အကြမ်းဖက်စစ်တပ်ကြောင့် ဇွန်လအတွင်း ပြည်သူ ၇၀ ဦးသေဆုံးဟု AAPP ပြော
- thevoiceofchinland
- Jul 3
- 1 min read
VOC/ July 3, 2026
အကြမ်းဖက်စစ်တပ်ကြောင့် ဇွန်လ တစ်လတာအတွင်းမှာ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၇၀ ဦး သေဆုံးခဲ့ရပြီး နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံရသူ ၁၁ ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက် ရေးအသင်း-AAPP ကပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက် ရေးအသင်း-AAPP က ဒီကနေ့ ဇူလိုင် ၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင် ခံစာထဲမှာ သေဆုံးသူ ၇၀ ဦးအနက် ဖမ်းဆီးခံရပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရသူ ၉ ဦးပါဝင်တယ် လို့ ဖော်ပြပါတယ။
သေဆုံးရတဲ့အကြောင်းရင်းတွေထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၉ ဦး၊ အကြောင်းအရင်းစုံစမ်းဆဲ သေဆုံးသူ ၁၁ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူ ၉ ဦးနဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁ ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့စာရင်းအရသိရပါတယ်။
ဒီကိန်းဂဏန်းအရေအတွက်တွေဟာ လက်လှမ်းမီသမျှနာမည်နဲ့တကွ အတည်ပြုထားနိုင်တဲ့အချက်အလက်တွေကို ထည့်သွင်းထားတာဖြစ်ပြီး မြေပြင်မှာတော့ ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အတည်ပြုဖို့လိုအပ်နေသေးတဲ့ ဇွန်လအတွင်းသေဆုံးခဲ့သူ ၈၂ ဦး ဝန်းကျင်ရဲ့စာရင်းလည်း သီးခြားကောက်ယူ ထားပြီး အတည်ပြုနိုင်ဖို့လုပ်ဆောင်နေတယ်လို့ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် ဒီမို ကရေစီတက်ကြွလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၈,၁၄၆ ဦး သေဆုံးခဲ့ရပြီလို့ AAPP ရဲ့စာရင်းအရသိရပါတယ်။




Comments