ဖခင်ရဲ့ ခြေရာကို လိုက်နင်းခဲ့တဲ့ ဟာလန်း ၂ ဂိုးသွင်းပြီး နော်ဝေ အီရတ်ကို ၄-၁ ဂိုးဖြင့် အနိုင်ရ
- thevoiceofchinland
- Jun 19
- 1 min read
VOC/ 16 June 2026
နော်ဝေတိုက်စစ်မှူး အာလင်း ဟာလန်းဟာ ဖခင်ဖြစ်သူ အယ်ဖ်-အင်ဂျီ ဟာလန်းရဲ့ ခြေရာကို လိုက်နင်းပြီး ကမ္ဘာ့ဖလားစင်မြင့်ထက်မှာ တောက်ပတဲ့ အဖွင့်ပွဲတစ်ပွဲ ဖန်တီးနိုင်ခဲ့ပါတယ်။
၂၈ နှစ်အကြာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြန်လည်ဝင်ရောက်ကစားတဲ့ နော်ဝေအသင်းဟာ ဘော်စတွန်ကွင်းမှာ အီရတ်အသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဟာလန်းက ၂ ဂိုးသွင်းယူကာ အသင်းကို ဦးဆောင်ခဲ့ပါတယ်။
ဒီအနိုင်ပွဲဟာ နော်ဝေအသင်းအတွက် ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံး ကမ္ဘာ့ဖလားပွဲစဉ်ဖြစ်သလို ၂၈ နှစ်အကြာ ပြန်လည်ယှဉ်ပြိုင်တဲ့ အဖွင့်ပွဲမှာ ရရှိတဲ့ အဖိုးတန်နိုင်ပွဲလည်း ဖြစ်ပါတယ်။
၁၉၉၄ ကမ္ဘာ့ဖလားမှာ နော်ဝေအတွက် ပါဝင်ကစားခဲ့ဖူးတဲ့ ဖခင် အယ်ဖ်-အင်ဂျီ ဟာလန်းရဲ့နောက် ၃၂ နှစ်အကြာမှာ သားဖြစ်သူ ဟာလန်းက သူ့ရဲ့ ပထမဆုံး ကမ္ဘာ့ပွဲထွက်မှာပဲ ၂ ဂိုးသွင်းယူပြီး နိုင်ငံအသင်းအတွက် ၅၆ ဂိုးနဲ့ ၅၇ ဂိုးမြောက် သွင်းဂိုးများကို ရယူနိုင်ခဲ့ပါတယ်။
ဘော်စတွန်ကွင်းအတွင်းမှာတော့ Viking စစ်သည်တော်ပုံစံ ဝတ်ဆင်ထားတဲ့ နော်ဝေးပရိသတ်တွေက ရိုးရာ Viking လှေလှော်သံများ သီဆိုကာ အားပေးခဲ့ကြပြီး ကွင်းတစ်ခုလုံးကို နော်ဝေရဲ့ ဗိုက်ကင်းစွမ်းအင်တွေနဲ့ ပြည့်နှက်စေခဲ့ပါတယ်။
ဟာလန်းရဲ့ နှစ်ဂိုးနဲ့အတူ နော်ဝေအသင်းဟာ ကမ္ဘာ့ဖလားခရီးစဉ်ကို အကောင်းဆုံး စတင်နိုင်ခဲ့ပြီး အုပ်စုအဆင့် တက်ရောက်နိုင်ရေးအတွက် အရေးပါတဲ့ သုံးမှတ်ကို ရယူနိုင်ခဲ့ပါတယ်။
Source: Fox Sport




Comments