ယောဒေသ လောင်းရှည်တိုက်နယ် နတ်ကောင်းကျင်းရွာ လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၄ ဦးသေဆုံး
- thevoiceofchinland
- Jun 30
- 1 min read
VOC/ June 29, 2026
မကွေးတိုင်း ယောဒေသ ဆောမြို့နယ် လောင်းရှည်တိုက်နယ်ထဲကက နတ်ကောင်းကျင်းရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၂၇ ရက် ညနေပိုင်း ၄ နာရီဝန်းကျင်မှာ တံတားဦးလေတပ်ကနေ တက်လာတဲ့ဂျက်ဖိုက်တာ ၂ စီးက နတ်ကောင်းကျင်းရွာကို မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂ ကြိမ်ဗုံးကြဲခဲ့တာဖြစ်တယ်လို့ ယောအလင်းတန်းကဖော်ပြပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ(၄)ဦးသေဆုံးကာ (၉)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါ တယ်။
ဒါ့အပြင် နတ်ကောင်းကျင်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းအပါအ၀င် နေအိမ်(၁၀)လုံးခန့် မီးလောင်ကျွမ်းခဲ့ တယ်လို့ယောအလင်းတန်းကဆိုပါတယ်။
ယခုရက်ပိုင်းအတွင်း ချင်းပြည် နဲ့ ယောနယ်ဘက်တွေမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေသလို လေကြောင်းကနေလည်း လက်နက်ခဲယမ်းရိက္ခာထုတ်ချတာတွေကို နေ့စဉ်ပြုလုပ်နေ တယ်လို့ သိရပါတယ်။
ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကိုအမြဲဂရုစိုက်ကြဖို့ တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါ တယ်။
လက်ရှိမှာလည်း စစ်ရေးအခြေအနေကြောင့် ယောဒေသ လောင်းရှည်–ကပစ (၂၅) လမ်းပိုင်း၊ အင်းဘူး–လောင်းရှည် လမ်းပိုင်း၊ ပိန်းချောင်း–လောင်းရှည် လမ်းပိုင်း၊ သီးကုန်း–လောင်းရှည် လမ်းပိုင်းတွေကို အသွားအလာ မပြုလုပ်ကြဖို့ ဂန့်ဂေါခရိုင် အမှတ် (၆) တပ်ရင်း ယနေ့ ဇွန်လ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
ရုပ်သံ- ယောအလင်းတန်း




Comments