top of page

မင်းတပ်မြို့ကို ၃ ရက်အတွင်းမှာ ဗုံးအလုံး ၈၀ ကျော်ြဖင့်ဆက်လက်တိုက်ခိုက်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jul 3
  • 1 min read

VOC/ July 3, 2026


ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေဆက်လုပ်နေ ပြီး ၃ ရက်အတွင်းမှာ ဗုံးအလုံး ၈၀ ကျော်ကြဲချခဲ့တယ်လို့သိရပါတယ်။

မြေပြင်တိုက်ပွဲမှာအထိနာနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ မင်းတပ်မြို့နဲ့အနီးတဝိုက်ကို လေကြောင်းဖြင့်ပြင်းပြင်းထန် ထန်တိုက်ခိုက်နေပြီး ဇူလိုင် ၁ ရက်ကနေ ဒီကနေ့အထိ ၃ ရက်အတွင်းမှာ Cluster Bomb လို့ခေါ်တဲ့ နိုင်ငံတကာက တားမြစ်ထားတဲ့ ထပ်ဆင့်ပေါက်ကွဲအားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးပေါင်း ၈၀ ကျော်ဖြင့် တိုက်ခိုက်ခဲ့တာလို့ မင်းတပ်ဒေသခံတွေကပြောပါတယ်။

ဇူလိုင် ၁ ရက်နေ့မှာ မင်းတပ်မြို့အရှေ့ခြမ်းဘက်ကို ဂျက်ဖိုင်တာ နဲ့ Y12 လေယာဉ်ဖြင့် ဗုံး ၄၈ လုံးကြဲချခဲ့ပြီး ဇူလိုင် ၂ ရက်နေ့မှာလည်း Cluster Bomb ထပ်ဆင့်ပေါက်ကွဲအားပြင်းတဲ့ဗုံး ၁၁ လုံးဖြင့် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ဇူလိုင် ၃ ရက်နေ့မနက်ပိုင်းမှာလည်း မင်းတပ်မြို့အနီးတဝိုက်ကို Y12 လေယာဉ်ဖြင့် ဗုံးအလုံး ၃၀ ခန့်ကြဲချခဲ့ သလို ကန်ပက်လက်မြို့အရှေ့ခြမ်းဘက်ကိုလည်း ၈ ကြိမ်ခန့်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့ မေလ (၁၆) ရက်နေ့ကစလို့ မင်းတပ် နဲ့ ကန်ပက်လက်မြို့နယ်တွေကို စစ်အင်အား ထောင်ချီနဲ့ နယ်မြေကျူးကျော်ထိုးစစ်ဆင်လာတာဖြစ်ပြီး ချင်းတော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေတာ တစ်လကျော်ရှိလာပြီဖြစ်ပါတယ်။

မင်းတပ် နဲ့ကန်ပက်လက်မြို့အနီးဖြစ်ပွားတဲ့ တစ်လကျော်တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်တပ်ဘက်က ရာနဲ့ချီ သေဆုံးမှုရှိသလို စစ်သုံ့ပန်း နဲ့ လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရမိထားတယ်လို့ ချင်းပြည်သူ့ အစည်းအရုံး CPU/CPA က ဇူလိုင် ၂ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။




 
 
 

Comments


bottom of page