top of page

Senthang တပ်ဖွဲ့ ကာကွယ်ရေးအတွင်းရေးမှူး နဲ့ ရဲဘော်တစ်ဦး ယာဉ်မတော်တဆမှုကြောင့်ကွယ်လွန်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 30
  • 1 min read

VOC/ June 27, 2026


ချင်းပြည် ဟားခါးမြို့နယ်ထဲမှာ အခြေစိုက်လှုပ်ရှားနေတဲ့ ဆဲန်ထန်တော်လှန်ရေးတပ်ဖွဲ့ (Senthang Revolution Force - SRF) ရဲ့ ကာကွယ်ရေးအတွင်းရေးမှူး ဆလိုင်းထောင်ဇာကျဲအို နဲ့ ရဲဘော်ဘွဲ့ကျုံးတို့ ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်သွားတယ်လို့သိရပါတယ်။

ဆလိုင်းထောင်ဇာကျဲအို နဲ့ ရဲဘော်ဘွဲ့ကျုံးတို့နှစ်ဦးဟာ ဇွန်လ ၂၆ ရက်နေ့က အရေးကြီးတဲ့ကိစ္စရပ်တစ်ခုဖြင့် ခရီးထွက် ခွာခဲ့ကြရာ သွားရောက်ရမယ့်နေရာကို ရောက်ရှိမလာတာကြောင့် လိုက်လံရှာဖွေခဲ့ကြရာမှာ ယနေ့ ဇွန်လ ၂၇ ရက် မနက်ပိုင်းမှာ ဆူရ်ခွါးမြို့အနီး လမ်းအောက်ဘက်မှာ ၎င်းတို့စီးနင်းလာတဲ့ မော်တော်ယာဉ် တိမ်းမှောက်နေတာကို တွေ့ရှိခဲ့ကြတာလို့ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

အဆိုပါမော်တော်ယာဉ်ကိုတွေ့ရှိတဲ့အချိန်မှာ ဆလိုင်း ထောင်ဇာကျဲအိုနဲ့ ရဲဘော်ဘွဲ့ကျုံးတို့ နှစ်ဦးစလုံးမှာ နေရာမှာပင် သေဆုံးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

SRF ကာကွယ်ရေးအတွင်းရေးမှူး ဆလိုင်းထောင်ဇာကျဲအိုမှာ ဇနီးနှင့် သမီးတစ်ဦး ကျန်ရစ်ခဲ့တယ်လို့သိရပါတယ်။



 
 
 

Comments


bottom of page