top of page

ဝက်လက်လေကြောင်းတိုက်ခိုက်မှု မီးဖွားခါနီးကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၄ ဦးသေဆုံး

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 19
  • 1 min read

VOC/ June 17, 2026


စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ Wetlet Informational Network ထံကနေ သိရပါတယ်။

ဒီကနေ့ ဇွန်လ ၁၇ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို မြေပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် မွေးဖွားခါနီး ကိုယ်ဝန်ဆောင်အမျိုးသမီး၊ ဗိုက်ထဲကကလေး နဲ့ ၅ နှစ်ခန့်အရွယ်ရှိသော သမီးငယ်တို့အပြင် အခြားအမျိုးသမီးတစ်ဦး စုစုပေါင်း ၄ ဦးသေဆုံးခဲ့ရတာလို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေထဲက ၁ ဦး စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပြီး ကျေးရွာထဲက နွား ၂ ကောင်လည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

မနေ့ ဇွန်လ ၁၆ ရက် နေ့လည် ၂ နာရီဝန်းကျင်မှာလည်း ဝက်လက်မြို့နယ်တောင်ခြမ်း ဝက်လူးအိုင်ရွာထဲကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အသေခံဒရုန်း ၄ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ထိမှန်ဒဏ်ရာရခဲ့ပါတယ်။



 
 
 

Comments


bottom of page