top of page

ထိုင်းနိုင်ငံမှာ ၁၁ နှစ်အရွယ်မောင်းလာတဲ့ကားက လမ်းဘေးကြွချီနေတဲ့ သံဃာတော်တွေတိုက်လို့ ၈ ပါး ပျံလွန်တော်မူ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jul 2
  • 1 min read

VOC/ July 2, 2026


ထိုင်းနိုင်ငံ မု(ခ်)ဒါဟန်ခရိုင်မှာ ယနေ့နေ့လည်ပိုင်း ၁၁ နာရီဝန်းကျင်မှာ အသက် ၁၁ နှစ်အရွယ်မောင်းလာတဲ့ ကားတစ်စီး က လမ်းဘေးမှာဆွမ်းခံပြီး ပြန်လာတဲ့ သံဃာတော်တွေကို အရှိန်ပြင်းစွာ ဝင်တိုက်ရာမှာ ၈ ပါး ပျံလွန်တော်မူပြီး ၁၃ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖော်ြပပါတယ်။

ယာဉ်မောင်းသူမှာ ဥာဏ်ရည်ဖွံ့ဖြိုးမှုလိုအပ်ချက်ရှိသော အသက် ၁၁ နှစ်အရွယ် ကလေးတဦးဖြစ်ပြီး မိဘတွေရဲ့ ကားကို ခိုးယူမောင်းနှင်ရာကနေ ယခုလို မတော်တဆမှု ဖြစ်ပွားခဲ့တာလို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။


Video- Social Media



 
 
 

Comments


bottom of page