မင်းတပ်မြို့အရှေ့ခြမ်းကို စစ်တပ်က ဗုံးအလုံး ၇၀ ကျော်ကြဲချ
- thevoiceofchinland
- Jun 19
- 1 min read
VOC/ June 17, 2026
အကြမ်းဖက်စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေတဲ့ မင်းတပ်မြို့ကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေပြီး ယနေ့မနက်ပိုင်းမှာလည်း ဗုံးအလုံး ၇၀ ကျော်ထပ်မံကြဲချခဲ့တယ်လို့သိရပါတယ်။
တံတားဦးလေတပ်ကနေတက်လာတဲ့ Y12 ဗုံးကြဲလေယာဉ်က ယနေ့မနက်ပိုင်း ၇ နာရီကနေ ၈ နာရီအကြားမှာ မင်းတပ် မြို့အရှေ့ခြမ်းတနေရာကို ၄ လုံးတွဲဗုံးများဖြင့် ၁၇ ကြိမ်၊ ဗုံးအလုံး ၇၀ ကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်မြို့ ဒေသခံကပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ချင်းပြည်တောင်ပိုင်း မင်းတပ် နဲ့ ကန်ပက်လက်မြို့တို့ကို စစ်အင်အား ၂၀၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးနေတာဖြစ်ပြီး မြေပြင်တိုက်ပွဲမှာ အထိနာတာကြောင့် လေကြောင်းဖြင့် အပြင်းအထန်ဗုံးကြဲနေတာ ဖြစ်ပါတယ်။
မင်းတပ်မြို့နဲ့ ၁၅ မိုင်ခန့်အကွာ မကွေးတိုင်း ယောဒေသ ကျောက်ထုလေဆိပ်မှာ မနေ့က Y8 ထောက်ပို့လေယာဉ် ဆင်းသက်ပြီး ခဲယမ်း၊ ရိက္ခာ နဲ့ စစ်သည်အင်အား ၆၀ ခန့်ချပေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ချင်းတောင်ပိုင်း တိုက်ပွဲမှာ ဒဏ်ရာပြင်းထန်တဲ့ အကြမ်းဖက်စစ်သား ၄၀ ခန့်ကိုလည်း ပြန်လည်သယ်ဆောင်သွားခဲ့တယ်လို့ သိရပါ တယ်။
ရုပ်သံဟောင်း




Comments