကြမ်းဖက်စစ်သား ရာနဲ့ချီသေဆုံးပြီး ဖွဲ့စည်းပုံပျက်ကာ တပ်လန်ကျသွားတယ် လို့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) က ဒီကနေ့ ဇူလိုင် ၂ ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ မကွေးတိုင်း ယောဒေသ၊ ဆောနယ်ကိုဖြတ်ပြီး အင်အားထောင်ချီဖြင့် ကျူးကျော်ဝင်ရောက်လာတဲ့ အာဏာသိမ်း ဖက်ဆစ်အကြမ်းဖက်စစ်တပ်ကို ချင်းပြည်သူ့တပ်မတော်(CPA)နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက ဟန်ချက်ညီညီ၊
Jul 2
bottom of page