အမေရိကန်-အီရန် တိုက်ခိုက်မှုများ ခေတ္တရပ်တန့်၊ ဒိုဟာတွင် ဆွေးနွေးမှုများ ပြန်လည်စတင်မည်ဟု ထရမ့် ပြော
- thevoiceofchinland
- Jun 30
- 1 min read
VOC/ International/ June 29, 2026
ဟော်မုဇ်ရေလက်ကြားအနီး လေးရက်ကြာ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်နဲ့ အီရန်တို့အကြား တိုက်ခိုက်မှုများကို “လောလောဆယ် ခေတ္တရပ်တန့်ထားမည်” ဖြစ်ကြောင်း အမေရိကန်အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ကလည်း Truth Social တွင် “အီရန်က တွေ့ဆုံဆွေးနွေးရန် တောင်းဆိုထားပြီး မနက်ဖြန် ကာတာနိုင်ငံ ဒိုဟာတွင် ဆွေးနွေးပွဲ ပြုလုပ်မည်” ဟု ရေးသားခဲ့ပါတယ်။
အမေရိကန်အရာရှိတစ်ဦး၏ ပြောကြားချက်အရ နှစ်ဖက်စလုံးက ပင်လယ်ကွေ့ဒေသတွင် ရန်လိုမှုများ လျှော့ချရန်နှင့် ဟော်မုဇ်ရေလက်ကြားမှ သင်္ဘောများ လွတ်လပ်စွာ သွားလာနိုင်ရေးအတွက် ဆွေးနွေးမှုများ ပြန်လည်စတင်ရန် သဘောတူထားကြောင်း သိရပါတယ်။
တစ်ချိန်တည်းမှာပဲ အီရန်သမ္မတ မာဆူဒ် ပေဇက်ရှ်ကီယန်က ကာတာတွင် ဆိုင်းငံ့ထားသည့် အီရန်ပိုင်ဆိုင်မှု ဒေါ်လာ ၁၂ ဘီလီယံအနက် ဒေါ်လာ ၆ ဘီလီယံကို ပြန်လည်လွှတ်ပေးမည်ဟု ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်အရာရှိများကတော့ အဆိုပါပိုင်ဆိုင်မှုများ မလွှတ်ပေးရသေးကြောင်း ပြောဆိုထားပါတယ်။
မကြာသေးမီက တိုက်ခိုက်မှုများကြောင့် ဟော်မုဇ်ရေလက်ကြားလုံခြုံရေးအပေါ် စိုးရိမ်မှု မြင့်တက်ခဲ့ပြီး ရေနံဈေးနှုန်းများလည်း အနည်းငယ် မြင့်တက်ခဲ့ပါတယ်။




Comments