အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌဟောင်း Alan Greenspan အသက် ၁၀၀ အရွယ်မှာ ကွယ်လွန်
- thevoiceofchinland
- Jun 25
- 1 min read
VOC/ June 22, 2026
အမေရိကန် ဗဟိုဘဏ် (Federal Reserve) ဥက္ကဋ္ဌဟောင်း Alan Greenspan ဟာ ပါကင်ဆန်ရောဂါ ရဲ့ နောက်ဆက်တွဲ ဝေဒနာများကြောင့် ဇွန်လ ၂၂ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တယ်လို့ သူ့ရဲ့ ဇနီးဖြစ်သူ Andrea Mitchell က ပြောဆိုပါတယ်။ ကွယ်လွန်ချိန်မှာ သူဟာ အသက် (၁၀၀) ရှိပြီ ဖြစ်ပါတယ်။
Andrea Mitchell က “ကျွန်မအတွက်တော့ သူဟာ ၁၉၈၄ ခုနှစ် ကျွန်မတို့ ပထမဆုံး ချိန်းတွေ့ခဲ့တဲ့နေ့ကစလို့ ကျွန်မရဲ့ ဘဝကို ပုံဖော်ပေးခဲ့တဲ့ ခင်ပွန်းသည်တစ်ဦးပါ။ သူဟာ ဘေ့စ်ဘော၊ ဝါရှင်တန် ကွန်မန်ဒါးစ် (Washington Commanders) အသင်း၊ တင်းနစ်၊ ဂေါက်သီးနဲ့ ဂီတ (အထူးသဖြင့် ဂျက်ဇ်ဂီတ) တို့အပေါ်မှာ အလွန်အမင်း ရူးသွပ်စွဲလမ်းမှု (Irrational Exuberance) ရှိခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ ထိုးထွင်းဉာဏ်ကောင်းမှုနဲ့ ကြင်နာတတ်မှုတွေကြောင့် သူ့ကို လူတွေက အမြဲသတိရနေကြမှာပါ။ သူ့ရဲ့ ဘဝလက်တွဲဖော် ဖြစ်ခွင့်ရခဲ့တာဟာ ကျွန်မဘဝရဲ့ အကြီးမားဆုံး ပျော်ရွှင်မှုပါပဲ” လို့ ဆိုပါတယ်။
Alan Greenspan ဟာ Federal Reserve ဥက္ကဌအဖြစ် ၁၈ နှစ်ခွဲကြာ တာဝန်ယူခဲ့စဉ်အတွင်း အမေရိကန်စီးပွားရေး ရေရှည်တိုးတက်ပြီး အောင်မြင်ဖြစ်ထွန်းခဲ့တဲ့ ခေတ်ကို ဦးဆောင်နိုင်ခဲ့ပါတယ်။ သူထွက်ပြီး နှစ်နှစ်အကြာ၂၀၀၈ ခုနှစ်မှာတော့ အမေရိကန်ဟာ ပြင်းထန်ဆိုးရွားတဲ့ စီးပွားရေးပျက်ကပ် ကြုံတွေ့ခဲ့ရပါတယ်။
ကမ္ဘာ့သြဇာအရှိဆုံး ဗဟိုဘဏ် အကြီးအကဲအဖြစ် တာဝန်ယူခဲ့တဲ့နှစ်တွေအတွင်းမှာ သူဟာ လေးစားခံရသူဖြစ်ပြီး အမေရိကန် စီးပွားရေးအခြေအနေ ကောင်းမွန်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ ပါရမီရှင်တစ်ဦးအဖြစ် အသိအမှတ်ပြုကြပါတယ်။
အတိုးနှုန်းများ၊ စီးပွားရေး နဲ့ ဘဏ္ဍာရေးဈေးကွက်များ မည်သည့်ဦးတည်ချက်ကို သွားမလဲဆိုတဲ့ အရိပ်အမြွက်သိနိုင်ဖို့အတွက် သူပြောတဲ့စကားများကို လူတိုင်းက စေ့စေ့စပ်စပ် အဓိပ္ပာယ်ဖော်ခဲ့ကြရပါတယ်။
Source - AP News




Comments