မကွေး၊ ဆိပ်ဖြူ Operation Su စစ်ဆင်ရေးမှာ စစ်တပ်ဘက်က ဗိုလ်ကြီးအပါ ၁၀ ဦးသေဆုံး
- thevoiceofchinland
- Jun 19
- 1 min read
VOC/ June 18, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်တပ် နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ဗိုလ်ကြီး (၁)ဦးအပါအဝင် (၁၀)ဦး သေဆုံးခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် (၁၇) တပ်ရင်းက ဇွန်လ (၁၇) ရက်နေ့ကထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် (၃၀၃၆) လေကြောင်းရန်ကာကွယ်တပ်က ဗိုလ်ကြီး ဖြိုးသူရအောင် ဦးဆောင်တဲ့ (၁၅) ဦးပါ စစ်အုပ်စုယာဉ်တန်းကို ဇွန်လ (၁၆) ရက်နေ့က ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ တာဖြစ်ပါတယ်။
ထိတွေ့တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ဗိုလ်ကြီးဖြိုးသူရအောင်နဲ့ ဗိုလ်တစ်ဦးအပါအဝင် (၁၀)ဦး သေဆုံးခဲ့ပြီး သေနတ် (၇) လက်၊ လက်ပစ်ဗုံး၊ ကျည်ဆံ၊ ငွေသားတချို့နဲ့ ဆက်ဆက်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါ တယ်။
ဒီစစ်ဆင်ရေးကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် Operation Su အမည်ဖြင့် ဖော်ဆောင်ခဲ့ ကြတာဖြစ်ပြီး ပခုက္ကူခရိုင် အမှတ် (၁၇) တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် (၇) တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် (၆) တပ်ရင်း၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MGY-PDF)၊ ဆိပ်ဖြူမြောက်ပိုင်းကာကွယ်ရေးတပ်ဖွဲ့ (NSP)၊ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း တပ်ခွဲ (၃) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့သိရပါတယ်။
ယခု ဇွန်လဆန်းပိုင်းကလည်း Operation Su စစ်ဆင်ရေးအဖြစ် ပေါက်မြို့နယ် ကုက္ကိုလ်စုရွာမှ ပျူစောထီးတပ်ဖွဲ့ အထိုင်စခန်းနဲ့ ရေပြာရွာရဲစခန်းတို့ကို မကွေးတိုင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ ကြပါတယ်။




Comments