top of page

အကြမ်းဖက်စစ်တပ်က အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခဲ့တဲ့ တပ်သား (၁၆)ဦး ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့(KNDO) ထံအလင်း၀င်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 25
  • 1 min read

VOC/ June 21, 2026


အကြမ်းဖက်စစ်တပ်က အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခဲ့တဲ့ တပ်သား ၁၆ ဦးဟာ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO တပ်ရင်း ၃ ထံ အလင်းဝင်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ကော့သောင်း ခလရ-၅၉၅ တပ်ရင်းမှ တပ်သား ၅ ဦးဖြစ်တဲ့ မောင်ဝေယံ (၁၈) နှစ်၊ စအိုင်ခန့် (၂၁) နှစ်၊မောင်နေလင်းထွန်း (၃၀) နှစ် ၊ မောင်ကောင်းမင်းသန့် (၂၃) နှစ် နဲ့ မောင်သိန်းဇော် (၁၈) နှစ်တို့ဟာ KNDO တပ်ရင်း ၃ ထံ အလင်းဝင်ရောက်ခဲ့ကြတာလို့ KNU ဗဟိုကထုတ်ပြန်ပါတယ်။

အလားတူ ဇွန်လ ၁၅ ရက်နေ့မှာလည်း ပေါက်ခေါင်း ခမရ-၅၃ တပ်ရင်းမှ တပ်သား ၁၁ ဦး ဖြစ်တဲ့ မောင်ရဲမင်းသူ (၂၃) နှစ် ၊မောင်သိန်းဇော် (၄၁) နှစ်၊ အောင်သူရသွေး (၂၁) နှစ် ၊ မောင်အောင်သိန်း (၃၀) နှစ် ၊ ကျော်ကျော်နိုင် (၃၃) နှစ် ၊ အေးလင်းနောင်(၂၁) နှစ် ၊ ဇော်မျိုးပိုင် (၂၈) နှစ် ၊ သိန်းအောင် (၃၇) နှစ် ၊ စည်သူ (၂၈) နှစ် ၊ ထွန်းထွန်းဦး (၃၅) နှစ် နဲ့ ကျော်ကျော်မျိုး (၂၀) နှစ်တို့ဟာ KNDO တပ်ရင်း(၃)ထံသို့ ထပ်မံ လက်နက်ချ အလင်းဝင်ရောက်ခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါ အလင်းဝင်လာတဲ့ စစ်မှုထမ်း တပ်သားတွေဟာ ၎င်းတို့ဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရပြီး ရှေ့တန်းနယ်မြေတွေကို ပို့ဆောင်ခံရသောတပ်သားတွေဖြစ်တယ်လို့ KNU က ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ထဲမှာ မိမိတို့ ဆန္ဒမပါဘဲ အတင်းအဓမ္မစေခိုင်းခံရတဲ့ တပ်သားတွေ အနေဖြင့် နီးစပ်ရာတော်လှန် ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်လာကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က တိုက်တွန်း အသိပေး ထားပါတယ်။



 
 
 

Comments


bottom of page