ပြင်သစ်ဂန္ထဝင် ဂိုးသွင်းစံချိန်သစ်ကို အမ်ဘာပေ ရေးထိုး၊ ဆီနီဂေါလ်ကို ၃-၁ ဖြင့် အနိုင်ရ
- thevoiceofchinland
- Jun 19
- 1 min read
VOC/ 16 June 2026
၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု I အဖွင့်ပွဲစဉ်မှာ ပြင်သစ်အသင်းက ဆီနီဂေါကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အသင်းခေါင်းဆောင် အမ်ဘာပေက သမိုင်းမှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံ အတ္တလန်တာမှာ ကစားခဲ့တဲ့ ဒီပွဲရဲ့ ပထမပိုင်းမှာ ဆီနီဂေါအသင်း နီကိုးလပ်စ် ဂျက်ဆင်ရဲ့ ကန်ချက် တိုင်ထိခဲ့တာကြောင့် ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်း ပွဲချိန် ၆၂ မိနစ်မှာ အသင်းခေါင်းဆောင် အမ်ဘာပေက ပြင်သစ်အတွက် အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။ ၇၉ မိနစ်မှာတော့ လူစားဝင်ကစားသမား ဘရက်ဒလေ ဘာကိုလာက ဒုတိယဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။
ဆီနီဂေါလ် လက်ရွေးစင် အသင်းမှ အမ်ဘိုင်ယီက ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့လို့ ပွဲက ရှိန်တက်လာခဲ့ပေမယ့်၊ မိနစ်ပိုင်းအကြာမှာပဲ အမ်ဘာပေက ကိုက် ၃၅ အကွာကနေ အဝေးကန်ချက်နဲ့ အလှပဆုံး ထပ်မံသွင်းယူပြီး၊ ပြင်သစ်အတွက် တတိယဂိုးနဲ့ အနိုင်ရလဒ်ကို အပိုင်ပိတ်သိမ်းပေးသွားခဲ့ပါတယ်။
ပြင်သစ်သမိုင်းတစ်လျှောက် ဂိုးအများဆုံး နှစ်ဂိုးသွင်းခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် အမ်ဘာပေဟာ နိုင်ငံတကာသွင်းဂိုး ၅၈ ဂိုး ရှိလာပြီး အိုလီဗီယာ ဂျီရူးရဲ့ ၅၇ ဂိုးစံချိန်ကို ကျော်ဖြတ်ကာ သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူ ဖြစ်လာပါတယ်။
ပြင်သစ်ကစားသမားများအနက် ကမ္ဘာ့ဖလားဂိုးအများဆုံး သွင်းသူ (၁၄ ဂိုး) ဆိုတဲ့ စံချိန်နှစ်ခုစလုံးကို ပိုင်ဆိုင်ထားပါတယ်။ ပီလီ၊ မက်ဆီနဲ့ ဂျက်စ် ဖွန်တိန်းတို့ကို ကျော်တက်ကာ ဂျာမနီဂန္ထဝင် ဂတ် မူလာရဲ့ စံချိန်နဲ့ တူညီသွားခဲ့ပြီ ဖြစ်ပါတယ်။
ပြင်သစ် လက်ရွေးစဉ် အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုတွင်း ၆ ပွဲမှာတော့ ၅ ပွဲနိုင်၊ တစ်ပွဲသရေနဲ့ အရှုံးမရှိခဲ့ပါဘူး။ ဆီနီဂေါလ် က အာဖရိကဖလား ဖိုင်နယ်မှာ မော်ရိုကို ကို အနိုင်ရခဲ့ပေမယ့် ပြိုင်ပွဲစည်းမျဉ်းချိုးဖောက်ခဲ့တာကြောင့် ချန်ပီယံဆုကို လက်လွှတ်ခဲ့ရပါတယ်။
Source: ESPN, Fox Sport




Comments