ဖလမ်းမှာ နေရပ်ပြန်စစ်ရှောင်အမျိုးသမီးတစ်ဦးကို အကြမ်းဖက်စစ်သားက မုဒိမ်းပြုကျင့်ရန်ကြိုးပမ်းမှုဖြစ်ပွား
- thevoiceofchinland
- Jun 19
- 1 min read
VOC/ June 18, 2026
ချင်းပြည် ဖလမ်းမြို့မှာ စစ်ဘေးရှောင်ရာကနေပြန်လည်အခြေချနေထိုင်တဲ့ အိမ်ထောင်ရှိအမျိုးသမီးတစ်ဦးကို အကြမ်း ဖက်စစ်သားတစ်ဦးက သေနတ်ဖြင့်ခြိမ်းခြောက်ပြီး မုဒိမ်းပြုကျင့်ရန်ကြိုးပမ်းမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က ဖလမ်းမြို့ Baila ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၄၀ အရွယ်အိမ်ထောင်သည်အမျိုးသမီးတစ်ဦးဟာ နေအိမ်အတွင်း တစ်ယောက်တည်းရှိနေချိန် အကြမ်းဖက်စစ်သားတစ်ဦးဝင်လာပြီး သေနတ်ဖြင့်ခြိမ်းခြောက်ကာ ရွာပြင်သုသာန်ဘက်ကို ခေါ်ဆောင်သွားခဲ့တယ်လို့ ဖလမ်းသတင်းတွေကိုပုံမှန်ဖော်ပြနေတဲ့ The Rihli Voice သတင်းဌာနကဖော်ပြပါတယ်။
အကြမ်းဖက်စစ်သားဟာ အဆိုပါအမျိုးသမီးကို ရွာပြင်သုသာန်မှာ အဝတ်အစားတွေချွတ်ခိုင်းပြီး မချွတ်ရင်ပစ်သတ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာ ခင်ပွန်းဖြစ်သူဟာ နေအိမ်သို့ပြန်လာကာ အိမ်ထဲမှာဇနီးဖြစ်သူကို မတွေ့တာကြောင့် ယောက္ခမဖြစ်သူ နဲ့ အနီးနားပတ်ဝန်းကျင်ကို လိုက်လံရှာဖွေရာမှာ အော်ခေါ်သံများကြားရတဲ့အခါ အကြမ်းဖက်စစ်သားက အမျိုးသမီးရဲ့ ဖုန်း နဲ့ ကိုယ်ပေါ်က တန်းဖိုးရှိပစ္စည်းတွေကို လုယူထွက်ပြေးသွားတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အဆိုပါအမျိုးသမီး နဲ့ မိသားစုဝင်တွေဟာ နေအိမ်မှာဆက်ပြီးမနေရဲတော့တာကြောင့် ဘေးကင်းလုံခြုံတဲ့နေရာကို ပြောင်းရွှေနေရတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဖလမ်းမြို့ကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီးနောက်မှာ အမည်ခံပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ကာ Non-CDM ဝန်ထမ်းတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ပြန်လာကြဖို့ဖိတ်ခေါ်ခဲ့ပါတယ်။
စစ်ဘေးရှောင်နေကြတဲ့ ဖလမ်းမြို့ခံတချို့မှာ Falam Pawlpi Falam ရဲ အစီစဉ် ဖြင့် နေရပ်ပြန်ခဲ့ကြပေမယ့် ယခုဖြစ်စဉ်ကိုကြည့်ရင် ဖလမ်းမြို့ဟာ လုံခြုံမှုမရှိသေးဘူးဆိုတာ သက်သေပြနေတယ်လို့ ဖလမ်းဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိမှာတော့ အကြမ်းဖက်စစ်သားတွေဟာ ဖလမ်းမြိုပေါ် နဲ့ ဖလမ်း-ဟားခါးလမ်းပေါ် က လုံပီး၊ လုံဟရန်းဘက်မှာလည်း ကင်းပုန်းချနေရာယူထားကြတယ်လို့သိရပါတယ်။






Comments