မက်ဆီ Free Kick နဲ့ သမိုင်းဝင်စံချိန်သစ်တင်၊ အာဂျင်တီးနားက ဂျော်ဒန်ကို ၃-၁ ဖြင့် အနိုင်ရ
- thevoiceofchinland
- Jun 30
- 1 min read
VOC/ Sports/ June 28, 2026
၂၀၂၆ ကမ္ဘာ့ဖလား Group J နောက်ဆုံးပွဲစဉ်မှာ အာဂျင်တီးနားအသင်းက ဂျော်ဒန်အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိပြီး အုပ်စုအဆင့် သုံးပွဲစလုံး အနိုင်ရကာ အုပ်စုဗိုလ်အဖြစ် ရှုံးထွက် ၃၂ သင်းအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။
အာဂျင်တီးနားအတွက် ဂိုးတွေကို Giovani Lo Celso၊ Lautaro Martínez (ပင်နယ်တီ) နဲ့ လူစားဝင်ကစားသမား လီယွန်နယ် မက်ဆီတို့က သွင်းယူခဲ့ပြီး ဂျော်ဒန်အတွက် တစ်လုံးတည်းသောဂိုးကို Mousa Al-Tamari က သွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ အသက် ၃၉ နှစ်အရွယ် မက်ဆီဟာ Free Kick ကနေ လှပတဲ့ဂိုးတစ်ဂိုး သွင်းယူခဲ့ပြီး ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ၇ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမား အဖြစ် စံချိန်သစ် ရေးထိုးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် အဆိုပါဂိုးဟာ မက်ဆီရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ၆ ဂိုးမြောက်ဖြစ်လာခဲ့ပြီး Golden Boot ဆုအတွက် ဂိုးသွင်းအများဆုံးစာရင်းကိုလည်း ဆက်လက်ဦးဆောင်နေပါတယ်။
ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင်တဲ့ ဂျော်ဒန်အသင်းကတော့ ရှုံးနိမ့်ခဲ့ပေမယ့် အုပ်စုအဆင့် သုံးပွဲစလုံးမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ မှတ်တမ်းကို ရယူနိုင်ခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဟာ ရှုံးထွက် ၃၂ သင်းအဆင့်မှာ Cape Verde အသင်းနဲ့ မိုင်ယာမီမြို့၌ ဆက်လက်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
Source: ESPN, X




Comments