top of page

ရော်နယ်ဒိုနဲ့ ဂျိမ်းစ် ပွဲမတိုင်မီ ဖက်နှုတ်ဆက်၊ ကိုလံဘီယာ ပေါ်တူဂီကို သရေကစားပြီး အုပ်စုပထမရ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 30
  • 1 min read

(Portugal 0-0 Colombia)


VOC/ Sports/ June 27, 2026


၂၀၂၆ ကမ္ဘာ့ဖလား Group K နောက်ဆုံးပွဲစဉ်မှာ ပေါ်တူဂီအသင်းနဲ့ ကိုလံဘီယာအသင်းတို့ ဂိုးမရှိသရေကျခဲ့ပြီး နှစ်သင်းစလုံး ရှုံးထွက် ၃၂ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ကိုလံဘီယာအသင်းက အုပ်စုပထမနေရာကို ရယူနိုင်ခဲ့ပြီး ပေါ်တူဂီအသင်းကတော့ အုပ်စုဒုတိယနဲ့ တက်ရောက်ခဲ့ပါတယ်။

ပွဲမတိုင်မီ အသင်းခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ဂျိမ်းစ် ရိုဒရီဂွက်ဇ်တို့ အချင်းချင်း ဖက်နှုတ်ဆက်ခဲ့ကြပြီး၊ ရီးယဲလ်မက်ဒရစ်အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဂန္ထဝင်ကစားသမားနှစ်ဦး ပြန်လည်ရင်ဆိုင်ခဲ့ကြတာကို ပရိသတ်တွေ စိတ်ဝင်စားစွာ စောင့်ကြည့်ခဲ့ကြပါတယ်။

နှစ်သင်းစလုံး အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ကိုလံဘီယာက တိုက်စစ်ပိုင်းမှာ ပိုမိုဖိအားပေးနိုင်ခဲ့သလို ပေါ်တူဂီကလည်း တန်ပြန်တိုက်စစ်တွေနဲ့ အန္တရာယ်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နှစ်ဖက်ခံစစ်နဲ့ ဂိုးသမားတွေရဲ့ လက်စွမ်းပြမှုတွေကြောင့် ဂိုးမပေါ်ခဲ့ဘဲ ဂိုးမရှိသရေနဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာတော့ ကိုလံဘီယာနောက်ခံလူ ဒါဗင်ဆန် ဆန်းချက်ဇ်က ခေါင်းတိုက်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် VAR စစ်ဆေးချက်အရ ခြေတစ်ဖဝါးစာ လူကျွံနေခဲ့တာကြောင့် ဂိုးအဖြစ် သတ်မှတ်မခံခဲ့ရပါဘူး။

ဒီရလဒ်ကြောင့် ကိုလံဘီယာအသင်းက ရှုံးထွက်အဆင့်မှာ ဂါနာအသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပြီး၊ ပေါ်တူဂီအသင်းကတော့ ခရိုအေးရှားအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာလည်း ရီးယဲလ်မက်ဒရစ်အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ လူကာ မိုဒရစ်တို့ ထပ်မံ ထိပ်တိုက်တွေ့ဆုံကြမှာ ဖြစ်ပါတယ်။


Source: ESPN, X



 
 
 

Comments


bottom of page