top of page

သိုင်းငင်းမှာအထိုင်ချတဲ့ အကြမ်းဖက်စစ်သား ၄ ဦး CDF CDM Siyin ထံအလင်းဝင်

  • Writer: thevoiceofchinland
    thevoiceofchinland
  • Jun 19
  • 1 min read

VOC/ June 17, 2026


ချင်းပြည် တီးတိန်မြို့နယ် စီးယင်းဒေသ သိုင်းငင်းကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ တပ်မ ၇၇ လက်အောက်ခံ တပ်ကြပ်ကြီး နဲ့ ဒုတပ်ကြပ်ကြီးအပါအဝင် အကြမ်းဖက်စစ်သား ၄ ဦးဟာ ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့မှာ CDF-CDM Siyin တပ်ဖွဲ့ထံ အလင်းဝင်လာတယ်လို့ သိရပါတယ်။

CDF CDM Siyin ထိန်းချုပ်နယ်မြေ၊ ကလေး- တီးတိန်-ဟားခါး လမ်းခွဲ သိုင်းငင်းရွာမှာ အထိုင်ချထားသော တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၁၀၁ မှ တပ်ကြပ်ကြီး နှင့် ဒုတပ်ကြပ်ကြီး အပါအဝင် အကြမ်းဖက်စစ်သား ၄ ဦးဟာ CDF CDM Siyin ထံသို့လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ကို ကျောခိုင်းပြီး အလင်းဝင်လာသူတွေကို နွေးထွေးစွာကြိုဆိုပြီး ဆုငွေတွေလည်းချီးမြှင့်ခဲ့တယ်လို့ CDF-CDM Siyin ကထုတ်ပြန်ပါ တယ်။



 
 
 

Comments


bottom of page