top of page


ဖလမ်းမှာ နေရပ်ပြန်စစ်ရှောင်အမျိုးသမီးတစ်ဦးကို အကြမ်းဖက်စစ်သားက မုဒိမ်းပြုကျင့်ရန်ကြိုးပမ်းမှုဖြစ်ပွား
VOC/ June 18, 2026 ချင်းပြည် ဖလမ်းမြို့မှာ စစ်ဘေးရှောင်ရာကနေပြန်လည်အခြေချနေထိုင်တဲ့ အိမ်ထောင်ရှိအမျိုးသမီးတစ်ဦးကို အကြမ်း ဖက်စစ်သားတစ်ဦးက သေနတ်ဖြင့်ခြိမ်းခြောက်ပြီး မုဒိမ်းပြုကျင့်ရန်ကြိုးပမ်းမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က ဖလမ်းမြို့ Baila ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၄၀ အရွယ်အိမ်ထောင်သည်အမျိုးသမီးတစ်ဦးဟာ နေအိမ်အတွင်း တစ်ယောက်တည်းရှိနေချိန် အကြမ်းဖက်စစ်သားတစ်ဦးဝင်လာပြီး သေနတ်ဖြင့်ခြိမ်းခြောက်ကာ ရွာပြင်သုသာန်ဘက်ကို ခေါ်ဆောင်သွားခဲ့တယ်လို့..
Jun 19


မကွေး၊ ဆိပ်ဖြူ Operation Su စစ်ဆင်ရေးမှာ စစ်တပ်ဘက်က ဗိုလ်ကြီးအပါ ၁၀ ဦးသေဆုံး
VOC/ June 18, 2026 မကွေးတိုင်း၊ ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်တပ် နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ဗိုလ်ကြီး (၁)ဦးအပါအဝင် (၁၀)ဦး သေဆုံးခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် (၁၇) တပ်ရင်းက ဇွန်လ (၁၇) ရက်နေ့ကထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် (၃၀၃၆) လေကြောင်းရန်ကာကွယ်တပ်က ဗိုလ်ကြီး ဖြိုးသူရအောင် ဦးဆောင်တဲ့ (၁၅) ဦးပါ စစ်အုပ်စုယာဉ်တန်းကို ဇွန်လ (၁၆) ရက်နေ့က ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ တာဖြစ်ပါတယ်။ ထိတွေ့တို
Jun 19


ကျောက်တော်လေကြောင်းတိုက်ခိုက်မှု အရပ်သား ၈ ဦးထက်မနည်းသေဆုံး
VOC/ June 18, 2026 အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်၊ ကျောက်တော်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာမှာ ကလေးနဲ့အမျိုးသမီးအပါအဝင် အရပ်သားပြည်သူ ရှစ်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ကျောက်တော်မြို့က ပိုက်သည်ရပ်ကွက်၊ လမ်းမတော်ရပ်ကွက်အပါအဝင် မြို့ပေါ်နေရာတချို့ကို အကြမ်းဖက် စစ်တပ် က မနေ့ ဇွန်လ ၁၇ ရက် ညနေ ၃ နာရီကျော်ကျော်လောက်မှာ အကြိမ်ကြိမ်ဗုံးကြဲချခဲ့တယ်လို့ ရခိုင်အခြေစိုက် သတင်း ဌာနတွေတွေကဖော်ပြကြပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၇ န
Jun 19


အမေရိကန်- အီရန် စစ်ရပ်စဲရေး နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုး၊ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရန် သဘောတူ
VOC/ 18 June 2026 အမေရိကန်သမ္မတ ထရမ့်နဲ့ အီရန်သမ္မတ ပီဇက်ရှ်ကီယန်တို့ဟာ အမေရိကန်၊ အစ္စရေးနဲ့ အီရန်အကြား လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ဖို့ နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ G7 ထိပ်သီးအစည်းအဝေးအပြီး ပြင်သစ်နိုင်ငံ ဗာဆိုင်းနန်းတော်မှာ သမ္မတထရမ့်က MoU စာတမ်းကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ အိမ်ဖြူတော်ရဲ့ အဆိုအရ လက်မှတ်ရေးထိုးထားတဲ့ စာတမ်းဓာတ်ပုံကို အီရန်နဲ့ ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ နိုင်ငံတွေဆီ ချက်ချင်းပေးပို့ခဲ့ပြီး သဘောတူညီချက်မ
Jun 19


သိုင်းငင်းမှာအထိုင်ချတဲ့ အကြမ်းဖက်စစ်သား ၄ ဦး CDF CDM Siyin ထံအလင်းဝင်
VOC/ June 17, 2026 ချင်းပြည် တီးတိန်မြို့နယ် စီးယင်းဒေသ သိုင်းငင်းကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ တပ်မ ၇၇ လက်အောက်ခံ တပ်ကြပ်ကြီး နဲ့ ဒုတပ်ကြပ်ကြီးအပါအဝင် အကြမ်းဖက်စစ်သား ၄ ဦးဟာ ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့မှာ CDF-CDM Siyin တပ်ဖွဲ့ထံ အလင်းဝင်လာတယ်လို့ သိရပါတယ်။ CDF CDM Siyin ထိန်းချုပ်နယ်မြေ၊ ကလေး- တီးတိန်-ဟားခါး လမ်းခွဲ သိုင်းငင်းရွာမှာ အထိုင်ချထားသော တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၁၀၁ မှ တပ်ကြပ်ကြီး နှင့် ဒုတပ်ကြပ်ကြီး အပါအဝင် အကြမ်းဖက်စစ်သား ၄ ဦးဟာ CDF CDM Siyin ထံသို့လက်နက်ခဲယမ်းတွေ
Jun 19


ယူကရိန်း၊ အရှေ့အလယ်ပိုင်းအရေးနဲ့ ကမ္ဘာ့ဖွံ့ဖြိုးရေးကိစ္စတွေကို G7 ခေါင်းဆောင်တွေ ပူးတွဲကြေညာချက် ထုတ်ပြန်
VOC/ June 17 2026 ပြင်သစ်နိုင်ငံ အီဗီယန်မြို့မှာ ကျင်းပခဲ့တဲ့ G7 ထိပ်သီးအစည်းအဝေးအပြီး G7 ခေါင်းဆောင်တွေက ယူကရိန်းစစ်ပွဲ၊ အရှေ့အလယ်ပိုင်းအရေး၊ ရွှေ့ပြောင်းအရေးနဲ့ ကမ္ဘာ့ဖွံ့ဖြိုးရေးဆိုင်ရာ ပူးတွဲကြေညာချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ အစည်းအဝေးကို အိမ်ရှင် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်အပါအဝင် ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနေး၊ ဂျာမနီဝန်ကြီးချုပ် အိုလပ်ဖ် ရှိုးဇ်၊ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ၊ ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအီချီ၊ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ၊ အမေရိကန်သမ္မတ
Jun 19


လက်ဘနွန်တွင် အရပ်သားသေဆုံးမှုများအပေါ် အစ္စရေးကို ထရမ့် ဝေဖန်၊ “အမေရိကန်သာ မကူညီရင် အစ္စရေးဆိုတာရှိတော့မှာမဟုတ်ဘူး” ဟုဆို
VOC/ 17 June 2026 အမေရိကန် သမ္မတထရမ့်က လက်ဘနွန်နိုင်ငံရှိ ဟက်ဇ်ဘိုလာစစ်သွေးကြွများကို ပစ်မှတ်ထားတိုက်ခိုက်ရာတွင် အစ္စရေး၏ စစ်ရေးနည်းလမ်းများကြောင့် အရပ်သားသေဆုံးမှုများပြားနေတယ် ဟု ဝေဖန်ပြောကြားလိုက်ပါတယ်။ ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ G7 ထိပ်သီးအစည်းအဝေးအတွင်း ထရမ့်က “လူတစ်ယောက်ကို ရှာဖို့အတွက် တိုက်ခန်းတစ်လုံးလုံးကို ဗုံးကြဲဖျက်ဆီးဖို့ မလိုအပ်ဘူး” လို့ ပြောဆိုခဲ့ပါတယ်။ ထရမ့်က အစ္စရေးနဲ့ ဟက်ဇ်ဘိုလာတို့ကြား တိုက်ခိုက်မှုတွေ အချိန်ကြာမြင့်လွန်းနေပြီဖြစ်ပြီး လူသေဆုံးမှု...
Jun 19


ဝက်လက်လေကြောင်းတိုက်ခိုက်မှု မီးဖွားခါနီးကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၄ ဦးသေဆုံး
VOC/ June 17, 2026 စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ Wetlet Informational Network ထံကနေ သိရပါတယ်။ ဒီကနေ့ ဇွန်လ ၁၇ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို မြေပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် မွေးဖွားခါနီး ကိုယ်ဝန်ဆောင်
Jun 19


တရုတ်က သူသျှိုမှုသံသယဖြင့် ဖမ်းထားတဲ့ ဦးမင်းဇင်ကို ခြွင်းချက်မရှိလွှတ်ပေးဖို့ ISP Myanmar တောင်းဆို
VOC/ June 17, 2026 တရုတ်အာဏာပိုင်တွေက သူလျှိုမှုသံသယဖြင့် ဖမ်းဆီးထားတဲ့ မြန်မာ့နိုင်ငံရေးသုတေသီ ဦးမင်းဇင်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ကတောင်းဆိုလိုက်ပါတယ်။ ISP-Myanmar ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို တရုတ်အစိုးရအာဏာပိုင်တွေက မှားယွင်းစွာဖမ်းဆီးထားခြင်း အပေါ် အလွန်အမင်း စိုးရိမ်ပူပန်ပြီး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုတယ်လို့ ဒီကနေ့ရက်စွဲဖြင့် ISP Myanmar က ထုတ်ပြန်ပါတယ်။ ဦးမင်းဇင်ဟာ တရုတ်န
Jun 19


မြန်မာ့ပဋိပက္ခဖြေရှင်းရာမှာ တိုက်ပွဲချုပ်ငြိမ်းရေးကို ပိုမိုဦးစားပေးသင့်ပြီး၊ အာဆီယံအနေနဲ့ ချဉ်းကပ်ပုံ ပြန်လည်သုံးသပ်သင့်ဟု တီမောလက်စ်တေ သမ္မတပြော
VOC/ June 17, 2026 မြန်မာ့ ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရာမှာ ဒေသတွင်းနိုင်ငံတွေအနေနဲ့ နိုင်ငံရေးအရ ပြေလည်မှုရရှိရေးထက် တိုက်ပွဲ များချုပ်ငြိမ်းရေးကို ပိုမိုဦးစားပေးသင့်ပြီး မြန်မာ့အရေးချဉ်းကပ်ပုံနည်းလမ်းကို ပြန်လည်သုံးသပ်သင့် တယ်လို့ တီမောလက်စ်တေသမ္မတကပြောဆိုလိုက်ပါတယ်။ တီမောလက်စ်တေ သမ္မတ ဒေါက်တာ ဟိုဆေး ရာမို့စ် ဟော်တာ (Dr Jose Ramos-Horta) က မြန်မာနိုင်ငံမှာ ပဋိပက္ခ ဖြစ်ပွားနေတဲ့ အဖွဲ့အစည်းတွေအကြား ပထမဦးစွာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုမရရှိပါက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြန်
Jun 19


ကလေးမြို့စစ်ဆင်ရေးမှာ ဒုအရာခံဗိုလ်တစ်ဦးအပါအဝင် ၇ ဦးသေဆုံး၊ ၃ ဦးကိုအရှင်ဖမ်း
VOC/ June 17, 2026 စစ်ကိုင်းတိုင်း ကလေးမြို့မှာ Kalay UG တပ်ဖွဲ့က စစ်ဆင်ရေးဖော်ဆောင်ရာမှာ တစ်လအတွင်း အကြမ်းဖက်စစ်သား ဒုအရာခံဗိုလ်တစ်ဦးအပါအဝင် ၇ ဦးသေဆုံးပြီး ၃ ဦးကို အရှင်ဖမ်းမိထားတယ်လို့ သိရပါတယ်။ Kalay UG လို့ခေါ်တဲ့ ကလေးမြို့ပြပျောက်ကျားတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပေါင်း ၃၀ အတွင်းမှာ ကလေးမြို့က အကြမ်း ဖက်စစ်သားတွေကို မိုင်းဆွဲတိုက်မှု နဲ့ မြို့ပြပျောက်ကျားစစ်ဆင်ရေးတွေဖော်ဆောင်ခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ် ပြန်လာပါတယ်။ အဲဒီစစ်ဆင်ရေးအတွင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒုအရာခံဗိုလ် (၁) ဦ
Jun 19


မင်းတပ်မြို့အရှေ့ခြမ်းကို စစ်တပ်က ဗုံးအလုံး ၇၀ ကျော်ကြဲချ
VOC/ June 17, 2026 အကြမ်းဖက်စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေတဲ့ မင်းတပ်မြို့ကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေပြီး ယနေ့မနက်ပိုင်းမှာလည်း ဗုံးအလုံး ၇၀ ကျော်ထပ်မံကြဲချခဲ့တယ်လို့သိရပါတယ်။ တံတားဦးလေတပ်ကနေတက်လာတဲ့ Y12 ဗုံးကြဲလေယာဉ်က ယနေ့မနက်ပိုင်း ၇ နာရီကနေ ၈ နာရီအကြားမှာ မင်းတပ် မြို့အရှေ့ခြမ်းတနေရာကို ၄ လုံးတွဲဗုံးများဖြင့် ၁၇ ကြိမ်၊ ဗုံးအလုံး ၇၀ ကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်မြို့ ဒေသခံကပြောပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ချင်းပြည်တောင်ပိုင်း မင်
Jun 19


ဟက်ထရစ်သွင်းပြီး ကမ္ဘာ့ဖလား စံချိန် ၅ ခုကို တစ်ညတည်း ချိုးဖောက်နိုင်ခဲ့တဲ့ မက်ဆီ - အယ်လ်ဂျီးရီးယားကို ၃-၀ ဂိုးနဲ့ အနိုင်ရရှိ
VOC / June 16 2026 ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (J) အဖွင့်ပွဲစဉ်မှာ လက်ရှိ ချန်ပီယံ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက အယ်လ်ဂျီးရီးယားကို ၃-၀ ဂိုးနဲ့ ဟက်ထရစ်သွင်းယူပြီး သမိုင်းဝင် စံချိန် ၅ ခုကို ရေးထိုးနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလား ၆ ကြိမ် ကစားတဲ့ ပထမဆုံး ကစားသမား ကမ္ဘာ့ဖလားပွဲ ၂၇ ပွဲနဲ့ အများဆုံး ကစားသူ ကမ္ဘာ့ဖလား မိနစ် ၂,၃၀၀ ကျော်နဲ့ အများဆုံး ကစားချိန်ပိုင်ရှင် ကမ္ဘာ့ဖလား သွင်းဂိုး ၁၆ ဂိုးနဲ့ မီရိုဆလပ် ကလိုဇေးရဲ့ ထာဝရဂိုးသွင်းအများဆုံး စံချိန်ကို တန်းတူလိုက်မီ ကမ္ဘာ့ဖလားမှာ..
Jun 19


ဖခင်ရဲ့ ခြေရာကို လိုက်နင်းခဲ့တဲ့ ဟာလန်း ၂ ဂိုးသွင်းပြီး နော်ဝေ အီရတ်ကို ၄-၁ ဂိုးဖြင့် အနိုင်ရ
VOC/ 16 June 2026 နော်ဝေတိုက်စစ်မှူး အာလင်း ဟာလန်းဟာ ဖခင်ဖြစ်သူ အယ်ဖ်-အင်ဂျီ ဟာလန်းရဲ့ ခြေရာကို လိုက်နင်းပြီး ကမ္ဘာ့ဖလားစင်မြင့်ထက်မှာ တောက်ပတဲ့ အဖွင့်ပွဲတစ်ပွဲ ဖန်တီးနိုင်ခဲ့ပါတယ်။ ၂၈ နှစ်အကြာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြန်လည်ဝင်ရောက်ကစားတဲ့ နော်ဝေအသင်းဟာ ဘော်စတွန်ကွင်းမှာ အီရတ်အသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဟာလန်းက ၂ ဂိုးသွင်းယူကာ အသင်းကို ဦးဆောင်ခဲ့ပါတယ်။ ဒီအနိုင်ပွဲဟာ နော်ဝေအသင်းအတွက် ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံး ကမ္ဘာ့ဖလားပွဲစဉ်ဖြစ်သလို ၂၈ နှစ်အကြာ ပြန်လည်ယှဉ်ပြိုင်တ
Jun 19


ပြင်သစ်ဂန္ထဝင် ဂိုးသွင်းစံချိန်သစ်ကို အမ်ဘာပေ ရေးထိုး၊ ဆီနီဂေါလ်ကို ၃-၁ ဖြင့် အနိုင်ရ
VOC/ 16 June 2026 ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု I အဖွင့်ပွဲစဉ်မှာ ပြင်သစ်အသင်းက ဆီနီဂေါကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အသင်းခေါင်းဆောင် အမ်ဘာပေက သမိုင်းမှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ အတ္တလန်တာမှာ ကစားခဲ့တဲ့ ဒီပွဲရဲ့ ပထမပိုင်းမှာ ဆီနီဂေါအသင်း နီကိုးလပ်စ် ဂျက်ဆင်ရဲ့ ကန်ချက် တိုင်ထိခဲ့တာကြောင့် ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲချိန် ၆၂ မိနစ်မှာ အသင်းခေါင်းဆောင် အမ်ဘာပေက ပြင်သစ်အတွက် အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။ ၇၉ မိနစ်မှာတော့ လူစားဝင်ကစားသမား ဘရက်ဒလေ ဘာ
Jun 19


စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တွေ့ဆုံ
VOC/ June 16, 2026 အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ ဒီကနေ့ ဇွန်လ ၁၆ ရက် မနက်ပိုင်းမှာ ပေကျင်းမြို့က (Great Hall of the People) ခန်းမမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ စစ်အာဏာသိမ်းပြီး မိမိကိုယ်ကို သမ္မတအဖြစ်ခန့်အပ်ခဲ့တဲ့ မင်းအောင်လှိုင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြား ချက်အရ တရုတ်နိုင်ငံကို ဇွန်လ ၁၅ ရက်နေ့ကရောက်ရှိခဲ့တာဖြစ်ပြီး ၁၉ ရက်နေ့အထိကြာမြင့်မယ်လို့ သိရပါတယ်။ ဒါဟာ အိန္ဒိယနိုင်ငံကို ဇွန်လဆန်းပိုင်းကသွားရောက်ပြီး ရက်ပိုင်းအ
Jun 16


ယူရိုချန်ပီယံ စပိန်ကို ဂိုးမပေးဘဲ တားဆီးနိုင်ခဲ့တဲ့ ကိပ်ဗာဒီဂိုးသမားရဲ့ Instagram ဖော်လိုဝါ ၆ သန်းကျော် တိုးလာ
VOC | 16 June 2026 ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယူရိုချန်ပီယံ စပိန်အသင်းကို ဂိုးမရှိသရေကစားနိုင်အောင် စွမ်းဆောင်ခဲ့တဲ့ ကိပ်ဗာဒီဂိုးသမားကြီးဗိုဇင်ညာ (Vozinha) ကတော့ ကမ္ဘာ့ဖလားရဲ့ ရေပန်းအစားဆုံး သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ပွဲမတိုင်ခင်တုန်းက Instagram ဖော်လိုဝါ ၄၅,၀၀၀ ခန့်ပဲရှိခဲ့တဲ့ အသက် ၄၀ အရွယ် ဗိုဇင်ညာဟာ ပွဲအပြီး နာရီပိုင်းအတွင်းမှာတင် ဖော်လိုဝါ ၆ သန်းကျော်အထိ အံ့အားသင့်ဖွယ် ခုန်တက်သွားခဲ့တာပါ။ ဒီပွဲမှာ အင်အားကြီး စပိန်အသင်းက ဂိုးကန်သွင်းမှု ၂၇ ကြိမ်၊ ဂိုးပေါက်တည့်မှု ၇
Jun 16


ပလက်ဝမှာ ခူမီးလက်နက်ကိုင်တပ်ဖွဲ့တစ်ခုပေါ်ပေါက်
VOC/ June 16, 2026 အာရက္ခတပ်တော်-ULA/AA ထိန်းချုပ်ထားတဲ့ ချင်းပြည်တောင်ပိုင်း ပလက်ဝမြို့နယ်ထဲမှာ ခူမီးလက်နက်ကိုင် အဖွဲ့ အသစ် တစ်ခုပေါ်ပေါက်လာတယ်လို့ သိရပါတယ်။ အဲဒီလက်နက်ကိုအဖွဲ့သစ်ဟာ Khumi People Front – KPF/ Khumi National Congress Party – KNCP လို့ အမည်ပေးထားတယ်လို့ သိရပါတယ်။ KPF/KNCP တပ်ဖွဲ့ဟာ ဘယ်သူတွေက ဦးဆောင်ဖွဲ့စည်းတယ်ဆိုတာကို တိတိကျကျမသိရေသေးပေမယ့် ပြည်တွင်း ပြည်ပမှာရောက်ရှိနေကြတဲ့ ခူမီးချင်းလူမျိုးတွေပါဝင်တယ်လို့ ကနဦးသိရှိရပါတယ်။ လက်ရှိမှာတော့ ပလက်ဝမြို့နယ်အတွင်းက ကျေ
Jun 16


နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်တပ်ကြောင့် လူပေါင်း ၈၀၉၃ ဦး သေဆုံး
VOC/ June 16, 2026 အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် ယနေ့ချိန်ထိ အရပ်သားပြည်သူသတ်ဖြတ်မှုတွေ ဆက်လက် ကျူး လွန်နေပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်အထိ လူပေါင်း ၈၀၉၃ ဦး သေဆုံးခဲ့ရပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၈၀၉၃ ဦးကို အမည်နဲ့တကွအတည်ပြုထားနိုင်ပြီး အတည်ပြုဖို့လိုအပ်နေဆဲ သေဆုံးသူ ၅
Jun 16


ရန်ကုန်မြို့က နှင်းဆီလှုပ်ရှားမှုပုံရိပ်တချို့
VOC/ June 16, 2026 ရန်ကုန်မြို့မှာ အကြမ်းဖက်စစ်အုပ်စု စောင့်ကြည့်နေတဲ့ကြားက နှင်းဆီလှုပ်ရှားမှုတွေကို အထင်ကရ နေရာတွေမှာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ နှင်းဆီလှုပ်ရှားမှုကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့ ဇွန်လ ၁၉ မှာ ပြုလုပ်ကြ မှာဖြစ်ပြီး အဲဒီနေ့မှာ နှင်းဆီပန် ဒါမှမဟုတ် ရရှိနိုင်တဲ့ အခြားပန်းတစ်မျိုးမျိုးကို ဘုရားတင်တာ၊ ပန်ဆင်တာ၊၊ အပြန်အလှန် ဝေငှတာတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။ အွန်လိုင်းကမ်ပိန်းအဖြစ်နဲ့လည်း မိမိတို့ ပန်ဆင်တာ ၊ ကိုင်ဆောင်တာ ပြုလုပ်ထားတဲ့ ပန်နဲ့ဓာတ
Jun 16
bottom of page