ရန်ကုန်မြို့က နှင်းဆီလှုပ်ရှားမှုပုံရိပ်တချို့
- thevoiceofchinland
- Jun 16
- 1 min read
VOC/ June 16, 2026
ရန်ကုန်မြို့မှာ အကြမ်းဖက်စစ်အုပ်စု စောင့်ကြည့်နေတဲ့ကြားက နှင်းဆီလှုပ်ရှားမှုတွေကို အထင်ကရ နေရာတွေမှာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
နှင်းဆီလှုပ်ရှားမှုကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့ ဇွန်လ ၁၉ မှာ ပြုလုပ်ကြ မှာဖြစ်ပြီး အဲဒီနေ့မှာ နှင်းဆီပန် ဒါမှမဟုတ် ရရှိနိုင်တဲ့ အခြားပန်းတစ်မျိုးမျိုးကို ဘုရားတင်တာ၊ ပန်ဆင်တာ၊၊ အပြန်အလှန် ဝေငှတာတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။
အွန်လိုင်းကမ်ပိန်းအဖြစ်နဲ့လည်း မိမိတို့ ပန်ဆင်တာ ၊ ကိုင်ဆောင်တာ ပြုလုပ်ထားတဲ့ ပန်နဲ့ဓာတ်ပုံတွေကို Social Media ပေါ်မှာ တင်ပြီး အွန်လိုင်းမှ ပါဝင်ရမှာဖြစ်ပါတယ်။ မြေပြင်လှုပ်ရှား မှု အနေနဲ့ကတော့ မြေပြင်သပိတ် လှုပ်ရှားမှုတွေမှာ နှင်းဆီပန်းတွေ ကိုင်ဆောင်ပြီးတော့ ပါဝင်ပေးဖို့ ဖြစ်ပါတယ်။
နှင်းဆီလှုပ်ရှားမှု ရဲ့ ဆောင်ပုဒ်ကို “အမေစုနှင့်အတူ ဆက်လက်တိုက်ပွဲဝင်ကြ” လို့ ပေးထားပြီး Proof of Life ကမ်ပိန်းနဲ့လည်း ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။









Comments