top of page


ဂျာမနီ၊ နယ်သာလန် နဲ့ ဂျပန် တို့ ကမ္ဘာ့ဖလား (၃၂) သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ရှုံးနိမ့်ပြီး ကမ္ဘာ့ဖလားကနေ ထွက်ခွါရ
VOC/ June 30, 2026 မနေ့ည နဲ့ ဒီနေ့မနက်ပိုင်းမှာ ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလား ၃၂ သင်းရှုံးထွက်အဆင့်မှာ နာမည်ကြီးအသင်းတွေဖြစ်တဲ့ ဂျာမနီ၊ နယ်သာလန် နဲ့ ဂျပန်နိုင်ငံတို့ဟာ ပြိုင်ဘက်ကိုရှုံးနိမ့်ပြီး ကမ္ဘာ့ဖလားကနေ ထွက်ခွါရပြီဖြစ်ပါတယ်။ မနေ့ညမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလား (၃၂) သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ဂျပန်အသင်း နဲ့ ဘရာဇီးအသင်းတို့ ယှဉ်ပြိုင်ကစားရာမှာ ဘရာဇီးအသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာ ဂျပန်အသင်းက (၁-၀) ရလာဒ်ဖြင့် ဦးဆောင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့
Jun 30


အမေရိကန် လွတ်လပ်ရေး ၂၅၀ နှစ်ပြည့် အထိမ်းအမှတ်မတိုင်မီ Thunderbirds လေပြအဖွဲ့ Las Vegas ကောင်းကင်ယံတွင် လေကြောင်းသရုပ်ပြ
VOC/ International/ June 29, 2026 အမေရိကန် လွတ်လပ်ရေး ၂၅၀ နှစ်ပြည့် (America250) အထိမ်းအမှတ်နဲ့ ဇူလိုင် ၄ ရက် လွတ်လပ်ရေးနေ့ အခမ်းအနားမတိုင်မီ အမေရိကန်လေတပ်ရဲ့ နာမည်ကျော် Thunderbirds လေကြောင်းသရုပ်ပြအဖွဲ့ဟာ Las Vegas Strip ကောင်းကင်ယံမှာ အနီ၊ အဖြူ၊ အပြာ အရောင်ခြယ်ထားတဲ့ F-16 တိုက်လေယာဉ်တွေနဲ့ တိကျညီညာတဲ့ လေကြောင်းသရုပ်ပြပျံသန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ Thunderbirds အဖွဲ့ဟာ အံ့မခန်းလေကြောင်းပြသမှုတွေအတွက် လူသိများပေမယ့် လိုအပ်လာပါက ၇၂ နာရီအတွင်း စစ်ဆင်ရေးတာဝန်ထမ်းဆောင်နိုင်တဲ့..
Jun 30


အမေရိကန်-အီရန် တိုက်ခိုက်မှုများ ခေတ္တရပ်တန့်၊ ဒိုဟာတွင် ဆွေးနွေးမှုများ ပြန်လည်စတင်မည်ဟု ထရမ့် ပြော
VOC/ International/ June 29, 2026 ဟော်မုဇ်ရေလက်ကြားအနီး လေးရက်ကြာ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်နဲ့ အီရန်တို့အကြား တိုက်ခိုက်မှုများကို “လောလောဆယ် ခေတ္တရပ်တန့်ထားမည်” ဖြစ်ကြောင်း အမေရိကန်အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ကလည်း Truth Social တွင် “အီရန်က တွေ့ဆုံဆွေးနွေးရန် တောင်းဆိုထားပြီး မနက်ဖြန် ကာတာနိုင်ငံ ဒိုဟာတွင် ဆွေးနွေးပွဲ ပြုလုပ်မည်” ဟု ရေးသားခဲ့ပါတယ်။ အမေရိကန်အရာရှိတစ်ဦး၏ ပြောကြားချက်အရ နှစ်ဖက်စလုံးက ပင်လယ်ကွေ့ဒေသတွင် ရန်လိ
Jun 30


မင်းတပ်မှာ အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အောက်မိန်းကလေးငယ် ၃ ဦးသေဆုံး
VOC/ Juen 29, 2026 ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အောက် မိန်းကလေးငယ် ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ယနေ့ဇွန်လ ၂၉ ရက် မနက် ၅ နာရီခွဲဝန်းကျင်မှာ တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက မင်းတပ်မြို့အနီး ကျေးရွာတစ်ရွာကို ဗုံးကြဲတိုက်ခိုက်ရာမှ အသက် ၇ နှစ်၊ ၈ နှစ် နဲ့ ၁၀ နှစ်အရွယ် မိန်းကလေးငယ် ၃ ဦး သေဆုံးခဲ့ရတာလို့ မင်းတပ်လေကြောင်းတိုက်ခိုက်မှုအခြေအနေကို ပုံမှန်ဖော်ပြနေတဲ့ မင်းတပ်ဒေသခံ HKL Mindat က ဖော်ပြပါတယ်။...
Jun 30


တောင်ကိုရီးယား ကမ္ဘာ့ဖလားအုပ်စုအဆင့်မှ ထွက်ခွာမှုအပေါ် သမ္မတ ပြင်းထန်စွာ ဝေဖန်၊ KFA ကို စုံစမ်းစစ်ဆေးမည်၊ နည်းပြ ဟောင်မြောင်ဘို နုတ်ထွက်
VOC/ Sports/ June 29, 2026 ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် တောင်ကိုရီးယား လက်ရွေးစင်အသင်းနည်းပြ ဟောင်မြောင်ဘို (Hong Myung-bo) က ဇွန်လ ၂၉ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်။ တောင်ကိုရီးယားအသင်းဟာ အုပ်စု (A) မှာ ချက်ကီးယားကို အနိုင်ရခဲ့ပေမယ့် အိမ်ရှင် မက္ကဆီကိုနဲ့ တောင်အာဖရိကကို ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး ၃ မှတ်သာ ရရှိခဲ့တာကြောင့် အကောင်းဆုံး အုပ်စုတတိယအသင်းများစာရင်းကနေပါ လွဲချော်ကာ ရှုံးထွက် ၃၂ သင်းအဆင့်ကို မတက်ရောက်နိုင်ခဲ့ပါဘူး။ အထူးသဖြင့
Jun 30


“ဝ” ဒေသမှာ အသက် ၈၀ ကျော်အရွယ်မိခင်ကိုသတ်သွားတဲ့ သားဖြစ်သူကို UWSA က သေဒဏ်စီရင်
VOC/ June 29, 2026 "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် - UWSA ထိန်းချုပ်နယ်မြေ၊ ရှမ်းပြည်နယ် ဟိုပန်ခရိုင်၊ နမ့်တစ်မြို့မှာ အသက် (၈၀) ကျော်အရွယ်အမေအိုနဲ့ စကားများရန်ဖြစ်ရာကနေ လူသတ်မှုကျူးလွန်တဲ့သားဖြစ်သူကို "ဝ" ပြည်နယ်တရားစီရင်ရေး ဌာနက သေဒဏ်စီရင်ခဲ့တယ်လို့ Wa News Land သတင်းဌာနကဖော်ပြပါတယ်။ လူသတ်မှုကျူးလွန်သူ အမျိုးသားမှာ အသက် (၄၀) ကျော်အရွယ် Ping Suang Ling လို့အမည်ရပြီး တရုတ် - ကိုးကန့်လူမျိုးဖြစ်တယ်လို့သိရပါတယ်။ ဖြစ်စဉ်မှာ လွန်ခဲ့တဲ့ ၃ လလောက်က Ping Suang Ling ဟာ မိခင်ဖြစ်သူကိ
Jun 30


စစ်ကိုင်းမြို့နယ် တလိုင်းရွာ လေကြောင်းတိုက်ခိုက်မှု ကလေးငယ်အပါအဝင် အရပ်သား ၈ ဦးသေဆုံး
VOC/ June 29, 2026 စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တလိုင်း(ထီးလိုင်) ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ရာမှာ ကလေး ငယ် ၄ ဦးအပါအဝင် ဒေသခံ ၈ ဦးသေဆုံးခဲ့တယ်လို့ Wetlet Informational Network က သတင်း ထုတ်ပြန် ထားပါတယ်။ မနေ့ ဇွန်လ ၂၈ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ တလိုင်းရွာအရှေ့ဖျားကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်နဲ့ အသက် ၈ နှစ်အရွယ်ဝန်းကျင်ရှိ အမည်မသိ ကလေးငယ် ၂ ဦး၊ အသက် ၆
Jun 30


ယောဒေသ လောင်းရှည်တိုက်နယ် နတ်ကောင်းကျင်းရွာ လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၄ ဦးသေဆုံး
VOC/ June 29, 2026 မကွေးတိုင်း ယောဒေသ ဆောမြို့နယ် လောင်းရှည်တိုက်နယ်ထဲကက နတ်ကောင်းကျင်းရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၂၇ ရက် ညနေပိုင်း ၄ နာရီဝန်းကျင်မှာ တံတားဦးလေတပ်ကနေ တက်လာတဲ့ဂျက်ဖိုက်တာ ၂ စီးက နတ်ကောင်းကျင်းရွာကို မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂ ကြိမ်ဗုံးကြဲခဲ့တာဖြစ်တယ်လို့ ယောအလင်းတန်းကဖော်ပြပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ(၄)ဦးသေဆုံးကာ (၉)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိ
Jun 30


ယူကရိန်းက ရုရှားရေနံချက်စက်ရုံ ၂ ခုကို အဝေးပစ်တိုက်ခိုက်၊ “စစ်ပွဲအဆုံးသတ်ဖို့ ဖိအားပေးနေတယ်” ဟု ဇလန်စကီး ပြော
VOC/ International/ June 28, 2026 ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီးက ယူကရိန်းဖွဲ့စည်းပုံအခြေခံဥပဒေနေ့ဖြစ်တဲ့ ဇွန်လ ၂၈ ရက်မှာ ယူကရိန်းတပ်ဖွဲ့တွေက ရုရှားနိုင်ငံအတွင်းရှိ ရေနံချက်စက်ရုံ ၂ ခုကို အောင်မြင်စွာ အဝေးပစ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဇလန်စကီးရဲ့ ပြောကြားချက်အရ ရုရှားနိုင်ငံ Krasnodar ဒေသရှိ Slavyansk ရေနံချက်စက်ရုံကို ရှေ့တန်းစစ်မျက်နှာမှ ကီလိုမီတာ ၃၀၀ ခန့်အကွာအဝေးအထိ တိုက်ခိုက်နိုင်ခဲ့သလို၊ ယူကရိန်းနယ်စပ်မှ ကီလိုမီတာ ၇၀၀ ခန့်ဝေးတဲ့ Yaroslavl
Jun 30


ဟားခါးမြို့နယ် မာလ်ဆောမ်ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်
VOC/ June 28, 2026 ဟားခါးမြို့နယ် မာလ်ဆောမ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ယနေ့ညနေပိုင်း ၄ နာရီဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဟားခါးမြို့ကနေ မိုင် ၄၀ လောက်ကွာဝေးတဲ့ မာလ်ဆောမ်ကျေးရွာကို ဒီကနေ့ ဇွန်လ ၂၈ ရက် ညနေပိုင်း ၄ နာရီဝန်းကျင်မှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ မာလ်ဆောမ်ရွာက ဆေးရုံကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့ပေမယ့် ဆေးရုံကိုမထိဘဲ အနီးနားမှာကျရောက်ပေါက်ကွဲ ကာ လူနေအိမ်တချို့ပျက်စီးမှုရှိခဲ့တယ်လို့ သ
Jun 30


အမေရိကန်က အီရန်ကို ဒုတိယမြောက်နေ့ ဆက်တိုက် တုံ့ပြန် တိုက်ခိုက်၊ အီရန်က ဘာရိန်းနှင့် ကူဝိတ်ကို ဒုံးကျည်၊ ဒရုန်းဖြင့်တိုက်ခိုက်
VOC/ International/ June 28, 2026 အမေရိကန်နဲ့ အီရန်ကြား တိုက်ခိုက်မှုတွေဟာ ပိုမိုပြင်းထန်လာခဲ့ပြီး အမေရိကန်စစ်တပ်က အီရန်နိုင်ငံတောင်ပိုင်းရှိ စစ်ရေးပစ်မှတ်များကို ဒုတိယမြောက်နေ့အဖြစ် ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့သလို၊ အီရန်ကလည်း ကူဝိတ်နဲ့ ဘာရိန်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ပစ်မှတ်ထား၍ ဒုံးကျည်နှင့် ဒရုန်းများဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။ အမေရိကန်ဗဟိုကွပ်ကဲရေးဌာန (CENTCOM) က အီရန်ဟာ အပစ်ရပ်သဘောတူညီချက်ကို မလိုက်နာဘဲ ဟော်မုဇ်ရေလက်ကြားရှိ ကုန်သွယ်ရေးသင်္ဘောများကို
Jun 30


မက်ဆီ Free Kick နဲ့ သမိုင်းဝင်စံချိန်သစ်တင်၊ အာဂျင်တီးနားက ဂျော်ဒန်ကို ၃-၁ ဖြင့် အနိုင်ရ
VOC/ Sports/ June 28, 2026 ၂၀၂၆ ကမ္ဘာ့ဖလား Group J နောက်ဆုံးပွဲစဉ်မှာ အာဂျင်တီးနားအသင်းက ဂျော်ဒန်အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိပြီး အုပ်စုအဆင့် သုံးပွဲစလုံး အနိုင်ရကာ အုပ်စုဗိုလ်အဖြစ် ရှုံးထွက် ၃၂ သင်းအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ အာဂျင်တီးနားအတွက် ဂိုးတွေကို Giovani Lo Celso၊ Lautaro Martínez (ပင်နယ်တီ) နဲ့ လူစားဝင်ကစားသမား လီယွန်နယ် မက်ဆီတို့က သွင်းယူခဲ့ပြီး ဂျော်ဒန်အတွက် တစ်လုံးတည်းသောဂိုးကို Mousa Al-Tamari က သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ အသက် ၃၉ နှစ်
Jun 30


ရော်နယ်ဒိုနဲ့ ဂျိမ်းစ် ပွဲမတိုင်မီ ဖက်နှုတ်ဆက်၊ ကိုလံဘီယာ ပေါ်တူဂီကို သရေကစားပြီး အုပ်စုပထမရ
(Portugal 0-0 Colombia) VOC/ Sports/ June 27, 2026 ၂၀၂၆ ကမ္ဘာ့ဖလား Group K နောက်ဆုံးပွဲစဉ်မှာ ပေါ်တူဂီအသင်းနဲ့ ကိုလံဘီယာအသင်းတို့ ဂိုးမရှိသရေကျခဲ့ပြီး နှစ်သင်းစလုံး ရှုံးထွက် ၃၂ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ကိုလံဘီယာအသင်းက အုပ်စုပထမနေရာကို ရယူနိုင်ခဲ့ပြီး ပေါ်တူဂီအသင်းကတော့ အုပ်စုဒုတိယနဲ့ တက်ရောက်ခဲ့ပါတယ်။ ပွဲမတိုင်မီ အသင်းခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ဂျိမ်းစ် ရိုဒရီဂွက်ဇ်တို့ အချင်းချင်း ဖက်နှုတ်ဆက်ခဲ့ကြပြီး၊ ရီးယဲလ်မက်ဒရစ်အသင်းဖော်ဟောင်းတွေဖြစ်
Jun 30


ဟယ်ရီကိန်း ကမ္ဘာ့ဖလားသွင်းဂိုး စံချိန်သစ်တင်၊ အင်္ဂလန် အုပ်စုပထမနဲ့ ရှုံးထွက်အဆင့်တက်
(Panama 0-2 England) VOC/ Sports/ June 27, 2026 ၂၀၂၆ ကမ္ဘာ့ဖလား Group L နောက်ဆုံးပွဲစဉ်မှာ အင်္ဂလန်အသင်းက ပနားမားအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိပြီး အုပ်စုပထမနေရာကို ရယူကာ ရှုံးထွက် ၃၂ သင်းအဆင့်သို့ တက်ရောက်သွားခဲ့ပါတယ်။ ပထမပိုင်းမှာ ပနားမားအသင်းရဲ့ ခံစစ်က အင်္ဂလန်အသင်းကို အခက်တွေ့စေခဲ့ပေမယ့် ဒုတိယပိုင်း ၆၂ မိနစ်မှာ ဘူကာယို ဆာကာရဲ့ ထောင့်ကန်ဘောကနေ ဂျုဒ် ဘယ်လင်ဂမ်က အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် ၆၇ မိနစ်မှာတော့ ဘယ်လင်ဂမ်ရဲ့ တိကျတဲ့ ဖြတ်တင်ဘောကို အသင်းခေါင်းဆောင် ဟယ်ရ
Jun 30


အစ္စရေးနှင့် လက်ဘနွန် ငြိမ်းချမ်းရေးအတွက် မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးပြီးစီးကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီးကြေညာ
VOC/ June 27, 2026 ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်၊ သောကြာနေ့က အမေရိကန်ဆိုင်ရာ အစ္စရေးနဲ့ လက်ဘနွန်သံအမတ်ကြီးများနဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းရေးဆီသို့ ပထမခြေလှမ်းအဖြစ် ဖော်ပြထားသည့် မူဘောင်သဘောတူညီချက်ကို နိုင်ငံခြားရေးဌာနမှာ လက်မှတ်ရေးထိုးပြီးစီးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ကြေညာပါတယ်။ သဘောတူညီချက်နဲ့ ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မျှဝေခြင်းမရှိဘဲ ဟစ်ဇ်ဘိုလာတပ်ဖွဲ့နဲ့ပတ်သတ်ပြီး မပါဝင်ဘူးလို့ သိရပါတယ်။ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကတော့ ဒ
Jun 30


Senthang တပ်ဖွဲ့ ကာကွယ်ရေးအတွင်းရေးမှူး နဲ့ ရဲဘော်တစ်ဦး ယာဉ်မတော်တဆမှုကြောင့်ကွယ်လွန်
VOC/ June 27, 2026 ချင်းပြည် ဟားခါးမြို့နယ်ထဲမှာ အခြေစိုက်လှုပ်ရှားနေတဲ့ ဆဲန်ထန်တော်လှန်ရေးတပ်ဖွဲ့ (Senthang Revolution Force - SRF) ရဲ့ ကာကွယ်ရေးအတွင်းရေးမှူး ဆလိုင်းထောင်ဇာကျဲအို နဲ့ ရဲဘော်ဘွဲ့ကျုံးတို့ ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်သွားတယ်လို့သိရပါတယ်။ ဆလိုင်းထောင်ဇာကျဲအို နဲ့ ရဲဘော်ဘွဲ့ကျုံးတို့နှစ်ဦးဟာ ဇွန်လ ၂၆ ရက်နေ့က အရေးကြီးတဲ့ကိစ္စရပ်တစ်ခုဖြင့် ခရီးထွက် ခွာခဲ့ကြရာ သွားရောက်ရမယ့်နေရာကို ရောက်ရှိမလာတာကြောင့် လိုက်လံရှာဖွေခဲ့ကြရာမှာ ယနေ့ ဇွန်လ ၂၇ ရက် မနက်ပိုင်းမှာ ဆူရ်ခ
Jun 30


၂၀၂၆ ကမ္ဘာ့ဖလား Group I နောက်ဆုံးပွဲမှာ ပြင်သစ်က နော်ဝေးကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
နော်ဝေးနည်းပြ Ståle Solbakken က ဟာလန်းအပါအဝင် အဓိကကစားသမား ၁၀ ဦးကို အနားပေးခဲ့တာကြောင့် ပရိသတ်တွေ မျှော်လင့်ခဲ့တဲ့ ဟာလန်းနဲ့ အမ်ဘာပေ ထိပ်တိုက်တွေ့ဆုံမှု မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ပွဲပြီးချိန်မှာတော့ ဟာလန်းက အမ်ဘာပေဆီ ကိုယ်တိုင်သွားပြီး ဖက်နှုတ်ဆက်ခဲ့ကာ ပြိုင်ဆိုင်မှုထက် အပြန်အလှန်လေးစားမှုနဲ့ အားကစားစိတ်ဓာတ်ကို ပြသခဲ့ပါတယ်။
Jun 30


လုံခြုံရေးတင်းကြပ်တဲ့ တရုတ်မြို့တော်ဘေဂျင်းမှာ အမြင့်ဆုံးအဆောက်အအုံကို လေယဉ်ငယ် တစ်စင်းဝင်ရောက်တိုက်မိမှုဖြစ်ပွား
VOC/ June 27, 2026 ဇွန်လ ၂၆ ရက် သောကြာနေ့ မွန်းလွဲပိုင်းက တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့က အမြင့်ဆုံးအဆောက်အအုံဖြစ်တဲ့ ၁၀၉ ထပ်မြင့် CITIC မျှော်စင်ကို လေယဉ်ငယ် တစ်စင်း ဝင်ရောက်တိုက်မိခဲ့ပါတယ်။ အဆောက်အအုံက အပျက်အစီးများ ပြုတ်ကျလာပြီး လေယဉ်ငယ်ရဲ့ အမြီးပိုင်း နဲ့ မြေပြင်ပေါ်က တက္ကစီကားတစ်စီး ပြတင်းပေါက် ကွဲသွားတာကို လူမှုကွန်ယက်က ရုပ်သံဖိုင်တွေမှာတွေ့ရပါတယ်။ ပေကျင်းပြည်သူ့လုံခြုံရေးဗျူရို နဲ့ ပေကျင်းမြူနီစပယ်အစိုးရတို့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားခြင်းဖို့ ငြင်းဆိုထားတယ် ဟုဆို
Jun 30


CDF-Hakha တပ်စခန်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်၊ ထိခိုက်မှုတချို့ရှိ
VOC/ June 27, 2026 ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha ရဲ့ တပ်စခန်း ၂ ခုကို အကြမ်းဖက်စစ်တပ်က မနေ့ညပိုင်းမှာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်လို့ ထိခိုက်ကျဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ CDF-Hakha တပ်ဖွဲ့ရဲ့ တပ်ရင်း ၁ နဲ့ တပ်ရင်း ၄ စခန်း ၂ နေရာကို အကြမ်းဖက်စစ်တပ်က မနေ့ည ၉ နာရီ ၅၀ မိနစ်ဝန်းကျင်မှာ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် CDF-Hakha တပ်ဖွဲ့က ရဲဘော်တချို့ကျဆုံးမှုရှိခဲ့သလို ဒဏ်ရာရရှိသူလည်း ရှိခဲ့တယ်လို့...
Jun 30


ကန်-တူရကီပွဲ၊ နောက်ဆုံးမိနစ် အနိုင်ဂိုးနဲ့ တူရကီ အနိုင်ရ
(တူရကီ ၃-၂ အမေရိကန်) VOC/ Sports/ June 26, 2026 ကြာသပတေးညက ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား Group D နောက်ဆုံးပွဲစဉ်မှာ တူရကီအသင်းက နာကျင်ချိန် နောက်ဆုံးမိနစ်မှာ အနိုင်ဂိုးသွင်းယူပြီး အိမ်ရှင် အမေရိကန်ကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်အသင်းကတော့ အုပ်စုအဆင့် ပထမနှစ်ပွဲနိုင်ထားတဲ့အတွက် ရှုံးနိမ့်ခဲ့ပေမယ့် ရှုံးထွက် ၃၂ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အမေရိကန်အသင်းအတွက် Auston Trusty က ပွဲစပြီး ၃ မိနစ်မှာ အဖွင့်ဂိုးသွင်းယူခဲ့ပေမယ့် ၁၀ မိနစ်မှာ Arda Güler က ချေပဂိုးပြ
Jun 30
bottom of page