top of page

ယူကရိန်းက ရုရှားမော်စကို၊ ဘဲလ်ဂိုရော့ဒ်နဲ့ နီရှ်နီ နော့ဗ်ဂိုရော့ဒ်ဒေသရှိ ဂြိုဟ်တုဆက်သွယ်ရေးစင်တာ၊ ရေနံချက်စက်ရုံနှင့် စွမ်းအင်အခြေခံအဆောက်အအုံများကို ဆက်တိုက်တိုက်ခိုက်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jul 3
  • 1 min read

VOC / International / July 3, 2026


ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားနိုင်ငံအတွင်းရှိ စစ်ရေးနဲ့ စွမ်းအင်ဆိုင်ရာ အရေးပါတဲ့ ပစ်မှတ်တွေကို ဆက်တိုက်တိုက်ခိုက်ခဲ့ပြီး မော်စကိုအနီးရှိ ရုရှားစစ်တပ် အသုံးပြုတဲ့ ဂြိုဟ်တုဆက်သွယ်ရေးစင်တာ၊ ဘဲလ်ဂိုရော့ဒ် (Belgorod) မြို့ရှိ စွမ်းအင်အခြေခံအဆောက်အအုံတွေအပြင် Ufa ရေနံချက်စက်ရုံကိုလည်း တစ်ပတ်အတွင်း ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီးက ပြောပါတယ်။

ဇလန်စကီးရဲ့ အဆိုအရ Penza ဒေသရှိ ဒုံးကျည်အစိတ်အပိုင်း ထုတ်လုပ်ရေးစက်ရုံတစ်ခုကိုလည်း ထိမှန်ခဲ့ပြီး ရုရှားရဲ့ စွမ်းအင်နဲ့ ကာကွယ်ရေးစက်မှုလုပ်ငန်းတွေကို ဆက်လက်ဖိအားပေးနေတယ်လို့ ဆိုပါတယ်။

ရုရှားဘက်ကတော့ မော်စကိုကို ဦးတည်လာတဲ့ ဒရုန်း ၆၁ စင်း ကို ပစ်ချနိုင်ခဲ့ပြီး၊ နိုင်ငံတစ်ဝန်းမှာ ဒရုန်း ၄၁၉ စင်း နဲ့ အခြားထုတ်ပြန်ချက်တစ်ခုအရ ၁၇၉ စင်း ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ သီးခြားထုတ်ပြန်ထားပါတယ်။

ဘဲလ်ဂိုရော့ဒ်နဲ့ နီရှ်နီ နော့ဗ်ဂိုရော့ဒ်ဒေသတွေမှာ စွမ်းအင်အခြေခံအဆောက်အအုံနဲ့ ရေနံစက်မှုလုပ်ငန်းတွေ ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား သေဆုံးမှုနဲ့ ဒဏ်ရာရမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ထို့အပြင် မော်စကိုအနီး Yegoryevsk မြို့မှာ ဒရုန်းတစ်စင်း နေအိမ်ပေါ် ကျရောက်ခဲ့ရာ ၆ လအရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ရုရှားအာဏာပိုင်တွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ ရုရှားက ကိယက်ဗ်မြို့ကို ဒရုန်းနဲ့ ဒုံးကျည် ၅၇၀ အသုံးပြု အကြီးအကျယ်တိုက်ခိုက်ခဲ့ပြီး လူ ၃၀ ဦး သေဆုံး၊ ၁၀၀ ခန့် ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်အပြီး တစ်ရက်အကြာမှာ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။


Source: X, Zelensky, CBS



 
 
 

Comments


bottom of page