ဟက်ထရစ်သွင်းပြီး ကမ္ဘာ့ဖလား စံချိန် ၅ ခုကို တစ်ညတည်း ချိုးဖောက်နိုင်ခဲ့တဲ့ မက်ဆီ - အယ်လ်ဂျီးရီးယားကို ၃-၀ ဂိုးနဲ့ အနိုင်ရရှိ
- thevoiceofchinland
- Jun 19
- 1 min read
VOC / June 16 2026
၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (J) အဖွင့်ပွဲစဉ်မှာ လက်ရှိ ချန်ပီယံ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက အယ်လ်ဂျီးရီးယားကို ၃-၀ ဂိုးနဲ့ ဟက်ထရစ်သွင်းယူပြီး သမိုင်းဝင် စံချိန် ၅ ခုကို ရေးထိုးနိုင်ခဲ့ပါတယ်။
ကမ္ဘာ့ဖလား ၆ ကြိမ် ကစားတဲ့ ပထမဆုံး ကစားသမား
ကမ္ဘာ့ဖလားပွဲ ၂၇ ပွဲနဲ့ အများဆုံး ကစားသူ
ကမ္ဘာ့ဖလား မိနစ် ၂,၃၀၀ ကျော်နဲ့ အများဆုံး ကစားချိန်ပိုင်ရှင်
ကမ္ဘာ့ဖလား သွင်းဂိုး ၁၆ ဂိုးနဲ့ မီရိုဆလပ် ကလိုဇေးရဲ့ ထာဝရဂိုးသွင်းအများဆုံး စံချိန်ကို တန်းတူလိုက်မီ
ကမ္ဘာ့ဖလားမှာ ဟက်ထရစ်သွင်းယူခဲ့တဲ့ အသက်အကြီးဆုံး ကစားသမား ဖြစ်လာ
ဒါ့အပြင် ဒီပွဲဟာ မက်ဆီရဲ့ အာဂျင်တီးနားအသင်းအတွက် ပွဲ ၂၀၀ ပြည့်မြောက်ပွဲလည်း ဖြစ်ပါတယ်။
အသက် ၃၉ နှစ်အရွယ် မက်ဆီဟာ ကမ္ဘာ့ဖလားမှာ ဟက်ထရစ်သွင်းယူဖူးတဲ့ အသက်အကြီးဆုံး ကစားသမား ဖြစ်လာခဲ့ပြီး ယခင်စံချိန်ရှင် ခရစ္စတီယာနို ရော်နယ်ဒိုကို ကျော်တက်ခဲ့ပါတယ်။
ဒါ့အပြင် မက်ဆီဟာ ကမ္ဘာ့ဖလား ၆ ကြိမ် ပါဝင်ကစားတဲ့ ပထမဆုံး ကစားသမားအဖြစ် သမိုင်းမှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့သလို ကမ္ဘာ့ဖလားပွဲ ၂၇ ပွဲနဲ့ အများဆုံးကစားသူ၊ မိနစ် ၂,၃၀၀ ကျော်နဲ့ အများဆုံးကစားချိန် ပိုင်ဆိုင်သူအဖြစ်လည်း ရပ်တည်နေပါတယ်။
အယ်လ်ဂျီးရီးယားနဲ့ပွဲက ဟက်ထရစ်ကြောင့် မက်ဆီရဲ့ ကမ္ဘာ့ဖလားသွင်းဂိုးစုစုပေါင်း ၁၆ ဂိုးအထိ ရောက်ရှိလာခဲ့ပြီး ဂျာမနီဂန္ထဝင် မီရိုဆလပ် ကလိုဇေးရဲ့ ကမ္ဘာ့ဖလားသမိုင်းတလျှောက် ဂိုးအများဆုံးစံချိန်ကို တန်းတူလိုက်မီသွားခဲ့ပါတယ်
ကမ္ဘာ့ဖလားချန်ပီယံ၊ Ballon d’Or ၈ ကြိမ်ဆုရှင် မက်ဆီဟာ ဂိုးသွင်းသူတစ်ယောက်သာမက အသင်းကို ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်း၊ အသင်းဖော်တွေကို အမြဲအားပေးကူညီတတ်တဲ့ ကစားသမားတစ်ဦးအဖြစ်လည်း သတ်မှတ်ခံရပါတယ်။
အသက် ၃၉ နှစ်ရောက်တဲ့အထိ ကမ္ဘာ့အမြင့်ဆုံးစင်မြင့်ပေါ်မှာ ဟက်ထရစ်သွင်းပြီး စံချိန် ၅ ခုကို တစ်ညတည်း ရေးထိုးနိုင်ခဲ့တဲ့ မက်ဆီကတော့ ဘောလုံးလောကရဲ့ GOAT ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ကြောင်း ထပ်မံ သက်သေပြခဲ့ပါတယ်။
Source: ESPN, Fox Sport




Comments