top of page

အမေရိကန်နှင့် နောက်ဆုံးသဘောတူညီချက်ရပြီးမှသာ IAEA စစ်ဆေးရေးမှူးများကို ခွင့်ပြုမည်ဟု အီရန်ပြော

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 25
  • 1 min read

VOC/ International/ June 24, 2026


အီရန်နိုင်ငံက ကုလသမဂ္ဂ လက်အောက်ခံ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ နျူကလီးယားစစ်ဆေးရေးမှူးများကို အမေရိကန်နှင့် နောက်ဆုံးသဘောတူညီချက် ရရှိပြီးမှသာ နိုင်ငံအတွင်း ဝင်ရောက်စစ်ဆေးခွင့်ပြုမည်ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmaeil Baqaei က IAEA စစ်ဆေးမှုများသည် အမေရိကန်နှင့် လက်ရှိဆွေးနွေးနေသည့် နောက်ဆုံးနျူကလီးယားသဘောတူညီချက်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သဘောတူညီချက် အပြီးသတ်မရမချင်း စစ်ဆေးရေးမှူးများ ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ယင်းထုတ်ပြန်ချက်သည် IAEA ညွှန်ကြားရေးမှူးချုပ် Rafael Grossi က အီရန်ရှိ ယူရေနီယမ်သန့်စင်ရေးစက်ရုံများသို့ စစ်ဆေးရေးမှူးများ မကြာမီ ပြန်လည်ဝင်ရောက်နိုင်မည်ဟု ပြောကြားခဲ့ပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်နှင့် အမေရိကန်အစိုးရ တာဝန်ရှိသူများက အီရန်သည် IAEA စစ်ဆေးမှုများကို လက်ခံရန် သဘောတူထားကြောင်း ပြောဆိုထားသော်လည်း တီဟီရန်ဘက်ကတော့ ယင်းအချက်ကို အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။

အီရန်နှင့် အမေရိကန်တို့ကြား ရက်ပေါင်း ၆၀ အတွင်း နောက်ဆုံးနျူကလီးယားသဘောတူညီချက်တစ်ရပ် ရရှိရေး ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေပြီး IAEA စစ်ဆေးမှုကိစ္စမှာ အဓိက အငြင်းပွားဖွယ် အကြောင်းအရာတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပါတယ်။


Source – AP, Reuters



 
 
 

Comments


bottom of page