အမေရိကန်သမ္မတကို ရာထူးမှဖယ်ရှားဖို့ တောင်းဆိုဆန္ဒပြခဲ့တဲ့အမေရိကန်လေတပ်ဗိုလ်မှူးကို ဖမ်းဆီး
- thevoiceofchinland
- Jul 3
- 1 min read
VOC/ July 2, 2026
အမေရိကန်သမ္မတ ထရမ့်ကို ရာထူးမှ ဖြုတ်ချပေးဖို့ တောင်းဆိုဆန္ဒပြခဲ့တဲ့ အမေရိကန်လေတပ်ဗိုလ်မှူးဂျေဆန်ဝပ်ဆန်ကို ရဲများက ဝါရှင်တန်ဒီစီက အမျိုးသားလွှတ်တော်အဆောက်အအုံလှေကားထစ်မှာ အမိန့်မနာခံမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ဇူလိုင်လ ၁ ရက်နေ့က လေတပ်ဗိုလ်မှူးJason Watson ဟာ သမ္မတကို ရာထူးမှ ဖယ်ရှားပေးဖို့ ဆန္ဒပြနေတုန်း ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ ဆန္ဒပြသူတစ်ဦးဟာ ကွန်ဂရက်လွှတ်တော်အမတ်တစ်ဦးနဲ့ အတူရှိမနေပါက ဥပဒေနဲ့ဆန့်ကျင်ရာရောက်ပါတယ်။
Watson ဟာ Removal Coalition အဖွဲ့က ဦးဆောင်တဲ့ ရာထူးမှဖြုတ်ချရေးသတင်းစာရှင်းလင်းပွဲအပြီးမှာ ရဲတပ်ဖွဲ့က ရပ်တန့်ဖို့ သတိပေးအပြီး ဖမ်းဆီးခံရတာဖြစ်ပါတယ်။ သူဟာ ၂၀၀၅ ခုနှစ်က စတပ်ပြီး တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာ ပိုလန်နိုင်ငံမှာ ထောက်ပံ့ပို့ဆောင်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေကာ ရာထူးကနေ ခွင့်ယူထားပါတယ်။
အမေရိကန်အကျိုးစီးပွားအတွက် ခြိမ်းခြောက်မှုမရှိဘဲ ဒါမှမဟုတ် ကွန်ဂရက်ရဲ့ ခွင့်ပြုချက်မရှိဘဲ အီရန်နဲ့ ဗင်နီဇွဲလားကို စစ်ရေးတိုက်ခိုက်မှုတွေ အမိန့်ပေးခြင်းဟာ သမ္မတအနေနဲံ့ စစ်အာဏာရှင်အက်ဥပဒေကို ချိုးဖောက်တဲ့အတွက် ရာထူးမှ ဖြုတ်ချသင့်တယ်လို့ သူက ဆိုပါတယ်။ “ဒီချိုးဖောက်မှုတွေကြောင့် ဝန်ထမ်း ၁၃ ဦး သေဆုံးပြီး ရာနဲ့ချီပြီး ဒဏ်ရာရရှိခဲ့ပါတယ်” လို့လည်း သူက ပြောဆိုသွားပါတယ်။
Source - The Washington Post




Comments