top of page

နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်တပ်ကြောင့် လူပေါင်း ၈၀၉၃ ဦး သေဆုံး

  • Writer: thevoiceofchinland
    thevoiceofchinland
  • 3 days ago
  • 1 min read

VOC/ June 16, 2026


အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် ယနေ့ချိန်ထိ အရပ်သားပြည်သူသတ်ဖြတ်မှုတွေ ဆက်လက် ကျူး လွန်နေပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်အထိ လူပေါင်း ၈၀၉၃ ဦး သေဆုံးခဲ့ရပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၈၀၉၃ ဦးကို အမည်နဲ့တကွအတည်ပြုထားနိုင်ပြီး အတည်ပြုဖို့လိုအပ်နေဆဲ သေဆုံးသူ ၅၀၀၀ ခန့်ရှိတယ်လို့ AAPP က ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသမီး ၂၁၉၄ ဦး နဲ့ ကလေး ၁၀၇၇ ပါဝင်တယ်လို့လည်း AAPP ကဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်အထိ ဖမ်းဆီး ချုပ်နှောင် ခြင်းခံထားရသူ စုစုပေါင်း ၃၁၁၇၀ ဦးရှိပြီး အဲဒီထဲမှာ ၂၂၁၉၀ ဦးမှာ ထိန်းသိမ်း ခံနေရဆဲဖြစ်ဖြစ်တယ်လို့ သိရပါတယ်။

ဒီကိန်းဂဏန်းအရေအတွက်တွေဟာ AAPP က ကောက်ယူရရှိထားတဲ့ အရေအတွက် ဖြစ်ပြီး မြေပြင်မှာ ဖြစ်ပွားနေတဲ့ အချက်အလက်နဲ ကိန်းဂဏန်းအရေအတွက်တွေက ယခုထက် ပိုမိုများပြားနိုင်တယ်လို့ ဆိုပါတယ်။



 
 
 

Comments


bottom of page