ကလေးမြို့စစ်ဆင်ရေးမှာ ဒုအရာခံဗိုလ်တစ်ဦးအပါအဝင် ၇ ဦးသေဆုံး၊ ၃ ဦးကိုအရှင်ဖမ်း
- thevoiceofchinland
- Jun 19
- 1 min read
VOC/ June 17, 2026
စစ်ကိုင်းတိုင်း ကလေးမြို့မှာ Kalay UG တပ်ဖွဲ့က စစ်ဆင်ရေးဖော်ဆောင်ရာမှာ တစ်လအတွင်း အကြမ်းဖက်စစ်သား ဒုအရာခံဗိုလ်တစ်ဦးအပါအဝင် ၇ ဦးသေဆုံးပြီး ၃ ဦးကို အရှင်ဖမ်းမိထားတယ်လို့ သိရပါတယ်။
Kalay UG လို့ခေါ်တဲ့ ကလေးမြို့ပြပျောက်ကျားတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပေါင်း ၃၀ အတွင်းမှာ ကလေးမြို့က အကြမ်း ဖက်စစ်သားတွေကို မိုင်းဆွဲတိုက်မှု နဲ့ မြို့ပြပျောက်ကျားစစ်ဆင်ရေးတွေဖော်ဆောင်ခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ် ပြန်လာပါတယ်။
အဲဒီစစ်ဆင်ရေးအတွင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒုအရာခံဗိုလ် (၁) ဦး၊ တပ်ကြပ် (၁) ဦး အပါအဝင် စုစုပေါင်း (၇) ဦး သေဆုံးပြီး (၃) ဦးကို အရှင်ဖမ်းဆီးရမိခဲ့တဲ့အပြင် ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် လက်ပစ်ဗုံးတွေနဲ့ ကျည်ဆန်တွေအပါအဝင် ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ဖော်ပြပါတယ်။
Kalay UG တပ်ဖွဲ့အနေနဲ့ မြို့တွင်းစစ်ဆင်ရေးတွေကို ခြေသံလုံလုံဖြင့် အထိရောက်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
မိဘပြည်သူများအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ယာဉ်တန်းတွေနဲ့ စစ်ဆေးရေးဂိတ်အနီး သွားလာလှုပ်ရှားခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြဖို့ နဲ့ အထူးသတိပြု နေထိုင်ကြဖို့ Kalay UG က မေတ္တာရပ်ခံထားပါတယ်။
အဆိုပါ သတိပေးချက်ကို မလိုက်နာဘဲ သွားလာခြင်းကြောင့် တစ်စုံတစ်ရာ ထိခိုက်မှုဖြစ်ပွားခဲ့ပါက မိမိတို့ တပ်ဖွဲ့အနေဖြင့် လုံးဝ (လုံးဝ) တာဝန်ယူမည်မဟုတ်ဘူးလို့လည်း Kalay UG က အသိပေးထားပါတယ်။





Comments