ယူကရိန်းက ရုရှားရေနံချက်စက်ရုံ ၂ ခုကို အဝေးပစ်တိုက်ခိုက်၊ “စစ်ပွဲအဆုံးသတ်ဖို့ ဖိအားပေးနေတယ်” ဟု ဇလန်စကီး ပြော
- thevoiceofchinland
- Jun 30
- 1 min read
VOC/ International/ June 28, 2026
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီးက ယူကရိန်းဖွဲ့စည်းပုံအခြေခံဥပဒေနေ့ဖြစ်တဲ့ ဇွန်လ ၂၈ ရက်မှာ ယူကရိန်းတပ်ဖွဲ့တွေက ရုရှားနိုင်ငံအတွင်းရှိ ရေနံချက်စက်ရုံ ၂ ခုကို အောင်မြင်စွာ အဝေးပစ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဇလန်စကီးရဲ့ ပြောကြားချက်အရ ရုရှားနိုင်ငံ Krasnodar ဒေသရှိ Slavyansk ရေနံချက်စက်ရုံကို ရှေ့တန်းစစ်မျက်နှာမှ ကီလိုမီတာ ၃၀၀ ခန့်အကွာအဝေးအထိ တိုက်ခိုက်နိုင်ခဲ့သလို၊ ယူကရိန်းနယ်စပ်မှ ကီလိုမီတာ ၇၀၀ ခန့်ဝေးတဲ့ Yaroslavl ဒေသရှိ ရေနံချက်စက်ရုံကိုလည်း ပစ်မှတ်ထား တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“ရုရှားရဲ့ စစ်ဆင်ရေးစွမ်းရည်ကို အားနည်းစေမယ့် စစ်ဆင်ရေး တွေကို ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်နေပါတယ်။ အဝေးပစ်တိုက်ခိုက်မှုတိုင်းဟာ ရုရှားစစ်စက်ယန္တရားကို အားပေးနေတဲ့ အရင်းအမြစ်တွေကို လျော့နည်းစေပြီး ငြိမ်းချမ်းရေးဆီ နောက်ထပ်တစ်လှမ်း တိုးစေပါတယ်” လို့ ဇလန်စကီးက X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုများကို ဆက်လက်တုံ့ပြန်သွားမယ်လို့လည်း ဇလန်စကီးက ပြောကြားခဲ့ပြီး၊ ယူကရိန်းတပ်ဖွဲ့ဝင်များနဲ့ နိုင်ငံကို ကူညီပံ့ပိုးပေးနေသူအားလုံးကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
Source: X/ Zelensky




Comments