top of page

လုံခြုံရေးတင်းကြပ်တဲ့ တရုတ်မြို့တော်ဘေဂျင်းမှာ အမြင့်ဆုံးအဆောက်အအုံကို လေယဉ်ငယ် တစ်စင်းဝင်ရောက်တိုက်မိမှုဖြစ်ပွား

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 30
  • 1 min read

VOC/ June 27, 2026


ဇွန်လ ၂၆ ရက် သောကြာနေ့ မွန်းလွဲပိုင်းက တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့က အမြင့်ဆုံးအဆောက်အအုံဖြစ်တဲ့ ၁၀၉ ထပ်မြင့် CITIC မျှော်စင်ကို လေယဉ်ငယ် တစ်စင်း ဝင်ရောက်တိုက်မိခဲ့ပါတယ်။

အဆောက်အအုံက အပျက်အစီးများ ပြုတ်ကျလာပြီး လေယဉ်ငယ်ရဲ့ အမြီးပိုင်း နဲ့ မြေပြင်ပေါ်က တက္ကစီကားတစ်စီး ပြတင်းပေါက် ကွဲသွားတာကို လူမှုကွန်ယက်က ရုပ်သံဖိုင်တွေမှာတွေ့ရပါတယ်။ ပေကျင်းပြည်သူ့လုံခြုံရေးဗျူရို နဲ့ ပေကျင်းမြူနီစပယ်အစိုးရတို့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားခြင်းဖို့ ငြင်းဆိုထားတယ် ဟုဆိုပါတယ်။

လေယာဉ်ရဲ့မှတ်ပုံတင်ကုဒ်အရ ပြည်တွင်းထုတ် အပေါ့စားအားကစားလေယာဉ် Sunward SA 60L Aurora ကို ညွှန်ပြနေပြီး လေယာဉ်မှူးသင်တန်း၊ ကိုယ်ပိုင်အပန်းဖြေပျံသန်းမှုများနဲ့ လေကြောင်းဓာတ်ပုံရိုက်ကူးခြင်းတို့လို ဝန်ဆောင်မှုပေးတဲ့ ဒေသခံအထွေထွေလေကြောင်းကုမ္ပဏီတစ်ခုပိုင်ဆိုင်တာဖြစ်ပါတယ်။

Flightradar24 မှ ​​အတည်မပြုနိုင်တဲ့ လေယာဉ်ပျံသန်းမှုဒေတာများအရ လေယာဉ်ဟာ ပေကျင်းရှိ Shifosi လေဆိပ်မှ ပျံတက်ပြီးနောက် ပျံသန်းမှုလမ်းကြောင်း သိသိသာသာ လွဲချော်သွားခဲ့တာဖြစ်ပြီး အကြောင်းရင်းကို ဆက်လက်စုံစမ်းနေကြပါတယ်။


Source: X, Reuter



 
 
 

Comments


bottom of page