top of page

အမေရိကန် လွတ်လပ်ရေး ၂၅၀ နှစ်ပြည့် အထိမ်းအမှတ်မတိုင်မီ Thunderbirds လေပြအဖွဲ့ Las Vegas ကောင်းကင်ယံတွင် လေကြောင်းသရုပ်ပြ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 30
  • 1 min read

VOC/ International/ June 29, 2026


အမေရိကန် လွတ်လပ်ရေး ၂၅၀ နှစ်ပြည့် (America250) အထိမ်းအမှတ်နဲ့ ဇူလိုင် ၄ ရက် လွတ်လပ်ရေးနေ့ အခမ်းအနားမတိုင်မီ အမေရိကန်လေတပ်ရဲ့ နာမည်ကျော် Thunderbirds လေကြောင်းသရုပ်ပြအဖွဲ့ဟာ Las Vegas Strip ကောင်းကင်ယံမှာ အနီ၊ အဖြူ၊ အပြာ အရောင်ခြယ်ထားတဲ့ F-16 တိုက်လေယာဉ်တွေနဲ့ တိကျညီညာတဲ့ လေကြောင်းသရုပ်ပြပျံသန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Thunderbirds အဖွဲ့ဟာ အံ့မခန်းလေကြောင်းပြသမှုတွေအတွက် လူသိများပေမယ့် လိုအပ်လာပါက ၇၂ နာရီအတွင်း စစ်ဆင်ရေးတာဝန်ထမ်းဆောင်နိုင်တဲ့ တိုက်ခိုက်ရေးအဖွဲ့အဖြစ် ပြောင်းလဲနိုင်စွမ်း ရှိကြောင်း အမေရိကန်လေတပ်က ပြောကြားထားပါတယ်။

အဆိုပါ လေကြောင်းသရုပ်ပြဟာ အမေရိကန်နိုင်ငံရဲ့ ၂၅၀ နှစ်ပြည့် အထိမ်းအမှတ် (America250) အခမ်းအနားများအတွက် စတင်ကျင်းပနေတဲ့ ဂုဏ်ပြုပွဲအစီအစဉ်တစ်ရပ်လည်း ဖြစ်ပါတယ်။



 
 
 

Comments


bottom of page