top of page

ပြင်သစ်ဒေသအချို့တွင် ဆာဟာရသဲကန္တာရထက်ပင် ပိုပူပြီး၊ တစ်ပတ်အတွင်း ရေနစ်သေဆုံးသူ ၄၀ ဦးရှိ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 25
  • 1 min read

VOC/ International/ June 23, 2026


ဥရောပနိုင်ငံအများအပြားမှာ အစောပိုင်း နွေရာသီအပူလှိုင်း ပြင်းထန်စွာ ကျရောက်နေပြီး လူသန်းပေါင်းများစွာ အပူဒဏ်ကို ခံစားနေရပါတယ်။ ပြင်သစ်နိုင်ငံမှာတော့ အဲကွန်းအသုံးပြုမှု ကျယ်ကျယ်ပြန့်ပြန့် မရှိခြင်းကြောင့် ပြည်သူများ အပူဒဏ်ကို ပိုမိုခံစားနေရပါတယ်။

အင်္ဂါနေ့က ဥရောပနိုင်ငံအများအပြားတွင် အပူချိန်များ အလွန်အမင်း မြင့်တက်ခဲ့ပြီး ပြင်သစ်နိုင်ငံရှိ မြို့အများအပြားမှာ နေ့ဘက်အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်၊ ၁၀၄ ဒီဂရီဖာရင်ဟိုက် ကျော်အထိ ရောက်ရှိခဲ့ပါတယ်။

အပူရှောင်ရန် မြစ်များ၊ ရေကန်များနှင့် ကမ်းခြေများသို့ သွားရောက်ရေကူးသူများ များပြားလာရာ ပြင်သစ်တွင် ပြီးခဲ့သည့် တစ်ပတ်အတွင်း ရေနစ်သေဆုံးသူ ၄၀ ဦးအထိ ရှိခဲ့ကြောင်း အာဏာပိုင်များက ပြောပါတယ်။

သေဆုံးသူအများစုမှာ လူငယ်များဖြစ်ကြပြီး လုံခြုံရေးစောင့်ကြည့်မှုမရှိသော နေရာများတွင် ရေဆင်းကူးခြင်းကြောင့် ဖြစ်ပွားခဲ့ကြောင်း ပြင်သစ်အစိုးရတာဝန်ရှိသူများက သတိပေးထားပါတယ်။

ပြင်သစ်ဝန်ကြီးချုပ် Sébastien Lecornu က သေဆုံးသူအများစုဟာ လူငယ်တွေဖြစ်ကြပြီး အပူလှိုင်းကာလအတွင်း လုံခြုံရေးစောင့်ကြည့်မှုမရှိတဲ့ မြစ်တွေ၊ ရေကန်တွေမှာ ရေဆင်းကူးခြင်းရဲ့ အန္တရာယ်ကို သတိပေးခဲ့ပါတယ်။

ပြင်သစ် အမျိုးသားမိုးလေဝသဌာန Meteo France က နိုင်ငံရဲ့ တစ်ဝက်နီးပါးရှိ ဒေသ ၅၄ ခုကို အမြင့်ဆုံးအဆင့်ဖြစ်တဲ့ အနီရောင် အပူလှိုင်းသတိပေးချက် ထုတ်ပြန်ထားပါတယ်။

ပြင်သစ်နိုင်ငံ၏ ဒေသအချို့တွင် အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ် (၁၀၇ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်တက်ခဲ့ပြီး နေ့ဘက်အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်ကို ဆက်တိုက် ကြုံတွေ့နေရပါတယ်။ တစ်ချိန်တည်းမှာပင် ဆာဟာရသဲကန္တာရ၏ နေရာအချို့ထက်ပင် ပိုမိုပူပြင်းခဲ့ကြောင်း သိရပါတယ်။

အပူဒဏ်ကြောင့် ပြင်သစ်မှာ ကျောင်းအချို့ ပိတ်ထားရသလို အများပြည်သူသယ်ယူပို့ဆောင်ရေးနဲ့ အားကစားပွဲအချို့လည်း ထိခိုက်မှုတွေ ရှိနေပါတယ်။ ပါရီမြို့ရှိ Eiffel Tower ကိုလည်း ပုံမှန်ထက် စောပြီး ပိတ်ထားခဲ့ရပါတယ်။

ဒေသဆိုင်ရာ အပူချိန်စံချိန်တွေကို ချိုးဖျက်ခဲ့ပါတယ်။ မိုးလေဝသပညာရှင်တွေကတော့ ယခုသီတင်းပတ်ကုန်အထိ အပူချိန်မြင့်မားမှု ဆက်လက်ရှိနိုင်ပြီး တချို့ဒေသတွေမှာ ယခင်စံချိန်တွေကိုပါ ကျော်လွန်နိုင်တယ်လို့ သတိပေးထားပါတယ်။ ပြင်သစ်ဟာ ဇွန်လအတွက် အပူဆုံးနေ့နဲ့ အပူဆုံးည စံချိန်တွေကို ဆက်တိုက် ကြုံတွေ့ခဲ့ရတယ်လို့ BBC က ဖော်ပြထားပါတယ်။


Source: Reuters, BBC



 
 
 

Comments


bottom of page