စစ်တပ်ရဲ့ Mi-17 ရဟတ်ယာဉ်ကို တော်လှန်ရေးပူးပေါင်းတပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်တဲ့ ရုပ်သံ
- thevoiceofchinland
- Jun 25
- 1 min read
VOC/ June 23, 2026
အကြမ်းဖက်စစ်တပ်ရဲ့ Mi-17 စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် (၁) စီး ကို ဒီကနေ့ ဇွန် ၂၃ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အသေခံဒရုန်းဖြင့် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပခုက္ကူခရိုင်ပကဖ၊ ပေါက်ပကဖ၊ မြိုင်ပကဖ၊ မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းသင်တန်းသားတွေနဲ့ MGY-PDF၊ အညာဖိုက်တာ Localတပ်ဖွဲ့၊ စကားပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ပကဖ အသံ က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် တနေရာမှာ စစ်ရဟတ်ယာဉ်ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က သေဆုံး ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ကနဦး သိရှိရကာ အသေးစိတ် ထပ်မံ ထုတ်ပြန်သွားမယ်လို့ ပကဖအသံက ပြောပါတယ်။




Comments