ဟားခါးမြို့နယ် မာလ်ဆောမ်ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်
- thevoiceofchinland
- Jun 30
- 1 min read
VOC/ June 28, 2026
ဟားခါးမြို့နယ် မာလ်ဆောမ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ယနေ့ညနေပိုင်း ၄ နာရီဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
ဟားခါးမြို့ကနေ မိုင် ၄၀ လောက်ကွာဝေးတဲ့ မာလ်ဆောမ်ကျေးရွာကို ဒီကနေ့ ဇွန်လ ၂၈ ရက် ညနေပိုင်း ၄ နာရီဝန်းကျင်မှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မာလ်ဆောမ်ရွာက ဆေးရုံကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့ပေမယ့် ဆေးရုံကိုမထိဘဲ အနီးနားမှာကျရောက်ပေါက်ကွဲ ကာ လူနေအိမ်တချို့ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
ဇွန်လ ၂၆ ရက်နေ့ကလည်း ဟားခါးမြို့နယ်ထဲက CDF-Hakha တပ်စခန်း ၂ ခုကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက် ခိုက်ခဲ့တာကြောင့် တပ်ဖွဲ့ဝင်တချို့ကျဆုံးမှုရှိခဲ့ပါတယ်။









Comments