ဂျာမနီ၊ နယ်သာလန် နဲ့ ဂျပန် တို့ ကမ္ဘာ့ဖလား (၃၂) သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ရှုံးနိမ့်ပြီး ကမ္ဘာ့ဖလားကနေ ထွက်ခွါရ
- thevoiceofchinland
- Jun 30
- 1 min read
VOC/ June 30, 2026
မနေ့ည နဲ့ ဒီနေ့မနက်ပိုင်းမှာ ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလား ၃၂ သင်းရှုံးထွက်အဆင့်မှာ နာမည်ကြီးအသင်းတွေဖြစ်တဲ့ ဂျာမနီ၊ နယ်သာလန် နဲ့ ဂျပန်နိုင်ငံတို့ဟာ ပြိုင်ဘက်ကိုရှုံးနိမ့်ပြီး ကမ္ဘာ့ဖလားကနေ ထွက်ခွါရပြီဖြစ်ပါတယ်။
မနေ့ညမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလား (၃၂) သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ဂျပန်အသင်း နဲ့ ဘရာဇီးအသင်းတို့ ယှဉ်ပြိုင်ကစားရာမှာ ဘရာဇီးအသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းမှာ ဂျပန်အသင်းက (၁-၀) ရလာဒ်ဖြင့် ဦးဆောင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဘရာဇီးအသင်းက ခြေပဂိုး နဲ့ ပွဲပြီးခါနီးမှာ အနိုင်ဂိုးသွင်းယူကာ (၂-၁) ဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ယနေ့မနက်အစောပိုင်းမှာကျင်းပတဲ့ ကမ္ဘာ့ဖလား (၃၂) သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ဂျာမနီအသင်း နဲ့ ပါရာဂွေးအသင်းတို့ ကစားခဲ့ကြပြီး (၁-၁) ရလဒ်ဖြင့်သာပြီးဆုံးသွားပြီး ပယ်နယ်တီအဆုံးအဖြတ်မှာ ဂျာမနီအသင်း ဆုံးနိမ့်သွားတာဖြစ် ပါတယ်။
ဘောလုံးသမိုင်းမှာ ပင်နယ်တီကန်ရင် ဘယ်တော့မှ မရှုံးတတ်ဟု နာမည်ကြီးတဲ့ ဂျာမနီအသင်းအတွက်တော့ ကမ္ဘာ့ ဖလားသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ပင်နယ်တီအဆုံးအဖြတ် ရှုံးနိမ့်မှု အဖြစ် အိမ်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်၊၊
အလားတူ ဒီကနေ့မနက်ပိုင်းမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလား (၃၂) သင်းအဆင့်ရှုံးထွက်ပွဲမှာ နယ်သာလန် နဲ့ မော်ရိုကိုအသင်းတို့ ယှဉ်ပြိုင် ခဲ့ကြရာမှာလည်း (၁-၁) ရလဒ်ဖြင့် ပွဲပြီးဆုံးသွားပြီး ပယ်နယ်တီအဆုံးအဖြတ်မှာ နယ်သာလန်က ဆုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိယှဉ်ပြိုင်နေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကနေဒါ၊ ဘရာဇီး၊ ပါရာဂွေး နဲ့ မောရိုကို နိုင်ငံတို့က ၁၆ သင်းအဆင့်ကို တက်လှမ်းသွားပြီဖြစ်ပါတယ်။








Comments