top of page

မောင်တောမှာ စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရ၊ စစ်သုံ့ပန်း ဗိုလ်ကြီး ၁ ဦးအပါဝင် ၄ ဦး သေဆုံး

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jul 3
  • 1 min read

VOC/ July 3, 2026


ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာက စစ်သုံ့ပန်းတွေထားရှိတဲ့ အကျဉ်းစခန်းကို အကြမ်းဖက် စစ်တပ် က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာမှာ စစ်သုံ့ပန်းဗိုလ်ကြီး ၁ ဦးအပါအဝင် အကျဉ်းသား ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

မနေ့ဇူလိုင် ၂ ရက် ညနေ ၃ နာရီဝန်းကျင်မှာ ကြိမ်ချောင်းကျေးရွာ အကျဉ်းစာခန်းကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံး ၆ လုံး၊ Y-12 လေယာဉ် ၁ စီးဖြင့် ဗုံး ၂၇ လုံး စုစုပေါင်း ဗုံး ၃၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ရခိုင်ဘက်ကလာတဲ့ သတင်းတွေကဖော်ပြပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အာရက္ခတပ်တော်က ဖမ်းဆီးခံထားတဲ့ စစ်သုံ့ပန်းတွေထဲက ဗိုလ်ကြီး ၁ ဦး နဲ့ တပ်သား ၃ ဦး စုစုပေါင်း ၄ ဦး နေရာမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အအုံတွေ လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။



 
 
 

Comments


bottom of page