top of page

“ဝ” ဒေသမှာ အသက် ၈၀ ကျော်အရွယ်မိခင်ကိုသတ်သွားတဲ့ သားဖြစ်သူကို UWSA က သေဒဏ်စီရင်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 30
  • 1 min read

VOC/ June 29, 2026


"ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် - UWSA ထိန်းချုပ်နယ်မြေ၊ ရှမ်းပြည်နယ် ဟိုပန်ခရိုင်၊ နမ့်တစ်မြို့မှာ အသက် (၈၀) ကျော်အရွယ်အမေအိုနဲ့ စကားများရန်ဖြစ်ရာကနေ လူသတ်မှုကျူးလွန်တဲ့သားဖြစ်သူကို "ဝ" ပြည်နယ်တရားစီရင်ရေး ဌာနက သေဒဏ်စီရင်ခဲ့တယ်လို့ Wa News Land သတင်းဌာနကဖော်ပြပါတယ်။

လူသတ်မှုကျူးလွန်သူ အမျိုးသားမှာ အသက် (၄၀) ကျော်အရွယ် Ping Suang Ling လို့အမည်ရပြီး တရုတ် - ကိုးကန့်လူမျိုးဖြစ်တယ်လို့သိရပါတယ်။

ဖြစ်စဉ်မှာ လွန်ခဲ့တဲ့ ၃ လလောက်က Ping Suang Ling ဟာ မိခင်ဖြစ်သူကို မြေကွက်ရောင်းရတဲ့ပိုက်ဆံ သူ့ဆီမပေးလို့ဆိုပြီး ကုတင်ပေါ်ကနေဆွဲချပြီး ရိုက်နှက်ခဲ့တာကြောင့် မိခင်ဖြစ်သူမှာသေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

မိခင်ဖြစ်သူကို ရည်ရွယ်ချက် ရှိရှိရိုက်နှက်ကာ လူသေစေတဲ့ထိ ကျူးလွန်ခဲ့တာကြောင့် "ဝ" ပြည်နယ် တရားဥအဒေအရ သေဒဏ်ချမှတ်တာဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက် နဲ့ ဧပြီ ၂ ရက်နေ့ကလည်း "ဝ" ပြည်နယ် တရားစီရင်ရေးဌာနက အမျိုးသား ၅ ဦးကို အများပြည်သူရှေ့မှာ သေဒဏ်စီရင်ခဲ့ပါတယ်။



 
 
 

Comments


bottom of page