Phyu Phyu Kyaw Thein
- thevoiceofchinland
- Jun 25
- 1 min read
ပြည်သူချစ်တဲ့ နိုင်ငံကျော်အဆိုတော် ဖြူဖြူကျော်သိန်းက မြန်မာနိုင်ငံအတွင်း မွေးရာပါ အခြေခံအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များ၊ ဘာသာရေးလွတ်လပ်ခွင့်၊ တရားမျှတမှုနှင့် လူသားဂုဏ်သိက္ခာတို့အတွက် အလေးအနက်ထား တိုက်တွန်းထားသည့် ဗီဒီယိုမက်ဆေ့ချ်တစ်ခုကို CHRO တွင် မျှဝေခဲ့ပါတယ်။
“စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ တရားမျှတမှု၊ အပြန်အလှန်လေးစားမှုနဲ့ လူသားချင်းစာနာမှုကနေသာ ဖြစ်ပေါ်လာနိုင်ပါတယ်” ဟု သူမက ပြောကြားထားပြီး အကြမ်းဖက်မှုများ၊ နေရပ်စွန့်ခွာထွက်ပြေးရမှုများနှင့် ဖိနှိပ်မှုများကြား ရင်ဆိုင်နေရသော မြန်မာပြည်သူများကို မမေ့လျော့ကြရန်လည်း သူမတိုက်တွန်းထားပါတယ်။
မြန်မာပြည်သူများ မျှော်လင့်တောင့်တနေသည့် မွေးရာပါ အခြေခံအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များ၊ စစ်မှန်သော ငြိမ်းချမ်းရေးနှင့် တရားမျှတမှုများ ပြန်လည်ရရှိနိုင်ရန်အတွက် အားလုံးအတူတကွ ရပ်တည်ကြပါစို့။




Comments