top of page

ကျောက်တော်လေကြောင်းတိုက်ခိုက်မှု အရပ်သား ၈ ဦးထက်မနည်းသေဆုံး

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 19
  • 1 min read

VOC/ June 18, 2026


အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်၊ ကျောက်တော်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာမှာ ကလေးနဲ့အမျိုးသမီးအပါအဝင် အရပ်သားပြည်သူ ရှစ်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျောက်တော်မြို့က ပိုက်သည်ရပ်ကွက်၊ လမ်းမတော်ရပ်ကွက်အပါအဝင် မြို့ပေါ်နေရာတချို့ကို အကြမ်းဖက် စစ်တပ် က မနေ့ ဇွန်လ ၁၇ ရက် ညနေ ၃ နာရီကျော်ကျော်လောက်မှာ အကြိမ်ကြိမ်ဗုံးကြဲချခဲ့တယ်လို့ ရခိုင်အခြေစိုက် သတင်း ဌာနတွေတွေကဖော်ပြကြပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ ၇၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၈ ဦးသေဆုံးကာ၊ ၁၈ ဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေဲမှာ အသက် ၉ လအရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ပြီး ပြင်းထန်ဒဏ်ရာရရှိထားသူ ၄ ဦးထက်မနည်း ရှိတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် လူနေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့သလို လမ်းမတော်ဆေးခန်းနှင့် လမ်းမတော် ယာယီဈေး တစ်ခုလုံးမီး လောင် ပျက်စီးသွားခဲ့တယ်လို့ ရခိုင်အခြေစိုက် One Nation News ကဆိုပါတယ်။

ရက္ခိုင်စစ်မျက်နှာမှာ စစ်ရှုံးနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူတွေနေထိုင်တဲ့ လူနေရပ်ကွက်၊ စျေး၊ ဆေးရုံနဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေမကြာခဏပြုလုပ်လေ့ရှိပါတယ်။



 
 
 

Comments


bottom of page