top of page

မင်းတပ်မှာ အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အောက်မိန်းကလေးငယ် ၃ ဦးသေဆုံး

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 30
  • 1 min read

VOC/ Juen 29, 2026


ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အောက် မိန်းကလေးငယ် ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ယနေ့ဇွန်လ ၂၉ ရက် မနက် ၅ နာရီခွဲဝန်းကျင်မှာ တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက မင်းတပ်မြို့အနီး ကျေးရွာတစ်ရွာကို ဗုံးကြဲတိုက်ခိုက်ရာမှ အသက် ၇ နှစ်၊ ၈ နှစ် နဲ့ ၁၀ နှစ်အရွယ် မိန်းကလေးငယ် ၃ ဦး သေဆုံးခဲ့ရတာလို့ မင်းတပ်လေကြောင်းတိုက်ခိုက်မှုအခြေအနေကို ပုံမှန်ဖော်ပြနေတဲ့ မင်းတပ်ဒေသခံ HKL Mindat က ဖော်ပြပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုအပြင် ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့သိရပေမယ့် အသေးစိတ်အခြေ အနေကိုတော့မသိရပါဘူး။

အကြမ်းဖက်စစ်တပ်ဟာ ယနေ့ ညနေပိုင်း ၅ နာရီကျော်ကျော်လောက်မှာလည်း မင်းတပ်မြို့အနီးတနေရာကို ဗုံး ၄ လုံး ထပ်မံဗုံးကြဲခဲ့သလို ညနေပိုင်း ၆ နာရီခွဲကနေ ၇ နာရီခွဲ့ခန့်အထိ မင်းတပ်မြို့အရှေ့ခြမ်းဘက်ကို ဗုံးအလုံး ၃၀ ကျော် ကြဲ ချခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည် တောင်ပိုင်း မင်းတပ် နဲ့ ကန်ပက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားနေတာ တစ်လခန့်ရှိလာပြီဖြစ်ပြီး လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတာဖြစ်ပါတယ်။



 
 
 

Comments


bottom of page