CDF-Hakha တပ်စခန်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်၊ ထိခိုက်မှုတချို့ရှိ
- thevoiceofchinland
- Jun 30
- 1 min read
VOC/ June 27, 2026
ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha ရဲ့ တပ်စခန်း ၂ ခုကို အကြမ်းဖက်စစ်တပ်က မနေ့ညပိုင်းမှာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်လို့ ထိခိုက်ကျဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
CDF-Hakha တပ်ဖွဲ့ရဲ့ တပ်ရင်း ၁ နဲ့ တပ်ရင်း ၄ စခန်း ၂ နေရာကို အကြမ်းဖက်စစ်တပ်က မနေ့ည ၉ နာရီ ၅၀ မိနစ်ဝန်းကျင်မှာ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် CDF-Hakha တပ်ဖွဲ့က ရဲဘော်တချို့ကျဆုံးမှုရှိခဲ့သလို ဒဏ်ရာရရှိသူလည်း ရှိခဲ့တယ်လို့ ကနဦးစုံစမ်းသိရှိရပါတယ်။
ဒီကနေ့ ဇွန်လ ၂၇ ရက်မနက်ပိုင်း ၆ နာရီဝန်းကျင်မှာလည်း ကဘောဒေသဘက် ချင်းအမျိုးသားတပ်မတော် CNA တပ်စခန်းတစ်ခုကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုတချို့ရှိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ချင်းပြည်ကို ဒီရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန် ဆက်တိုက်ပြုလုပ်နေပြီး အထူးသဖြင့် ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့ကို ပိုမိုတိုက်ခိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ကလည်း CDF-Zophei ဌာနချုပ်ကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၈ စီးဖြင့် ဗုံးအလုံး ၆၀ ကျော်ဖြင့် တိုက်ခိုက်ခဲ့ပြီး ဇိုဖေရမ်းကောင်စီ ကျန်းမာရေးဌာနအတွင်းရေးမှူး Van Dawt Chin ကျဆုံးခဲ့ရပါတယ်။




Comments