top of page

စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တွေ့ဆုံ

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 16
  • 1 min read

VOC/ June 16, 2026


အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ ဒီကနေ့ ဇွန်လ ၁၆ ရက် မနက်ပိုင်းမှာ ပေကျင်းမြို့က (Great Hall of the People) ခန်းမမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီး မိမိကိုယ်ကို သမ္မတအဖြစ်ခန့်အပ်ခဲ့တဲ့ မင်းအောင်လှိုင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြား ချက်အရ တရုတ်နိုင်ငံကို ဇွန်လ ၁၅ ရက်နေ့ကရောက်ရှိခဲ့တာဖြစ်ပြီး ၁၉ ရက်နေ့အထိကြာမြင့်မယ်လို့ သိရပါတယ်။

ဒါဟာ အိန္ဒိယနိုင်ငံကို ဇွန်လဆန်းပိုင်းကသွားရောက်ပြီး ရက်ပိုင်းအကြာမှာ တရုတ်နိုင်ငံကို ဒုတိယမြောက်ပြည်ပခရီးစဉ် အဖြစ် ရောက်ရှိနေတာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ နာလည်မှုစာချွန်လွှာ ၁၈ ခုကိုလည်း လက်မှတ်ရေး ထိုးခဲ့ကြတယ်လို့ တရုတ်အစိုးရပိုင် CCTV ကဖော်ပြပါတယ်။

နားလည်မှုစာချွန်လွှာထဲမှာ မဲခေါင်မြစ်ဝှမ်းဒေသခွဲအတွင်း ဖြတ်ကျော်သယ်ယူပို့ဆောင်ရေး၊ လွတ်လပ်သော ကုန်သွယ်မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီပံ့ပိုးမှု၊ ကျန်းမာရေးနှင့် မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်ရေး၊ အောင်ဆန်းအားကစား ကွင်းသစ် ပြန်လည်တည်ဆောက်ခြင်း အကူအညီပေးရေးဆိုင်ရာတို့ ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာ့တိုင်းရင်းဆေးဘက်ဝင်အပင်များနှင့် ငှက်ပျောသီးအစိမ်းများကို တရုတ်နိုင်ငံသို့ တင်ပို့ရာမှာ လိုက်နာရမယ့် သန့်ရှင်းရေးနှင့် ပိုးမွှားကင်းစင်ရေးဆိုင်ရာ သတ်မှတ်ချက်များ၊ ရေထွက်ကုန်ပစ္စည်းများအတွက် စစ်ဆေးရေးနှင့် ကန့်သတ်ခြင်းဆိုင်ရာ သတ်မှတ်ချက်တွေလည်းပါဝင်တယ်လို့ သိရပါတယ်။



 
 
 

Comments


bottom of page