ဟယ်ရီကိန်း ကမ္ဘာ့ဖလားသွင်းဂိုး စံချိန်သစ်တင်၊ အင်္ဂလန် အုပ်စုပထမနဲ့ ရှုံးထွက်အဆင့်တက်
- thevoiceofchinland
- Jun 30
- 1 min read
(Panama 0-2 England)
VOC/ Sports/ June 27, 2026
၂၀၂၆ ကမ္ဘာ့ဖလား Group L နောက်ဆုံးပွဲစဉ်မှာ အင်္ဂလန်အသင်းက ပနားမားအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိပြီး အုပ်စုပထမနေရာကို ရယူကာ ရှုံးထွက် ၃၂ သင်းအဆင့်သို့ တက်ရောက်သွားခဲ့ပါတယ်။
ပထမပိုင်းမှာ ပနားမားအသင်းရဲ့ ခံစစ်က အင်္ဂလန်အသင်းကို အခက်တွေ့စေခဲ့ပေမယ့် ဒုတိယပိုင်း ၆၂ မိနစ်မှာ ဘူကာယို ဆာကာရဲ့ ထောင့်ကန်ဘောကနေ ဂျုဒ် ဘယ်လင်ဂမ်က အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။
အဲဒီနောက် ၆၇ မိနစ်မှာတော့ ဘယ်လင်ဂမ်ရဲ့ တိကျတဲ့ ဖြတ်တင်ဘောကို အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ခေါင်းတိုက်သွင်းယူပြီး အင်္ဂလန်ရဲ့ အနိုင်ရလဒ်ကို အတည်ပြုပေးခဲ့ပါတယ်။
ဒီဂိုးဟာ ဟယ်ရီကိန်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ၁၁ ဂိုးမြောက်ဖြစ်ပြီး၊ ဂယ်ရီ လိုင်နီကာရဲ့ ၁၀ ဂိုး စံချိန်ကို ကျော်ဖြတ်ကာ အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားသွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်သစ် ရေးထိုးနိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာ ကိန်းက “ကမ္ဘာ့ဖလားဟာ ပရော်ဖက်ရှင်နယ် ကစားသမားတိုင်းအတွက် အကြီးကျယ်ဆုံး ပြိုင်ပွဲပါ။ ၁၁ ဂိုးအထိ သွင်းနိုင်တာ ဂုဏ်ယူစရာပါ။ ဒီပြိုင်ပွဲမှာ နောက်ထပ်ဂိုးတွေ သွင်းနိုင်ဖို့လည်း မျှော်လင့်ပါတယ်” လို့ BBC ကို ပြောကြားခဲ့ပါတယ်။
ဘယ်လင်ဂမ်ကလည်း “သူနဲ့အတူ ကစားရတာ ဂုဏ်ယူပါတယ်။ သူဟာ အင်္ဂလန်သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားဖြစ်ပြီး ပွဲကြီးတွေမှာ အမြဲကွာခြားမှု ဖန်တီးပေးနိုင်သူပါ” လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။
Source : ESPN




Comments