ပလက်ဝမှာ ခူမီးလက်နက်ကိုင်တပ်ဖွဲ့တစ်ခုပေါ်ပေါက်
- thevoiceofchinland
- 3 days ago
- 1 min read
VOC/ June 16, 2026
အာရက္ခတပ်တော်-ULA/AA ထိန်းချုပ်ထားတဲ့ ချင်းပြည်တောင်ပိုင်း ပလက်ဝမြို့နယ်ထဲမှာ ခူမီးလက်နက်ကိုင် အဖွဲ့ အသစ် တစ်ခုပေါ်ပေါက်လာတယ်လို့ သိရပါတယ်။
အဲဒီလက်နက်ကိုအဖွဲ့သစ်ဟာ Khumi People Front – KPF/ Khumi National Congress Party – KNCP လို့ အမည်ပေးထားတယ်လို့ သိရပါတယ်။
KPF/KNCP တပ်ဖွဲ့ဟာ ဘယ်သူတွေက ဦးဆောင်ဖွဲ့စည်းတယ်ဆိုတာကို တိတိကျကျမသိရေသေးပေမယ့် ပြည်တွင်း ပြည်ပမှာရောက်ရှိနေကြတဲ့ ခူမီးချင်းလူမျိုးတွေပါဝင်တယ်လို့ ကနဦးသိရှိရပါတယ်။
လက်ရှိမှာတော့ ပလက်ဝမြို့နယ်အတွင်းက ကျေးရွာတချို့မှာ ဒေသခံပြည်သူတချို့ကို အင်အားစုဆောင်း တာတွေရှိ နေပြီး ဘယ်တော်လှန် ရေးတပ်ဖွဲ့နဲ့ မဟာမိတ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။
ချင်းပြည် ပလက်ဝမြို့နယ်ရဲ့ နယ်မြေအများစုကို အာရက္ခတပ်တော် ULA/AA က ထိန်းချုပ်ထားပြီး နွေဦးတော်လှန် ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ CDF- Paletwa နှင့် CDF–Daai လက်နက်ကိုင်အဖွဲ့တို့လည်းရှိပါတယ်။
လက်ရှိ ပလက်ဝမြို့နယ်ထဲမှာ အသစ်ပေါ်ပေါက်လာတဲ့ KPF အပါအဝင် CDF-Paletwa, CDF-Daai နဲ့ အာရက္ခတပ် တော် AA စုစုပေါင်း လက်နက်ကိုင်အဖွဲ့ ၄ ခုရှိနေပြီဖြစ်ပါတယ်။





Comments