လက်ဘနွန်တွင် အရပ်သားသေဆုံးမှုများအပေါ် အစ္စရေးကို ထရမ့် ဝေဖန်၊ “အမေရိကန်သာ မကူညီရင် အစ္စရေးဆိုတာရှိတော့မှာမဟုတ်ဘူး” ဟုဆို
- thevoiceofchinland
- Jun 19
- 1 min read
VOC/ 17 June 2026
အမေရိကန် သမ္မတထရမ့်က လက်ဘနွန်နိုင်ငံရှိ ဟက်ဇ်ဘိုလာစစ်သွေးကြွများကို ပစ်မှတ်ထားတိုက်ခိုက်ရာတွင် အစ္စရေး၏ စစ်ရေးနည်းလမ်းများကြောင့် အရပ်သားသေဆုံးမှုများပြားနေတယ် ဟု ဝေဖန်ပြောကြားလိုက်ပါတယ်။
ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ G7 ထိပ်သီးအစည်းအဝေးအတွင်း ထရမ့်က “လူတစ်ယောက်ကို ရှာဖို့အတွက် တိုက်ခန်းတစ်လုံးလုံးကို ဗုံးကြဲဖျက်ဆီးဖို့ မလိုအပ်ဘူး” လို့ ပြောဆိုခဲ့ပါတယ်။
ထရမ့်က အစ္စရေးနဲ့ ဟက်ဇ်ဘိုလာတို့ကြား တိုက်ခိုက်မှုတွေ အချိန်ကြာမြင့်လွန်းနေပြီဖြစ်ပြီး လူသေဆုံးမှု အလွန်များပြားနေကြောင်းလည်း ဆိုပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ ဆက်ဆံရေးကောင်းမွန်ဆဲဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့် လက်ဘနွန်အရေးမှာ ပိုမိုတာဝန်ယူဆောင်ရွက်သင့်ကြောင်း သတိပေးခဲ့ပါတယ်။
“အမေရိကန်သာ မရှိရင် အစ္စရေးလည်း ရှိမှာမဟုတ်ဘူး။ ကျွန်တော် မရှိရင်လည်း အစ္စရေး မရှိနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်လုပ်ခဲ့သလို လုပ်ပေးဖို့ အခြားသမ္မတတစ်ယောက်မှ မရှိခဲ့ဘူး” ဟု ထရမ့်က ပြောဆိုခဲ့ပါတယ်။
အစ္စရေးဘက်ကတော့ ဟက်ဇ်ဘိုလာနှင့် ဟားမတ်စ်အဖွဲ့များသည် အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးပြုလေ့ရှိကြောင်း ပြောဆိုထားပြီး အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်း မရှိကြောင်း ငြင်းဆိုထားပါတယ်။
Source: X, Aljazeera




Comments