ကျိုင်းတုံမြို့မှာ နေ့ခင်းကြောင်တောင် အမျိုးသမီးတစ်ဦးပြန်ပေးဆွဲခံရ (ရုပ်သံ)
- thevoiceofchinland
- Jul 3
- 1 min read
VOC/ July 3, 2026
ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၄ ဦးက ပရိဘောဂဆိုင်က အမျိုး သမီးတစ်ဦးကို ပြန်ပေးဆွဲသွားတဲ့ဖြစ်စဉ် မနေ့ကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ဇူလိုင် ၂ ရက် နေ့လယ် ၃ နာရီ ဝန်းကျင်မှာ ကျိုင်းတုံမြို့ အမှတ် ၄ ရပ်ကွက်၊ နွဲနော်ရပ်က ကိုစိုင်းလွတ် ပရိဘောက ဆိုင်ရှေ့မှာ အိမ်စီးကားအဖြူ စီးလာတဲ့ အမျိုးသား ၄ ဦးက သေနတ်(အရှည်) တွေ ကိုင်ဆောင်ပြီး ဆိုင်ထဲက အမျိုးသမီးကို ကားပေါ်သို့ ဆွဲခေါ်သွားခဲ့တာကို CCTV ရုပ်သံမှတ်တမ်းကနေတွေ့ရပါတယ်။
ပြန်ပေဆွဲမှုနဲ့ ပတ်သတ်ပြီး ဖြစ်စဉ်အသေးစိတ်ကို မသိရှိရသေးပါဘူး။
ရုပ်သံ- လူမှုကွန်ယက်




Comments