ဖားကန့်မှာ မြေစာပုံပြိုကျလို့ လူ ၅ ဦးထက်မနည်းသေဆုံး
- thevoiceofchinland
- Jul 3
- 1 min read
VOC/ July 3, 2026
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက ကျောက်စိမ်းလုပ်ကွက်ဒေသတစ်ခုမှာ ဒီကနေ့မနက်ပိုင်းက မြေစာပုံပြိုကျလို့ လူ ၅ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်နဲ့ ကောင်စံရွာကြားမှာရှိတဲ့ စိန်လုံတောင်ကြောက ကုမ္ပဏီလုပ်ကွက်တခုမှာ ဒီနေ့ ဇူလိုင်လ ၃ ရက်နေ့ မနက်ပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့တာဖြစ်ပြီး အနည်းဆုံး လူ ၅ ဦး သေဆုံးသွားတယ်လို့ ကချင် သတင်းဌာန မြစ်ကြီးနာဂျာနယ်ကဖော်ပြပါတယ်။
မြေစာပုံပြိုကျမှုမှာ အနည်းဆုံး လူပေါင်း ၇ ဦးခန့်ပါသွားတယ်လို့သိရပြီး လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံပြည်သူတွေက ရုပ်အလောင်းရှာဖွေမှုတွေဆောင်ရွက်နေတယ်လို့သိရပါတယ်။
ဖားကန့်ဒေသမှာ မိုးရာသီရောက်တိုင်း မြေစာပုံပြိုကျမှုနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ရေမဆေးကျောက်ရှာ ဖွေသူတွေ နဲ့ ကုမ္ပဏီဝန်ထမ်းတွေ မကြာခဏသေဆုံးမှုတွေရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်း မိုးရေကြောင့် မြေပြိုကျမှုတွေနဲ့ ကျောက်လုပ်ကွက်အတွင်း မြေစာပုံပြိုကျမှုတွေကြောင့် ဒေသခံပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြစ်ကြီးနာသတင်းးဂျာနယ်ကဖော်ပြပါတယ်။
ရုပ်သံ - Lung Jung LA N




Comments