top of page

မင်းဘူးမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jul 2
  • 1 min read

VOC/ July 2, 2026


မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဥယျာဉ်တံတားစစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စီးနင်းတိုက် ခိုက်ရာသိမ်းပိုက်ခဲ့ပြီးနောက် စခန်းကိုမီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

ဥယျာဉ်တံတားထိပ်မှာရှိတဲ့ တပ်စခန်းကို ဇွန်လ ၂၈ ရက်မနက်အစောပိုင်း ၁၂ နာရီ ၂၀ မိနစ်မှာ မင်းဘူး(စကု )မြို့နယ် ပကဖ နဲ့ ချင်းကာကွယ်ရေးတပ်(အရှို)-CDF (Asho)၊လူဘောင်သစ်တပ်တော်(NSA)တို့က စီးနင်းတိုက်ခိုက်ခဲ့ တာဖြစ် ပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားတွေက ဒဏ်ရာများစွာရရှိပြီး ကစဉ့်ကလျားနဲ့ စခန်းစွန့်ခွာထွက်ပြေးသွားကြပြီး စစ်တပ်စခန်းကို မီးရှို့ရှင်းလင်းခဲ့ကြတယ်လို့ မင်းဘူး(စကု)မြို့နယ် ပကဖက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း ၅.၅၆ ကျည်များ၊ အီနာဂါဗုံးသီးအချို့နဲ့ စစ်အသုံး ဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။



 
 
 

Comments


bottom of page